Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

မနာမကျင်ဘဲကလေးရိုးရိုးမွေးဖွားနိုင်တော့မည်

Jyu Jyu Hlaing 2017-03-10 3426 MPF

မနာမကျင်ဘဲကလေးရိုးရိုးမွေးဖွားနိုင်တော့မည်

ရန်ကုန်-မတ်လ-၁၀ရက်

 

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ရွှေလမင်းအထူးကုဆေးရုံ(လမ်းမတော်)တွင် မနာမကျင်ဘဲသဘာဝအတိုင်း မွေးဖွားနိုင်မည့် သားဖွားခြင်းကုထုံးကိုစတင်ကုသပေးနေကြာင်း ရွှေလမင်းဆေးရုံမှသိရသည်။

 

 “မွေးဖွားရာမှာ နာကျင်မှုကို ကြောက်ရွံရတဲ့ မိခင်တွေရဲ့ သောကကို လျော့ချပေးနိုင်တယ်။ သဘာဝအတိုင်း မွေးဖွားနည်းဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးနဲ့ အန္တရာယ်တွေကို လျော့ချနိုင်မယ်။ နိုင်ငံတကာမှာ ပြဿနာ က ဘာဖြစ်လာသလဲဆိုတော့ အချို့သော တိုင်းပြည်တွေဟာ သားဖွားခြင်းဟာ နာကျင်တဲ့အတွက် မိခင်တွေက ကိုယ်ဝန်ဆောင်ရမှာကို ကြောက်ရွံလာတယ်။ အဲဒီအတွက်ကြောင့် သားဖွားနှုန်းဟာ ကျလာဆင်းလာပြီး လူဦးရေတိုးနှုန်းဟာ ကျဆင်းလာတယ်။ အဲဒီလိုကျဆင်းလာတဲ့အတွက် နည်းလမ်းရှာဖွေတဲ့အခါမှာ သားဖွားတဲ့အခါမှ သဘာဝအတိုင်း မွေးဖွားပေမယ့် မနာကျင်အောင်၊ နာကျင်မှုကို သက်သာအောင် လျော့ချ ပေးတဲ့ နည်းလမ်းကို သုံးလာတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံထဲက အိန္ဒိယပေါ့။ အိန္ဒိယမှာ လူဦးရေတိုးနှုန်းက ကျဆင်းလာတယ်။ အဲဒါကြောင့် ဒီနည်းလမ်းကို စီမံချက်တစ်ခုနဲ့ ဆောင်ရွက်လာတယ်”ဟု ဒေါက်တာ တင်ထွန်းအောင်က ဆက်လက်ပြောကြားသည်။

သမားရိုးကျမွေးဖွားနည်းထက် အနည်းငယ် ကုန်ကျစရိတ်ပိုမိုသော်လည်း ခွဲစိတ်မွေးဖွားခြင်းထက် ကုန်ကျ စရိတ် သက်သာပြီး ဘေးထွက်ဆိုးကျိုးလျော့ချနိုင်သည့်အပြင် သမားရိုးကျမွေးဖွားနည်းဖြင့် မွေးဖွားရန် အခက်အခဲရှိသူများ အသုံးပြုရန် အလွန်သင့်လျော်သည်။

ကလေးမိခင်ကိုသာ နာကျင်မှုကို လျော့ချပေးခြင်းနည်းလမ်းသာဖြစ်တဲ့အတွက် ကလေးကိုလည်း ထိခိုက်မှုမရှိဘူး။ Epidural ဆေးထိုးတဲ့အတွက် သွေးပေါင်ကျစေနိုင်တာကြောင့် သွေးတိုးလွန်ပြီး သွေးကြောပေါက်ထွက်တာမျိုးတွေ မဖြစ်နိုင်တဲ့အတွက် သွေးတိုးရောဂါဝေဒနာရှင်တွေ၊ နာကျင်မှု Pressure မရှိတဲ့အတွက် နှလုံးခုန်နှုန်းမြန်တာမျိုးတွေ မဖြစ်ကြောင်းသိရပါတယ်။

ဂျူးဂျူး


comments

There is no comment

Publish reply