Myanmar Platform

တရုတ်နိုင်ငံက စမတ်ဖုန်းအသုံးပြုသူတွေရဲ့ အံ့သြစရာအမူအရာ ၅ ချက်

Pay Too 2018-04-23 1132

        နည်းပညာပိုင်းတိုးတက်မှုကို ပြောကြမယ်ဟေ့ဆိုရင် အနောက်နိုင်ငံတွေနည်းတူ အာရှမှာ တိုးတက်နေတာက ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားတို့ပဲဖြစ်ပါတယ်။ အာရှမှာ သုံးနိုင်ငံပဲရှိတယ်ဆိုပေမယ့် လူပြောအများဆုံးနဲ့ ဈေးကွက်လွှမ်းမိုးမှုအများဆုံးက တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီတွေပဲဖြစ်ပါတယ်။

          နေထိုင်သူဦးရေများပြားသလို ဖုန်းအတု (Fake Smartphone) တွေလည်း ပေါများလှတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ (အခြားနိုင်ငံတွေကိုသာ Fake Smartphone တင်ပို့နေတယ်လို့ ထင်နေတဲ့သူတွေ ရှိကြမှာပါ။ တကယ်တော့ တရုတ်နိုင်ငံသားတွေကိုယ်တိုင်လည်း ဂျင်းထည့်ခံနေရတာဖြစ်ပါတယ်….ဟီး…. စကားချပ်။) စမတ်ဖုန်းနယ်ပယ်ထဲမှာ တီထွင်ထားခဲ့သမျှတွေရဲ့ နည်းလမ်းတွေကို ပြန်လည်အသုံးပြု နေသူတွေ လည်းရှိနေပြီး ထူးခြားတဲ့ စွမ်းရည်တွေကို အသုံးပြုနေသူတွေလည်းရှိနေပါတယ်။

          ရန်ကုန်ကနေ ၁,၁၂၆ ကီလိုမီတာဝေးတဲ့ ကူမင်းမြို့ကို ဝင်ရောက်လိုက်တာနဲ့ ဖုန်းကို လက်ကမချတဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေကို မြင်တွေ့ရမှာပါ။ တက္ကစီငှါးချင်တာပဲဖြစ်ဖြစ်၊ မုန့်စားချင်တာပဲဖြစ်ဖြစ်၊ လေယာဉ်လက်မှတ်ဖြတ်ချင်တာပဲဖြစ်၊ ဟိုတယ်ဘွတ်ကင်လုပ်ချင်တာပဲဖြစ်ဖြစ် စုံလို့ပါပဲ။ ဖုန်းကနေ အလုပ်လုပ်နေကြတာကို တွေ့ရမှာပါ။

          ဒါဟာ ခေတ်ရေစီးကြောင်းထဲက ယဉ်ကျေးမှုတစ်ခုဖြစ်လာနေပြီပဲဖြစ်ပါတယ်။ အခုစာဖတ်သူ မိတ်ဆွေရော သင့်ဖုန်းကို အသုံးပြုပြီး ငွေပေးချေဖူးသလား။ QR Code ဆိုတာကိုရော အသုံးပြုဖူးပြီလား။ ရင်နှီးကျွမ်းဝင်မှုရောရှိနေပြီလား။

          တရုတ်နိုင်ငံမှာတော့ အကျွမ်းတဝင်ဖြစ်နေကြပါပြီ။ ဈေးပေါတဲ့ဖုန်းထုတ်လုပ်တဲ့နိုင်ငံက ဒီလောက် လုပ်ဆောင်နိုင်ပါမလားလို့ တရုတ်နိုင်ငံကို လှောင်ပြောင်မိကြလိမ့်မယ်။ ဘယ်ကုန်ပစ္စည်းပဲ ထုတ်ထုတ်၊ ခေတ်ရှေ့ပြေးနေတဲ့ နိုင်ငံတစ်ခုကိုတော့ အားကျအတုယူသင့်တယ် မဟုတ်လား။

1524477965665.jpg

QR code အသုံးပြုမှုတွင်ကျယ်ခြင်း

152447792351.jpg

        တရုတ်နိုင်ငံကို ဝင်လိုက်တာနဲ့ ဘယ်နေရာကိုကြည့်ကြည့် QR Code တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ယုတ်စွအဆုံး Business Card တွေမှာတောင် QR Code တွေကို ထည့်သွင်းထားပြီး စီးပွားရေးကဏ္ဍရပ်မှာ လည်း နေရာယူထားတာကို တွေ့ရမှာပါ။ တစ်စုံတစ်ခု ဝယ်ယူချင်တယ်။ အခြားတစ်ယောက်ကို ငွေပို့ပေးချင်တယ်ဆိုရင် QR Code ကို အသုံးပြီး လုပ်ဆောင်နိုင်ပါတယ်။ ဒါအပြင် တရုတ်နိုင်ငံမှာ Play Store ကို အသုံးပြုခွင့်မရတာကြောင့် App တစ်ခုခုကို Download လုပ်ချင်ရင် QR Code ကိုပဲ အသုံးပြုပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဘဏ်တွေဟာ ငွေကြေးဆက်ဆံမှုတစ်ခုတည်းမဟုတ်တော့

1524478000141.jpg

        အမေရိကန်မှာလိုနိုင်ငံမှာတော့ ဒစ်ဂျစ်တယ်ငွေပေးချေစနစ်တွေဖြစ်တဲ့ PayPal, Google Wallet, Amazon Payments စသဖြင့်ရှိပါတယ်။ သူတို့တွေရဲ့ အင်တာနက်အသုံးက အထွေထွေသုံးနေတာမဟုတ်ဘဲ အရေးကြီးတဲ့အခါလောက်ပဲသုံးကြတာများပါတယ်။ ဝန်ဆောင်မှုကမ်းလှမ်းချက်တွေမှာ ကန့်သတ်ချက်တွေပါပါတယ်။

          ဘယ်လိုပဲဖြစ်ဖြစ် တရုတ်မှာတော့ ဒါဟာပြဿနာတစ်ရပ်မဟုတ်ပါဘူး။ AliPlay, WeChatPay နဲ့ အခြားသော ကုမ္ပဏီတွေလည်း တရုတ်နိုင်ငံသားတွေရဲ့ နေ့စဉ်လူနေမှုဘဝထဲက ငွေပေးချေမှုကဏ္ဍရပ်ကို အားစိုက်လုပ်ကိုင်လာကြပါတယ်။

          အခုလို App တွေ အားကောင်းလာမှုကြောင့်ပဲ ဘဏ်တွေကိုအသုံးပြုမှု နည်းပါးလာပြီး မရှိသလောက်ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဝန်ဆောင်မှုဟာ အဆင်ပြေလွယ်ကူစေပြီး ငွေပေးချေရတာ ငွေလွှဲရတာတွေကို မြန်ဆန်စေလို့ပဲဖြစ်ပါတယ်။

Card Payment ဟာ ထုံးစံတစ်ခုမဟုတ်သေး

1524478014538.jpg

          တရုတ်နိုင်ငံမှာ စားသောက်ဆိုင်တွေအများကြီးကိုသွားပြီး စားသောက်ပြီးလို့ ကိုယ့်ဘဏ်ကတ်နဲ့ ငွေပေးချေတော့မယ်ဆိုရင် အငယ်တန်းဝန်ထမ်းလေးတွေက ပလတ်စတစ်အပိုင်းအစလေးတစ်ခုနဲ့ ဘာလုပ် တာလဲဆိုတာကို သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ဖုန်းကို ထုတ်ပြီး QR Code နဲ့ Scan ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်။ ဒါဟာ အလွယ်ကူဆုံးအလုပ်တစ်ဖြစ်ပါတယ်။ ပိုပြီး ဟာသဆန်ချင်ရင် ပိုက်ဆံထုတ်ပြီး ငွေရှင်းလိုက်ပါ။

          စမတ်ဖုန်းလေးတစ်လုံးရှိနေရုံနဲ့ လမ်းဖြတ်သန်းခပေးခြင်း၊ ကားလက်မှတ်ဝယ်ယူခြင်း၊ ရေဝယ်ယူခြင်း စတာတွေကို လုပ်ကိုင်နိုင်ပြီး နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေထဲက အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။ ပိုပြီးအဆင့်မြင့် တာတွေ့ချင်ရင် Alibaba’s supermarket chain Hema မှာ မျက်နှအြတည်ပြုမှုနဲ့ ငွေပေးချေနိုင်ပါတယ်။

WhatsApp နဲ့ Facebook မသုံးတဲ့နိုင်ငံ

1524478033280.jpg

        တရုတ်နိုင်ငံကတော့ ရှင်းလွန်းလှပါတယ်။ အနောက်နိုင်ငံကထုတ်လုပ်ထားတဲ့ WhatsApp နဲ့ Facebook ကို အသုံးပြုခွင့်မပေးထားသလို သုံးတယ်ဆိုတဲ့ ပြည်သူကနည်း နည်းပါးပါတယ်။ အဲဒီအစား Tencent ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ QQ ဆိုတာ ရှိပါတယ်။ ခရီးသွားလာရေးအတွက် Uber မရှိပါဘူး။ Didi ဆိုတဲ့ ကားဝန်ဆောင်မှုရှိပါတယ်။

          Internet Search Engine အတွက် Google ကို အသုံးမပြုဘဲ Baidu ကိုအသုံးပြုကြပါတယ်။ Tinder အစား Tan Tan ဆိုတာကို အသုံးပြုပြီး Twitter အစား Weibo ကိုအသုံးပြုကြပါတယ်။ WhatsApp နဲ့ Facebook အစား Wechat ရှိနေပြီး Facebook ကထုတ်လုပ်ထားတဲ့ Product အကုန် Wechat မှာရှိနေပါတယ်။ Payment အနေနဲ့လည်း Wechat Payment ဆိုတာရှိပြန်ပါသေးတယ်။ ထူးခြားချက်တစ်ခုရှိတာက Facebook နဲ့ Wechat ယှဉ်လိုက်တဲ့အခါ Wechat က အသုံးပြုသူတစ်ဦးချင်းစီရဲ့ Privacy ကို အထူးထိန်းချုပ်ပေးထားတာကို တွေ့ရမှာပါ။

Xiaomi က အကြီးဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံစမတ်ဖုန်းဈေးကွက်

1524478268254.jpg

        Apple က ထုတ်ကုန်အသစ်ကြော်ငြာတာနဲ့ ဟောင်ကောင်နဲ့ ရှန်ဟိုင်းမှာရှိတဲ့ Apple Store တွေမှာ သည်းသည်းလှုပ်နေလို့ Apple က ဈေးကွက်အင်အားကြီးတယ်လို့ မထင်လိုက်ပါနဲ့။ တကယ်တမ်း ဈေးကွက်အင်အားကြီးတာက Xiaomi ကုမ္ပဏီပဲဖြစ်ပါတယ်။

          မြန်မာနိုင်ငံမှာတော့ Xiaomi ဆိုတာနဲ့ စမတ်ဖုန်းတစ်ခုတည်းပြေးမြင်ကြမှာဖြစ်ပါတယ်။ တကယ်တော့ Xiaomi က သွားတိုက်တံ၊ လေ / ရေ သန့်စင်စက်၊ Sneakers, safety sensor, smart lamps, backpacks, light fixtures, electric bikes နဲ့ various security cameras တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

          အမေရိကန်မှာကြားဖူးနေမယ့် Samsung, Sony နဲ့ LG ဆိုတဲ့ နာမည်ကြီးတွေတော့ တရုတ်မှာမရှိပါဘူး။ နာမည်အကြီးဆုံးဖြစ်တဲ့ Apple နဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ Xiaomi ဖုန်းတွေအပါအဝင် Huawei, Oppo နဲ့ Vivo တို့လို စမတ်ဖုန်းတွေကတော့ များပြားလွန်းပါတယ်။

          သင်ရော သင့်စမတ်ဖုန်းလေးနဲ့ ငွေပေးချေတာတွေ၊ ပစ္စည်းဝယ်တာတွေကို မလုပ်ချင်ဘူးလား။ လုပ်ချင်ကြမှာပါပဲ။ မြန်မာနိုင်ငံမှာ အခုဆိုရင် Wave Money, MyanPay, True Money နဲ့ OK $ တို့လို ဒစ်ဂျစ်တယ်ငွေပေးချေစနစ်တွေ လုပ်ဆောင်နေပေမယ့် တရုတ်နိုင်ငံလို အရာရာလွယ်ကူစေဖို့အတွက်တော့ အချိန်စောင့်ရဦးမှာဖြစ်သလို ပြည်သူတွေကိုယ်တိုင်လည်း အသားကျပြီး အကျွမ်းတဝင်ဖြစ်လာဖို့ လိုအပ်ပါတယ်။

Ref ; androidpit


comments

There is no comment

Publish reply