Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

မှတ်ပုံတင်မဲ့ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို အလွယ်တကူစစ်ဆေးထိန်းချုပ် သွားနိုင်မည့် RFID စနစ် စတင်အကောင်ထည်ဖော်ဆောင်ရွက်သွားမည်

NPT News Team 2019-06-12 98

နေပြည်တော်၊ ဇွန် ၁၂။

နိုင်ငံအတွင်းရှိ မှတ်ပုံတင်မဲ့(without)မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များကို အလွယ်တကူစစ်ဆေးထိန်းချုပ်သွားနိုင်ရန်အတွက် Radio Frequency Indentification (RFID)စနစ်ကို စတင်အကောင်ထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သတင်းအရ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ယာဉ်အစီးရေတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ ယာဉ်များကိုစစ်ဆေးကြပ်မတ်နိုင်ရန်၊ ဥပဒေကျူးလွန်ပြီး ထွက်ပြေးတိန်းရှောင်နေသည့် မော်တော်ယာဉ်များကို အလွယ်တကူစိစစ်ဖော်ထုတ်ဖမ်းဆီးနိုင်ရန်နှင့်တရားမ၀င် မှတ်ပုံတင်မဲ့မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးထိန်းချုပ်နိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါ RFID စနစ်ကိုအကောင်ထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီ RFID စနစ် အကောင်ထည်ဖော်ဆောင်ရွက်ဖို့အတွက် မနေ့ကပဲ ၀န်ကြီးရုံးမှာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးတွေ၊အမြဲတမ်းအတွင်းဝန်တွေနဲ့ ဆွေးနွေးခဲ့ကြပြီးပါပြီ။ ဒီစနစ်ဆောင်ရွက်ဖို့အတွက် လမ်းဘေးမြေတွေအသုံးချခွင့်နဲ့ လျှပ်စစ်မီးရရှိရေး၊ Infrastructure များတည်ဆောက်ရေး၊ လုံခြုံရေး၊ အခြား Transport Facilities တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရေးတွေအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။ အမြန်ဆုံးအကောင်ထည်ဖော်ဖို့ စီစဉ်နေပါတယ်။ လာမဲ့ ဇူလိုင် ပထမပတ်ထဲမှာပဲ ဒီစနစ်အကောင်ထည်ဖော်ဖို့ အကြံပေးဝန်ဆောင်မှုလုပ်ငန်းအတွက် တင်ဒါအောင်ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးသွားပါမယ်။ ပြီးရင် study လုပ်တာတွေ၊ တင်ဒါခေါ်တာတွေဆက်လုပ်သွားမှာပါ " ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့သည်။
အဆိုပါစနစ်ဆောင်ရွက်ပါက တရားဝင်မှတ်ပုံတင်ထားသော မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် အားလုံးကို သတ်မှတ်ကာလအတွင်း RFID Sticker သို့မဟုတ် RFID Tag များတပ်ဆင်ပေးခြင်းဖြင့် မှတ်ပုံတင်မဲ့(Without) ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို အလွယ်တကူ စစ်ဆေးထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ConceptualPlan အရ ပြည်ထောင်စုလမ်းမကြီးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ မြို့တွင်း အဓိကလမ်းဆုံများ၊ တိုင်းဒေသကြီးပြည်နယ်များ၏ အဒိကအချက်အချာကျသောနေရာများတွင် RFID Reader and Antenna များကို တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်တပ်ဆင်သွားမည်ဖြစ်ပြီး Main Data Center နှင့် Control Center မျညးကိုလည်း တပြိုင်နက်တည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

comments

There is no comment

Publish reply