Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

“တိမ်တွေပေါ်ကပန်း” ရိုက်ကူးရေးကြောင့် ဘူဆန်မြို့ကိုရောက်ရှိနေတဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်

Mi Hsu Mon 2019-06-12 85 Mi Hsu Mon

ဒါရိုက်တာစင်ရော်မောင်မောင်ရိုက်ကူးပုံဖော်နေတဲ့ ကိုရီးယားမြန်မာပူးပေါင်းကာ “တိမ်တွေပေါ်ကပန်း” အမည်ရှိတဲ့ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးနဲ့လက်ရှိမှာ ဝတ်မှုန်ရွှေရည်က တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့ ကိုရောက်ရှိနေတာဖြစ်ပါတယ်။




ဒီရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကူးမှုတချို့က ဘူဆန်မှာရိုက်ကွင်းတည်ထားတာဖြစ်တဲ့အတွက် အဖွဲ့သားအားလုံးက စုံညီစွာရောက်ရှိနေပြီး ရိုက်ကူးနေကြတာဖြစ်ပါတယ်။



ဒီရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ဝတ်မှုန်ရွှေရည်က ချင်းတောင်တန်းမှချင်းမလေးတစ်ဦးအနေနဲ့ တွေ့မြင် ရမှာဖြစ်ပြီး၊ ဇာတ်ကားရဲ့ ၇၅ရာခိုင်နှုန်းလောက်က အင်္ဂလိပ်စကားပြောနဲ့ သရုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။




ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်လမ်းကို လူငယ်မျိုးဆက်သစ်ဇာတ်ညွှန်းဆရာ မိုးနီလွင်ကရေးသား ထားကာ၊ သရုပ်ဆောင်တွေအဖြစ် ကျော်ထက်အောင်၊ Ryu Sang Wook ၊ ဝတ်မှုန်ရွှေရည်၊ မေသန်းနု တို့အပြင်တခြားေ သာအနုပညာရှင်များကလည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Photo Credit-WMSY

 

 

 

 


comments

There is no comment

Publish reply