Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

စိမ်းစားဥ က ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Nang Cho Cho 2019-06-11 235 organicfacts

စိမ်းစားဥက ပဲစောင်းဝါးသီးပင်ကနေ ရရှိတာဖြစ်ပါတယ်။ စိမ်းစားဥမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရတွေပါဝင်ပါတယ်။ စိမ်းစားဥမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ဖိုင်ဘာ၊ ဖောလိတ်၊ အက်ဆစ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ အခြားသောအရာတွေ ပါဝင်ပါတယ်။ ဒီရဲ့ စိမ်းစားဥက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြလိုက်ပါတယ်နော်။ 


1560164232448.jpg


၁။ ကိုယ်အလေးချိန် ကျစေနိုင်ခြင်း

စိမ်းစားဥကို ကိုယ်အလေးချိန်လျှော့ချတဲ့သူတွေအတွက် စားသင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ စိမ်းစားဥမှာ ရေဓာတ်၊ ဖိုင်ဘာဓာတ်တွေ များစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျော့ချတဲ့သူတွေ စားသုံးသင့်ပါတယ်။ စိမ်းစားဥက အစာစားချင်စိတ်ကိုထိန်းချုပ်ပေးပေးပြီး ကိုယ်အလေးချိန်လျော့ချပေးနိုင်တဲ့သရေစာတစ်ခုဖြစ်ပါတယ်။ 


1560164274706.jpg


၂။ အရိုးတွေကို ခိုင်မာစေနိုင်ခြင်း

စိမ်းစားဥမှာ တွေ့ရတဲ့ သတ္တုဓာတ်၊ မန်းဂနိစ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်နဲ့ ကြေးနီ ဓာတ်တွေက အရိုးကိုခိုင်မာစေနိုင်ပါတယ်။ စိမ်းစားဥမှာ ပါဝင်တဲ့ သတ္တုဓာတ်က အရိုးတည်ဆောက်ခြင်းနှင့် လက်ရှိအရိုးကိုလည်း မပျက်စီး အောင်လည်း ကူညီပေးနိုင်ပါတယ်။ အရိုးပါးရောဂါနဲ့ အရိုးပွရောဂါ တွေကို ကာကွယ်ပေးနိုင်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ 


156016452328.jpg


၃။ သွေးလည်ပတ်မှုကို ပိုမိုကောင်းစေနိုင်ခြင်း

စိမ်းစားဥက ကြေးနီနဲ့ သံဓာတ်ဟာ သိသာထင်ရှားတဲ့ သွေလည်ပတ်မှုစနစ်ကို ကျန်းမာအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ သတ္တုဓာတ်နဲ့ ကြေးနီဓာတ်တွေက သွေးနီဆဲလ်တွေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။ စိမ်းစားဥမှာပါတဲ့ ဓာတ်တွေဟာ သွေးအားနည်းရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ 


1560164676959.jpg


၎။ မှတ်ဉာဏ်ကို ပိုမိုကောင်းမွန်စေနိုင်ခြင်း

စိမ်းစားဥမှာပါတဲ့ ဗီတာမင်ဘီ6 ဟာဦးနှောက်ရဲ့ ကျန်းမာရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရန် စွမ်းရည်တွေကိုတိုးမြှင့်ပေးနိုင်ပါတယ်။ ဗီတာမင်ဘီ6 ဟာ ဦးနှောက်ရဲ့ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်အောင် ပြုလုပ်စေနိုင်တဲ့အပြင် မှတ်ဉာဏ်တွေကိုလည်းပိုမိုကောင်းစေနိုင်ပါတယ်။ 


1560164318436.jpg


၅။ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေခြင်း

စိမ်းစားဥမှာ ပါတဲ့ ဖိုင်ဘာဓာတ်ကြောင့် အစာခြေလမ်းကြောင်းနဲ့ အစာအိမ်ကိုကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နာတာရှည်ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ စိမ်းစားဥကသွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို၊သွေးချိုတတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ 

comments

There is no comment

Publish reply