Myanmar Platform

Home>>News >> International 
  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

ဗြိတိန်နိုင်ငံခေါင်းဆောင်အဖြစ် လူကြိုက်များနေသူ ဘိုရစ်ဂျွန်ဆန် Brexit အရေး အပြီးသတ်ဖို့ ကတိပေး

Tayza 2019-06-12 177

ဇွန် ၁၂

ဗြိတိန်နိုင်ငံရဲ့  လာမယ့် ဝန်ကြီးချုပ်အသစ်အဖြစ် လူကြိုက်များနေပြီး သတင်းပြေးနေတဲ့ ဘိုရစ်ဂျွန်ဆင်ရဲ့ မဲဆွယ်စည်းရုံးရေး တရားဝင်စတင်နေကြောင်း သိရပါတယ်။

ဘောရစ်ဂျွန်ဆင်က ဗြိတိန်ကို ဥရောပသမဂ္ဂထဲက နုတ်ထွက်ဖို့ မဖြစ်မနေ ပြုလုပ်ရမယ်လို့ ကွန်ဆာဗေးတစ်ပါတီဝင်တွေကို တိုက်တွန်းလိုက်ပြီး မဟုတ်ပါက အမျက်ထွက်နေတဲ့ မဲဆန္ဒရှင်တွေကြောင့် ပါတီတစ်ခုလုံး ပျက်စီးတာကို မြင်တွေ့ နေရမှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်နေတဲ့ မဲဆွယ်စည်းရုံးရေး ချီတွက်ပွဲမှာ Brexit အရေး နှောင့်နှေးနေမှုဟာ ရှုံးနိမ်မှုကို ဆိုလိုတာဖြစ်ကြောင်း ဂျွန်ဆင်က ပြောကြားခဲ့ပြီး ဗြိတိန်ခွဲထွက်ရေးနဲ့ပတ်သက်ပြီး ထောက်ခံသူတွေကို ပြောကြားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

မကြာသေးခင်ရက်ပိုင်းက ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ ထရီဆာမေ တရားဝင်အနားယူလိုက်ပြီးနောက် ကွန်ဆာဗေးတစ်အမတ် ၁ဝ ဦးက ဝန်ကြီးချုပ်မေရဲ့  ပါတီခေါင်းဆောင်ရာထူးနဲ့ ဝန်ကြီးချုပ်ရာထူး ဆက်ခံနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ဘောရစ်ဂျွန်ဆင်ကတော့ နိုင်ငံရေးခန့်မှန်းသူတွေ အကြိုက်ဆုံး ဖြစ်နေပြီး လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက အီးယူနဲ့ သဘောတူညီမှု ရရမရရ နုတ်ထွက်မှာဖြစ်ကြောင်း ကတိပေးခဲ့တာဖြစ်ကာ Brexit ခွဲထွက်ရေး လိုလားတဲ့ ကွန်ဆာဗေးတစ်ပါတီဝင်တွေရဲ့  အားပေးမှုကို ရရှိထားတာလည်း ဖြစ်ပါတယ်။

ဂျွန်ဆင်ဟာ နိုင်ငံရေးသဘောထား ပြတ်သားပြီး လူကြိုက်များသူ တစ်ဦးဖြစ်ပေမယ့် ပြိုင်ဘက်တွေကတော့ သူရဲ့  တော်ရိလျောရိ မဲဆွယ်စည်းရုံးရေးအပေါ် ဝေဖန်ထားတာပဲဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဂျွန်ဆင်ဟာ ရုပ်သံအင်တာဗျူးတွေ ဖြေကြားထားခြင်း မရှိသလို လူအများသွားလာရာနေရာတွေမှာလည်း ပွဲတွေ ပြုလုပ်မှုမရှိသေးတာဖြစ်ပြီး ဒါဟာ ၎င်းအတွက် ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမယ့်အခွင့်အရေးကို ထိခိုက်စေနိုင်တယ်လို့ သုံးသပ်နေကြလည်း ဖြစ်ပါတယ်။

_ref: foxnews


comments

There is no comment

Publish reply