Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မော်လမြိုင်နှင့် ထားဝယ်မြို့၌ ခြေစမ်းပွဲများ သွားရောက် ကစားမည်

Bo Than 2019-06-12 94

ရန်ကုန်၊  ဇွန်လ 


၂၀၁၉ အာဆီယံအမျိုးသမီးပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မော်လမြိုင်နှင့် ထားဝယ်မြို့၌ ခြေစမ်းပွဲများ သွားရောက် ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲအတွက် ဇွန် ၁၂ ရက် မှစတင်ကာ  လေ့ကျင့်မည်ဖြစ်ပြီး လက်ရှိတွင် ပဏာမ ကစားသမား ၂၆ ဦး ရွေးချယ်ထားကြောင်း သိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ဇွန် ၂၆ ရက်မှ ဇူလိုင် ၅ ရက်အထိ တစ်ပတ်ကျော်ကြာ ပြည်တွင်းခြေစမ်း ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး မော်လမြိုင်နှင့် ထားဝယ်မြို့၌ ခြေစမ်းပွဲ လေးပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်းသိရပါတယ်။

 မြန်မာအမျိုးသမီးအသင်းသည် ခြေစမ်းပွဲ များအဖြစ် ဒေသခံလူငယ်အမျိုးသား အသင်းများနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇူလိုင်နောက်ဆုံးပတ်တွင် ပြည်ပခြေစမ်း ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်းသိရပါတယ်။

 လက်ရှိဖွဲ့စည်းထားသည့် မြန်မာ့ လက်ရွေးစင်အသင်းတွင် အမာခံကစား သမားများ အစုံအလင် ပါဝင်လာသလို ယူ-၁၆၊ ယူ-၁၉ လူငယ်လက်ရွေးစင် အသင်းများတွင် နာမည်ရလာသည့် တိုက်စစ်မှူး မြတ်နိုးခင်နှင့် နောက်ခံလူ ဖြူဖြူဝင်းတို့ကိုလည်း ရွေးချယ်ထား  ကြောင်းသိရပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်း ပြ- ဦးမြကိုမင်း၊ ဂိုး-ဇာဇာမြင့် (အား/ ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြ၀တီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြ၀တီ)၊ အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း(YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာအားမာန်)၊ ခင်မာလာ ထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး (အား/ ကာသိပ္ပံ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူ ကျော် (မြ၀တီ)၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း (မြ၀တီ)၊ ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာ အားမာန်)၊ နုနု၊ ရီရီဦး (အား/ကာသိပ္ပံ) နှင့် မြတ်နိုးခင် (YREO)တို့ ပါဝင်ကြ  ကြောင်းသိရပါတယ်။

အာဆီယံအမျိုးသမီးပြိုင်ပွဲကို ဩဂုတ်တွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ပြင်ဆင်ချိန် နှစ်လကျော် ရရှိထားပါတယ်။


comments

There is no comment

Publish reply