Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အခြေခံကျောင်းများ၏ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း များကို မိုဘိုင်းလ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးရေး အဖွဲ့များတွင် ထုတ်ယူနိုင်

Bo Than 2019-06-12 93

ရန်ကုန်၊  ဇွန်လ


 တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ အခြေခံကျောင်းများ၏ တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း  များကို မိုဘိုင်းလ် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးရေး အဖွဲ့များတွင် ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။

အထက်မြန်မာပြည်အအတွက် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်း(မြောက်)၊ ရှမ်း(တောင်)၊ လားရှိုး၊ မြစ်ကြီးနားနှင့် အခြားမြို့များ၊ အောက်မြန်မာပြည် အနေဖြင့်ဧရာဝတီ၊ ပဲခူး(အရှေ့)၊ ပဲခူး(အနောက်)၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ရခိုင်၊ စစ်တွေနှင့် အခြားမြို့ကြီးများရှိ အခြေခံပညာကျောင်းများတွင် အမှတ် စာရင်းများ ထုတ်ပေးနိုင်ရေး အတွက် မိုဘိုင်းလ်တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း ထုတ်ပေးရေးအဖွဲ့များ ဖွဲ့စည်း ကာ စေလွှတ်ရန် စီစဉ်နေပြီး အချို့သော မြို့များသို့ မိုဘိုင်းလ်အဖွဲ့များ စေလွှတ် လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရန်ကုန်မြို့ ပါရမီလမ်းပေါ် ရှိ လှိုင်တက္ကသိုလ်နယ်မြေဝင်း ဂိတ်(၁) ဝင်ပေါက် အနီး မြန်မာ နိုင်ငံ စာစစ်ဦးစီးဌာနရုံးသစ်နေရာ တွင် စတင် ထုတ်ပေးနေပြီး   အမှတ်စာရင်း လာရောက် ထုတ်ယူသူများသည် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန လျှောက်လွှာအရောင်းကောင်တာများတွင် တစ်စောင်လျှင် ငွေကျပ် ၄ဝဝ ထက်မပိုသောငွေဖြင့် တံဆိပ်ခေါင်းနှင့် လျှောက်လွှာထုတ်ယူ ကာ အမှတ်စာရင်း တောင်းခံသူအမည်/စာစစ် ဌာန/ ခုံအမှတ်/ အဘအမည်နှင့် ဖြေဆို သည့်ခုနှစ်ထည့်သွင်းရေးသားပြီး တံဆိပ် ခေါင်း ကပ်၍ အမှတ်စာရင်းထုတ်ပေးသောကောင်တာများ၌ တန်းစီစနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်းသိရပါတယ်။

အမှတ်စာရင်းများကို ကျောင်းသားမိဘ/ကျောင်းသား ကိုယ်တိုင်/ ကိုယ်စားလှယ်များ မည်သူမဆို အချက်အလက် မှန်ကန် စွာ လာရောက် ထုတ်ယူနိုင်ပြီး အချက်အလက်မှန်ကန်လျှင် ထုတ်ယူနိုင်ကြောင်း သိရပါတယ်။

အလားတူ နေပြည်တော် ရုံးအမှတ် (၅၂) တွင်လည်း တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများကို ရုံးချိန် အတွင်း ထုတ်ပေးနေကြောင်း သိရပါတယ်။

   

 


comments

There is no comment

Publish reply