Myanmar Platform

တစ်ပတ်အတွင်း လွှတ်တော်ကောက်နုတ်ချက်

Shwe Yee 2019-03-15 57

လွှတ်တော်ဂုဏ်သိက္ခာ ထိပါးစေတဲ့ ဆွေးနွေးချက်တွေ အရေးယူဖို့ လွှတ်တော်အမတ် အကြံပြု

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း လေ့လာစိစစ် ပူးပေါင်းကော်မတီရဲ့  အစီရင်ခံစာနဲ့ ပတ်သက်ပြီး  လွှတ်တော် ကိုယ်စားလှယ်အချို့  ဆွေးနွေးမှုသည် လွှတ်တော် ဂုဏ်သိက္ခာကို ထိပါးစေခြင်း၊ လွှတ်တော်တွင်း ဆောင်ရွက်ချက်တွေကို အထင်မှား၊ အမြင်မှားဖြစ်စေခြင်းအပေါ် အရေးယူရန် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက အကြံပြုပါတယ်။

 ‘‘အဲဒီလိုမှ အရေးယူမဆောင် ရွက်ရင် တချို့ကိစ္စတွေက အပြင် မှာ သမ၀ါယမလူကြီးရွေးသလို ပြောတာ မသင့်ဘူးလေ လွှတ် တော်ကြီး။ ဟုတ်တယ်မလား။ အမှန်ကတော့၊ ကျွန်တော်တို့က တော့ ဒီလွှတ်တော်ထဲမှာ ညီညီ ညွတ်ညွတ်နဲပေါ့ဗျာ၊ ဆွေးနွေးဖို့  မေတ္တာရပ်ခံတာပါ။ ဒေါသရှေ့ ထားပြီး ကိုယ့်ဆန္ဒနဲ့မညီရင် ကိုယ့် ရန်သူဆိုတဲ့ပုံစံမျိုးမဖြစ်ဖို့ ဆွေး နွေးတာပါ’’ လို့ ဦးတင်ထွေးက ပြောပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဆိုင်ရာမူကြမ်းကို  ၄၅ ဦးပါ ဖွဲ့စည်းပုံ  အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်မှာ ထည့်သွင်းဖို့ အစီရင်ခံစာမှာ ဆိုထားခြင်းသည် နည်းဥပဒေ နဲ့ မညီတဲ့အတွက် မဲခွဲဆုံးဖြတ်အတည် ပြုရမှာ မဟုတ်ကြောင်း၊ မဲခွဲဆုံး ဖြတ်၍ များရာမဲအနိုင်ရပါက လည်း ဥပဒေနဲ့ မညီကြောင်း  ထောက်ပြဆွေးနွေးလိုတယ်လို့  တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူး ကြီးမိုးကျော်က ပြောပါတယ်။

ကျောက်မျက်ပြပွဲတွေမှာ သတ်မှတ်အခွန်ပေးဆောင်မှု နဲ့ အဂတိလိုက်စားမှု ရှိ၊ မရှိ အဖွဲ့ ဖွဲ့စည်းစစ်ဆေးမယ်

ကျောက်မျက်ပြပွဲတွေမှာ သတ်မှတ်အခွန်ပေးဆောင် မှု ရှိ၊ မရှိနဲ့ အဂတိလိုက်စားမှုရှိ၊ မရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးမယ်လို့  သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနက လွှတ်တော်သို့ ရှင်းလင်းပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတွေက ပြုလုပ်နေတဲ့ ကျောက်စိမ်းအရိုင်း ပြပွဲတွေ အခွန်ပေးဆောင်မှုအ ခြေအနေတိုင်ကြားစာနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့လေ့လာတွေ့ ရှိချက်၊ သဘောထားမှတ်ချက် အစီရင်ခံစာနဲ့ ယင်းအစီရင်ခံစာ ကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအပေါ် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက မတ်လ ၁၄ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် သို့ လာရောက်ရှင်းလင်းခြင်း ဖြစ်ပါတယ်။

ကျင်းပပြီးစီးတဲ့ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ကျောက်စိမ်းအရိုင်းရောင်းချပွဲများ ကျင်းပမှု၊ တင်ပြကျောက်အတွဲ၊ ရောင်းချရတဲ့ ကျောက်အတွဲ၊ ရောင်းရတန်ဖိုး ငွေ၊ အမှန်တကယ် ငွေပေးချေ တဲ့ကျောက်အတွဲ တန်ဖိုးငွေ စာရင်းများ၊ အခွန်ငွေပေးဆောင်မှုအခြေအနေတွေကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးရဲ့ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနအ ပါအဝင် ဆက်စပ်ဌာနများအဖွဲ့ ဖွဲ့စည်းစစ်ဆေး ဆောင်ရွက်စေမယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ကျောက်စိမ်းရောင်းချပွဲများ ဥပဒေနဲ့ အညီ ရောင်းချခြင်းရှိ၊ မရှိ အမှန်တကယ် ရောင်းရငွေကို ဖော်ပြထားမှု ရှိ၊ မရှိ၊ သတ်မှတ် အခွန်အခတွေ ပေးဆောင်မှုရှိ၊ မရှိ၊ အဂတိလိုက်စားမှုရှိ၊ မရှိ စတာတွေကို  အဖွဲ့စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်မယ်လို့ ဒုဝန်ကြီးက ဆိုပါတယ်။

မန္တလေးမြို့မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက  ကျင်းပနေတဲ့ ကျောက်စိမ်းအရောင်းပြပွဲတွေမှာ အမှန်ပေးဆောင်ရမယ့် အခွန်ငွေထက် မြောက်မြားစွာ လျှော့ပေါ့ပေးဆောင်နေတယ်လို့ ပြည်သူတွေရဲ့တိုင်ကြားစာနဲ့ စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစီရင်ခံစာကို  ပြည်ထောင်စုလွှတ်တော်က သဘောတူလက်ခံပေးဖို့ ကော်မတီဒုဥက္ကဋ္ဌ ဦးအောင်မင်းက တင်ပြရာ ကန့်ကွက်သူမရှိတဲ့အတွက် သဘောတူလက်ခံခဲ့ပါတယ်။

အသက်(၁၈)နှစ်ပြည့်မှ လက်ထပ်ထိမ်းမြားရမယ်လို့ အမျိုးသားလွှတ်တော်အတည်ပြု

 အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့လက်ထပ်ထိမ်း မြားနိုင်တဲ့အသက်ကို ‘၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်’ လို့ အမျိုးသား လွှတ်တော်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြင်ဆင်ချက် အဆိုတွေကို မတ် ၁၃ ရက်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး  အတည်ပြုခဲ့ပါတယ်။

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေကြမ်းပုဒ်မ ၂၃ မှာ ‘အမျိုးသားနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့်အ သက်သည် ၎င်းတို့၏သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်း ဥပဒေများတွင် သတ်မှတ်ထား သည့်အတိုင်း ဖြစ်စေရမည်။ သို့ ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက် ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက် ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့်အ သက်သည် (၁၈)နှစ်ပြည့်ပြီးဖြစ် ရမည်’ လို့ ပါရှိပါတယ်။

ယင်းပုဒ်မအပေါ် ဆွေးနွေး ရာ လွှတ်တော်ကိုယ်စားလှယ်အ ချို့က ‘လက်ထပ်ထိမ်းမြားနိုင် သည့် အသက်ကို (၁၈)နှစ်ပြည့်ပြီး ဖြစ်ရမည်’ လို့ အဆိုပြုပြီး အချို့ကမူ ပြည်သူ့လွှတ်တော်ရဲ့ အကြံပြုချက်အတိုင်း ထားရှိရန် အကြံပြုကာ အချို့က ထိုပုဒ်မ ၂၃ တစ်ခုလုံးကို ပယ်ဖျက်ရန် ပြင်ဆင်ချက် အဆိုတင်သွင်းပါတယ်။

ယင်းအဆိုပြုချက်တွေအပေါ် အမျိုးသားလွှတ်တော်က မဲခွဲဆုံး ဖြတ်ရာတွင် ‘လက်ထပ်ထိမ်းမြား နိုင်သည့် အသက်ကို (၁၈)နှစ် ပြည့်ပြီးဖြစ်ရမည်’ ဆိုတဲ့အဆို ပြုချက်ကို အများစုထောက်ခံတဲ့အတွက် လွှတ်တော်က အတည်ပြု ခဲ့တာ ဖြစ်ပါတယ်။

ဝေးလံသောဒေသတွေမှာ ဆရာဝန်ရှားပါးမှုဖြေရှင်းရေး ဆေးတက္ကသိုလ်ဝင်ခွင့် အချိုးကျခေါ်ယူပေးရန် လွှတ်တော်အမတ်တောင်းဆို

တိုင်းရင်းသားဒေသတွေမှာ အခက်အခဲကြုံနေရတဲ့ ဆရာဝန်ရှားပါးမှု ပြဿနာ ဖြေရှင်းရန်  တိုင်းနဲ့ ပြည်နယ် တွေရဲ့လူဦးရေအပေါ် အခြေခံပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ကို အချိုးကျခေါ်ယူပေးရန် ရေဖြူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်ဦးက လွှတ်တော်မှာ တောင်းဆိုပါတယ်။ 

‘‘တိုင်းဒေသကြီး၊ ပြည်နယ် များရဲ့ လူဦးရေအပေါ် အခြေခံ ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ရသူ များ အရေအတွက်ကို နှိုင်းယှဉ် ကြည့်လျှင် မျှတမှုမရှိသည်ကို တွေ့ရပါတယ်။ တစ်ဖက်တွင် လည်း ကျောင်းသား၊ ကျောင်းသူ များ အရည်အချင်းအပေါ် အခြေ ခံပြီး တက္ကသိုလ်ဝင်ခွင့်ကို စဉ်း စားသည်ဆိုသော်လည်း ရန်ကုန် မြို့ကြီးတွင် ပညာသင်ကြားခွင့် ရသော အခြေအနေနှင့် ပြည်နယ် များတွင် ပညာသင်ကြားခွင့်ရ သော အခြေအနေမှာ များစွာကွာ ခြားပါတယ်’’ လို့ ဦးသက်နိုင်ဦးက ပြောပါတယ်။

တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ်တွေမှာ ၀င်ခွင့်ကို အချိုးကျခေါ်ယူပေးရန် ရှိ၊ မရှိ မတ်လ ၁၁ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဦးသက်နိုင်ဦးက လစ်လပ် ဆရာဝန်တွေ ခန့်ထားပေးရေး ကိစ္စ၊ ခန့်ထားပေးတဲ့ ဆရာဝန်တွေ မလာရောက်တဲ့ ကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ တိုင်းရင်းသားဒေ သတွေမှာ ဆရာဝန်အင်အား နည်းပါးပြီး နိုင်ငံတော်အစိုးရက ခန့်ထားပေးပေမယ့် အချို့ ဆရာဝန်တွေ တာဝန်ထမ်းဆောင်ထားတာ  မရှိဘူးလို့ ဆွေးနွေးခဲ့ပါတယ်။ 

သွားလာရေးနဲ့ လူမှုရေး ခက်ခဲတဲ့ ဒေသတွေနဲ့ နာဂ၊ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ‘၀’ စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူတွေကို သတ်မှတ်အရည်အချင်း နဲ့ ကိုက်ညီသူတဲ့သူတွေကို မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက် လျှော့ပေါ့ပြီး ဆေးတက္ကသိုလ်ကို ၀င်ခွင့်ပြုထားတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းက ပြောပါတယ်။


comments

There is no comment

Publish reply