Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

ချစ်သူရဲ့ လေးစားမှုကို ရရှိစေနိုင်တဲ့ အပြုအမူများ

Nang Cho Cho 2019-06-12 337 marriage

လုပ်ငန်းခွင်ထဲမှာတော့ လေးစားမှုရရှိတာကြောင့် ငါ့ချစ်သူကလည်း င့ါကိုလေးစားမှာပဲလို့တော့ တွေးလို့မရပါဘူး။ ချစ်သူနှစ်ဦးကြားမှာ အဆင်ပြေပြီး အပြန်အလှန်လေးစားမှုကလည်း အရေးကြီးလှပါတယ်။ ဒါကြောင့် ချစ်သူအချင်းချင်းလေးစားမှုရရှိနိုင်အောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတာကိုပြောပြလိုက်ပါတယ်နော်။ 


1560330050271.jpg


၁။ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ခြင်း

ယနေ့ခေတ်မှာက ကိုယ်ခြေထောက်ပေါ်ကို ကိုယ်ရပ်တည်နိုင်တဲ့ခေတ်ကို ရောက်နေပါပြီ။ အလုပ်အကိုင်ကောင်းကောင်းလုပ်နေရပေမယ့် ဆုံးဖြတ်ချက်တစ်ခုချရတော့မယ်ဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်ဘူးဆိုရင် သေချာပေါက် သင့်ချစ်သူရဲ့ လေးစားမှုကို ရရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဘေးကနေပြောပေးတဲ့ စကားထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတာကို အလေးထားပါ။ အခြားသူကို မှားလားမှန်လာဆိုပြီးတော့ လိုက်မေးတာမျိုးမလုပ်ပါနဲ့။ ဘေးစကားတွေကြောင့် စိတ်ဓာတ်ကျခြင်း၊ ညည်းငြူခြင်းလုပ်နေမယ်ဆိုရင်တော့ သင့်ချစ်သူက စိတ်ပျက်သွားနိုင်ပါတယ်။ ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချလိုက်ပါ။ မှားလည်းခံ မှန်လည်းစံလိုက်ပါ။ အခက်အခဲတွေကို ကြံ့ကြံ့ခံရပ်တည်လိုက်မယ်ဆိုရင် သူမရဲ့လေးစားမှုကို အပြည့်အဝရရှိနိုင်မှာသေချာပါတယ်။ 


1560330090232.jpg


၂။  စကားတည်တဲ့သူဖြစ်ခြင်း

လုပ်ငန်းခွင်ထဲမှာဖြစ်စေ၊  ကိုယ့်ရဲ့ချစ်သူနဲ့ဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ ဘယ်သူနဲ့ဖြစ်ပါစေ စကားတည်တဲ့သူဖြစ်အောင်ကြိုးစားပါ။ ကိုယ်ပေးထားတဲ့ကတိ၊ ပြောထားတဲ့စကားတွေကို မတည်နိုင်တဲ့သူဖြစ်လာရင်တော့ သင့်ချစ်သူရဲ့ ယုံကြည်လေးစားမှုကိုဆုံးရှုံးရမှာသေချာပါတယ်။ ဒါကြောင့် သူနဲ့ ပတ်သက်တဲ့စကား၊ အခြားသူကိုပြောထားတဲ့စကားတွေကို တည်မယ်ဆိုရင် ကတိတည်လေလေ၊ လေးစားခံရလေလေဖြစ်လာနိုင်ပါတယ်။


1560330112780.jpg


၃။ ရိုးသားခြင်း

ရိုးသားခြင်းကချစ်သူတွေကြားမှာ မရှိမဖြစ်ကိုလိုအပ်ပါတယ်။ အမှန်တရားကို ဖုံးကွယ်ထားမယ်ဆိုရင် ဘယ်သူမှမလေးစားသလို ကိုယ်ချစ်သူရဲ့အထင်သေးခြင်းကိုတောင်ခံရနိုင်ပါတယ်။ ဒါကြောင့် ရိုးသားခြင်းက အများသူငါရဲ့လေးစားခြင်းကိုခံရနိုင်သလို အများသူငါလည်းလေးစားခြင်းကို ရရှိနိုင်ပါတယ်။


156033058215.jpg


၎။ ချစ်သူဘက်က ရပ်တည်ခြင်း

ချစ်သူစုံတွဲတွေကြားမှာ အချင်းချင်းလေးစားမှုကို ပျက်စီးစေနိုင်တာက အပြင်လူတွေရဲ့သွေးထိုးစကားကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြားသူတွေရဲ့သွေးထိုးစကားကိုနားမယောင်မိအောင် ကာကွယ်ပါ။ သင့်ကောင်မလေးနဲ့ရေရှည်လက်တွဲနိုင်ဖို့အတွက် ချစ်သူဘက်က ရပ်တည်ပေးပါ။ စိတ်ထဲမှာ မယုံသင်္ကာဖြစ်ခဲ့ရင်တောင် အခြားသူကိုမမေးပဲ ကိုယ့်ချစ်သူကို ကိုယ်တိုင်မေးလိုက်ခြင်းက သင်တို့ကို ပိုပြီးတော့ အဆင်ပြေစေနိုင်ပါတယ်။ 

comments

There is no comment

Publish reply