Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

စီးပွားရေးလုပ်ငန်းအသစ်များဖော်ထုတ်နိုင်ရန် ဂျပန်နိုင်ငံ နှင့်ပူးပေါင်းကာ Myanmar Business Model Competition 2019 ပြိုင်ပွဲ ကျင်းပမည်

Bo Than 2019-06-12 86

ရန်ကုန်၊  ဇွန်လ 


စီးပွားရေးလုပ်ငန်းအသစ်များဖော်ထုတ်နိုင်ရန် ဂျပန်နိုင်ငံ နှင့်ပူးပေါင်းကာ  Myanmar Business Model Competition 2019 ပြိုင်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရပါတယ်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်မယ့် စီးပွားရေးလုပ်ငန်းရှင် လူငယ်များအား စနစ်တကျမွေး ထုတ်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းအသစ်များဖော် ထုတ်နိုင်ရန် အတွက် Myanmar Business Model Competition 2019 ပြိုင်ပွဲကို ဂျပန်နိုင်ငံ CIESF နဲ့ ပူး ပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ   ပြိုင်ပွဲကို အဖွဲ့လိုက်အဖြစ် ပါဝင် ယှဉ်ပြိုင်ရမှာဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၂ဦးမှ ၃ဦး အထိ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုသွားမှာဖြစ်ပြီး   ပြိုင်ပွဲဝင်များအား အသက် ၃၂ နှစ်အောက်သာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ကန့်သတ်ထားကြောင်းသိရပါတယ်။

ပထမဆုရအဖွဲ့အား Champion Trophy အပြင် ရွှေတံဆိပ်နှင့် ငွေကျပ် သိန်း၅၀ ချီးမြှင့်မည်ဖြစ်ပြီး၊ ဒုတိ ယဆုရအဖွဲ့ကို ငွေတံဆိပ်နှင့် ငွေသား ကျပ် ၂၅ သိန်း အားလည်းကောင်း၊ တတိယဆုရအဖွဲ့ကို ကြေးတံဆိပ် နဲ့ ငွေသား ကျပ် ၁၂ သိန်းအားလည်းကောင်း၊ နှစ်သိမ့် ဆု ၅ ဆုအထိ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ ဆုရအဖွဲ့များထဲမှ အကောင်းဆုံ ၂ ဖွဲ့ ကို ရွေးချယ်၍ ၂၀၂၀ခုနှစ် မတ်လ၌ပြုလုပ်မယ့် MEKONG BUSINESS CHALLENGE 2020 သို့ မြန်မာ နိုင်ငံကိုယ်စားပြုအဖွဲ့များအဖြစ် စေလွှတ်ယှဉ်ပြိုင်ခွင့်ရ ရှိမည်ဖြစ်ကြောင်းသိရပါတယ်။

ယင်းပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသူများအား ဇွန် ၁၅ ရက် နှင့် ၂၂ ရက်နေ့ များတွင် နေ့လည် ၂ နာရီ အချိန်၌ ပြိုင်ပွဲနှင့် ပတ်သက်တဲ့ Orientation များကို ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်ပေးမှာဖြစ်ပြီး၊ ပြိုင်ပွဲဝင်များအား ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာ ရှင်များဖြင့် လိုအပ်သော သင်တန်းများ ပြုလုပ်ပေးရန်လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

ပါဝင် ယှဉ်ပြိုင်လိုသူများဟာ ကုန်သည်စက်မှုအသင်းချုပ် သို့ ဆက် သွယ်၍ သတ်မှတ်ပုံစံများရယူကာ မိမိတို့ Business idea ကို လာမယ့် ဇူလိုင် ၄ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ပေးပို့ရမည်ဖြစ်ကာ အသေးစိတ်သိလိုပါက လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ကုန်သည်/စက်မှုအသင်း ချုပ် (UMFCCI) ရန်ကုန်၊ ဖုန်းနံပါတ်- ၂၃၁၄၃၄၄~ ၄၉ Ext 133-134 , 01-2317480 သို့ ဆက်သွယ်စုံစမ်းနိုင် သလို Myanmar Business Model Contest Facebook သို့လည်း အသေးစိတ်ဝင်ရောက်လေ့လာ နိုင်ကြောင်း သိရပါတယ်။


comments

There is no comment

Publish reply