Myanmar Platform

ရန်ကုန်မြို့အတွင်းမှာ ရှိနေမယ့် မဏ္ဍပ်တွေ

Thu Thu 2019-04-11 146

မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ သင်္ကြန်ပွဲတော်ဟာ နှစ်သစ်ကူးပွဲတော် ဖြစ်သလို အစည်းကားဆုံးနဲ့ လူကြိုက်အများဆုံး ပွဲတော်တစ်ခု ဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်မှာ မိမိနေရပ်ကို ပြန်ကြတဲ့သူတွေရှိသလို တရားစခန်းဝင်တဲ့သူတွေ၊ အိမ်တွင်းပုန်းမယ့်သူတွေ၊ ကားလည်မယ့်သူတွေနဲ့ မဏ္ဍပ်ထိုင်မယ့်သူတွေ အမျိုးမျိုးကိုယ့်အစီစဉ်နဲ့ကိုယ် ရှိကြပါတယ်။ မဏ္ဍပ်ထိုင်မယ့်သူတွေအတွက် ရန်ကုန်မြို့အတွင်းမှာ ရှိနေမယ့် မဏ္ဍပ်တွေအကြောင်းကို MyanmaPlattform Media က ဖော်ပြပေးလိုက်ပါတယ်။

                                                              1554973405104.jpg

Black Jack Underwater Kingdoms

Black Jack မှာတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူ Frenzo member တွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Black Jack ဟာဆိုရင် သင်္ကြန်ပွဲတော်မှာ ပါဝင်လာခဲ့တာ ယခုနှစ်နဲ့ဆိုရင် ၁၂ နှစ်မြောက် ရှိနေပြီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပြည်လမ်း (အင်းယားကန်ဘောင် အရှေ့) မျက်နှာပွင့် အကျယ် ပေ၂၀၀၊ စုစုပေါင်း ခြံအကျယ် ၂ဧက ကျော် ကျယ်ဝန်းတဲ့ ခြံအမှတ် (၂) ၊(Lotteria နံဘေး)မှာ ရန်ကုန်မြို့ရဲ့ ကြီးမားဆုံး ရေကစားမဏ္ဍပ်ကြီးနဲ့အတူ ခြံဝင်းအတွင်း "Underwater Kingdoms Music Festival" ကြီး တစ်ခုပါ ပူးတွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Underwater Kingdoms မှာတော့ Fishermen Kingdom ၊ Throne Of Tridet ၊ The Missing Kingdom စသဖြင့် မည်သူမဆို လွတ်လပ်စွာ သွားလာနိုင်တဲ့ stage (၃) ခု ပါဝင်မှာဖြစ်ပါတယ်။ 

Fisherman Kingdom လို့ အမည်ပေး သတ်မှတ်ထားတဲ့ ရေပက်မဏ္ဍပ်က ခြံအတွင်းထဲ EDM Rave Area မှာ ရှိတဲ့ Main Stage နဲ့ Music Genre လုံးဝ မတူပါဘူး။ အင်းယားလမ်း၊ ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းတွေမှာရတဲ့ သင်္ကြန် Mood မျိုးကို အပြည့်အဝခံစားရရှိမှာ ဖြစ်ပါတယ်။ အရင်အချိန်က မဏ္ဍပ်ထိုင်ရတဲ့ Vibe ကို EDM မဟုတ်ပဲ ယခင် နာမည်ကြီး Old School DJ များမှ "အမှတ်တရ သင်္ကြန်၊ မြေနီလမ်း၊ နားနားပြီးပြော၊ အမဲလိုက်အက" စတဲ့ အရမ်းမိုက်တဲ့ သင်္ကြန်တွင်း Remix သီချင်းတွေနဲ့ သင်္ကြန် (၄) ရက်လုံးကို Music Genre မတူ၊ Sound System မတူ၊ မဏ္ဍပ်ပေါ်မှာ သီးသန့် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ 

လက်မှတ်ဈေးနှုန်းတွေကတော့ GA All Days 65,000 ks ဖြစ်ပြီး VIP ကတော့ 100,000 ks ပဲ ဖြစ်ပါတယ်။

                                                               1554973523569.jpg

Exodus 

Exodus မဏ္ဍပ်ကတော့ ပြည်လမ်း ကန်ဘောင်ရှေ့က အကြီးဆုံးနဲ့ အကျယ်ဆုံးဖြစ်တဲ့ ခြံအမှတ် (၆၄၇ /A)မှာ ရှိနေမှာဆိုတော့ တံတားဖြူမှတ်တိုင် အင်းယားလမ်း လမ်းလျှောက် သင်္ကြန်နဲ့လည်း နီးပါတယ်။ Exodus မဏ္ဍပ် မှာ Team DJ, Team Vocal, Tean Performance တွေနဲ့ အတူ တစ်နေကုန် ရေကစားကြရမှာပါ။ Edm တင်မကဘဲ Punk, Rock, Hip Hop, Pop, R&B စတဲ့ သီချင်းဂီတ အစုံကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ တေးသံရှင်တွေအနေနဲ့  G Fatt, Snare နဲ့ Bunny Phyoe တို့က ပါဝင်မှာပါ။

ရေကစားရတာမောလို့ ဗိုက်ဆာလာပြီဆိုရင်တော့ Exodus မဏ္ဍပ်ရဲ့ အနောက်မှာ ဈေးသက်သာတဲ့ Food Court လည်း ရှိနေမှာ ဖြစ်ပါတယ်။ စားပြီးသောက်ပြီးကဲပြီးလို့ နားမယ်ဆိုရင်လည်း ဖုန်းလေးပွတ်ပြီး အေးဆေးနားလို့ရအောင် Tent  လေးတွေ ရှိတဲ့အပြင် Unlimited Free Wif ပါ ပေးထားမှာ ဖြစ်ပါတယ်။

Exodus မဏ္ဍပ်ရဲ့ လက်မှတ်ဈေးနှုန်းကတော့ GA All Days 45,000 ks ၊ VIP All Days 70,000 ks ပဲ ဖြစ်ပါတယ်။

                                                                  155497360825.jpg

Barrack 

Barrack ကလည်း ပြည်လမ်းမကြီး အပေါ်မှာ ပေ ၁၂၀ ၄၀ ရှိတဲ့ ရေကစား မဏ္ဏပ်ကြီးကို ဆောက်လုပ်မှာ ဖြစ်ပါတယ်။ ခြံအတွင်းပိုင်း Stage ရဲ့ ရှေတည့်တည့် VVIP တွေအတွက် VVIP Area ထားပေးထားပြီး Stage ဘေးဘက်မှာ VIP တွေအတွက် Stage ရဲ့ ဘေးဘက်မှာ VIP Area ကို စီစဉ်ပေးထားမှာပါ။ EDM Stage အပြင် Playground မှာ Hip Hop stage ထပ်မံပါဝင်မှာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ၅နှစ်ပြည့်အနေနဲ့ International Dj ၆ ယောက်, နာမည်ကြီး Local Dj တွေများစွာနဲ့ Hip Hop အဆိုတော် အမိုက်စားတွေ, Production ကောင်းကောင်းနဲ့ zone တွေခွဲပြီး စနစ်တကျ ကျင်းပသွားမှာဖြစ်ပါတယ်။

International Artist အနေနဲ့ Noisecontrollers, Salvatore Ganacci, Wav3motion, DJ SURA official DJ Da Candy, DJane DJoly ပါဝင်မှာဖြစ်ပြီး ပြည်းတွင်းက Hip Hop အဆိုတော် များစွာလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Barrack ရဲ့ လက်မှတ်နှုန်းထားကတော့ GA All Days ကို 53,000 ks ဖြစ်ပြီး VIP All Days ကတော့ 90,000 ks ပဲ ဖြစ်ပါတယ်။

                                   1554973675152.jpg

TGY Water Festival

TGY Water Festival သင်္ကြန် မဏ္ဍပ်ကြီးကို ပြည်လမ်းမ INTERNATIONAL BUSINESS CENTER အနားမှာ ရှိတဲ့ ရေမဝပ်တော့တဲ့ ခြံအမှတ် (၈) အင်ယားကန်ဘောင် ရှေ့မှာ International & Local Artist တွေနဲ့ ကျင်းပ သွားမှာပါ 

International က တကယ့်ကို Performance အလန်းစာတွေနဲ့ အမြဲတင်ဆက်တဲ့ International Artist တွေ အပြင် Local က တကယ့်ကို ပရိတ်သတ်အကြိုက်တွေ့စေမယ် အကောင်းဆုံး Local Power Artist အယောက်(၂၀)ကျော်နဲ့ အတူ သင်္ကြန် ၄ ရက်ကို ဖြတ်သန်းရမှာပါ။

Lit Lord ရဲ့ အကြမ်းစား Trap တွေနဲ့အတူ Local Power တွေနဲ့ ပွဲကြမ်းလာတဲ့ TGY Water Festival ရဲ့ လက်မှတ်နှုန်းထားကတော့ GA All Days ကို 45,000 ks, VIP All Days ကို 70,000 ks ပဲ ဖြစ်ပါတယ်။

                                  1554973739121.jpg

Thingyan Music Festival (TMF)

TMF)Thingyan Music Festival (TMF) ကလည်း လူငယ်တွေရဲ့ အကြိုက် မဏ္ဍပ်တခုဖြစ်ပြီး  ပြည်လမ်းက အင်းယား ကန်ဘောင်မှာ ရှိနေမှာ ဖြစ်ပါတယ်။ TMF မဏ္ဍပ်မှာတော့ ကမ္ဘာကျော် DJ တွေဖြစ်တဲ့ Steve Aoki, Crisis Era, Darren Styles, Gammers, Said The Sky, Tony Junior, Zatox တို့က လာရောက် ဖျော်ဖြေမှာဖြစ်ပြီး မြန်မာနိုင်ငံက နာမည်ကြီး DJ တွေလည်း ပါဝင်မှာ ဖြစ်ပါသည်။ 

လက်မှတ် ဈေးနှုန်းတွေကတော့ GA All Days ကို 110,000 ks ၊ VIP All Days ကို 200,000 ks ပဲ  ဖြစ်ပါတယ်။


comments

There is no comment

Publish reply