Myanmar Platform

  1. NO DATA
ဆောင်းရာသီမှာအနွေးထည်နဲ့ရှိုးထုတ်ချင်သူတွေအတုယူသင့်တဲ့ဆယ်လီတို့ရဲ့ ဖက်ရှင်များ[detail]
မစ္ဆရိယစိတ် (၅)မျိုးရှိတယ်ဆိုတာ သင်သိပါသလား[detail]
ရုရှား၊ ပြင်သစ်၊ ဂျာမန်ခေါင်းဆောင်တို့ တက်ရောက်မယ့် ဆီးရီးယားအရေးဆွေးနွေးပွဲ တူရကီအစိုးရ လက်ခံကျင်းပပေးဖို့ရှိ[detail]
မြန်မာနိုင်ငံတွင် အသည်းကင်ဆာရောဂါကြောင့် လူသေဆုံးမှုက အဆင့်သုံးနေရာရှိ[detail]
တရုတ်နဲ့ အာဆီယံနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲလေ့ကျင့်မှုပထမဆုံးအကြိမ် တောင်တရုတ်ပင် လယ်ပြင်မှာပြုလုပ်သွားဖို့ရှိ[detail]

နတ်မှော်ဆင်စခန်းမှာ အခမဲ့ဝင်ရောက်လေ့လာနိုင်တဲ့ဆင်ပြတိုက်တစ်ခုဖွင့်လှစ်ထား

စိမ်းညို့ 2017-12-26 3243 010

ပြည်၊ ဒီဇင်ဘာ


ပြည်မြို့မှာရှိတဲ့ နတ်မှော်ကျေးရွာက နတ်မှော်ဆင်စခန်းမှာ လာရောက်လည်ပတ်တဲ့ ဧည့်သည်တွေ လေ့ လာနိုင်ဖို့အတွက် ဆင်ပြတိုက်တစ်ခုကို ယခုလအတွင်းဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

“ဆင်ပြခန်းကတော့ ဒီဇင်ဘာလထဲမှာပဲ ဖွင့်လှစ်လိုက်တာပါ။ ဆင်နဲ့ပတ်သက်ပြီး စုစုစည်းစည်း ပြသထား တာက အခုပထမဆုံးလုပ်ဖြစ်သွားတာ။ ဆင်စခန်းတွေကိုတော့ ဖွင့်လှစ်ဖြစ်ကြတယ်။ ဆင်နဲ့လူနဲ့ ယဉ်ပါးမှုရှိ တာကို လေ့လာနိုင်အောင် ဖွင့်လှစ်ဖြစ်တယ်။ ဆင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ သိစေချင် တယ်။ သစ်ထုတ်လုပ်ရေးမှာ ဆင်တွေနဲ့ ဘယ်လို အသုံးပြုတယ်ဆိုတာ ထဲထဲဝင်ဝင် သိစေချင်လို့ပါ” လို့ နတ်မှော် ဆင်စခန်းတာဝန်ခံ ဒေါ်ရည်မွန်ထူးက မြန်မာ့ပလက်ဖောင်းမီဒီယာကို ပြောပါတယ်။

အဲဒီဆင်စခန်းမှာတော့ အသက်ကြီးပြီးသေဆုံးသွားတဲ့ ဆင် ဒေါင်းန ရဲ့ အရိုးစုကိုပြသထားတယ်။ နောက်ပြီး တော တွင်းမှာ ဆင်ဝန်ထမ်းတွေနေထိုင်တဲ့ေ နအိမ်ပုံစုံငယ်တွေ၊ သစ်ဆွဲရာမှာ အသုံးပြုတဲ့ ကိရိယာလေးတွေ၊ ဆင်အ သုံးဆောင်ပစ္စည်းတွေ ပြသထားပါတယ်လို့ သိရပါတယ်။ ဆင်ပြတိုက်ကို လေ့လာကြည့်ရှုလို သူတွေအတွက် ဝင်ကြေးပေးစရာမလိုပါဘူး။

နတ်မှော်ဆင်စခန်းကတော့ ရန်ကုန်-ပြည်ကားလေးဘေးမှာတည်ရှိပြီး ပြည်မြို့နဲ့ လေးမိုင်ခန့်ပဲ ကွာဝေးပါတယ်။ ဧရာဝတီမြစ်ကမ်းနံဘေးမှာတည်ရှိတဲ့အတွက် မြစ်ကမ်းဘေးတစ်လျှောက် ဆင်စီးရတဲ့ ရသကိုခံစားနိုင် မှာပဲဖြစ်ပါတယ်။  ဆင်စခန်းဝင်ကြေးကိုတော့ ပြည်တွင်း အနေနဲ့ တစ်ဦးကို ငါးရာကျပ်၊ နိုင်ငံခြားသားကို တစ်ဦးနှစ်သောင်း ကျပ်သတ်မှတ်ထားပါတယ်။ ဆင်စီးခကိုတော့ ငွေကျပ်နှစ်ထောင် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဆင်လိမ္မာလေးတွေနဲ့ ဓာတ်ပုံတွဲရိုက်ခြင်း၊ ဆင်စီးခြင်း၊ ဆင်အစာကျွေးခြင်းတွေ လုပ်ဆောင်နိုင်တဲ့အပြင် ဆင်ပြတိုက်မှာလည်း ဆင်တွေအကြောင်းကို လေ့လာနိုင်ပြီ ဖြစ်ပါတယ်။


comments

There is no comment

Publish reply