Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

နည်းပညာမြင့် Honor 20 နဲ့ Honor 20 Pro တို့ ကို ဈေးကွက်အတွင်းမကြာမီ မိတ်ဆက်သွားမည်

Aung Kyaw Khant 2019-05-16 239

Honor မှ အသစ်ထွက်ရှိလာမည့် flagship level စမတ်ဖုန်းအသစ်ကို လန်ဒန်မြို့တွင် လာမည့် မေလ ၂၁ ရက် နေ့တွင် ခန့်မှန်းချေ ဒေါ်လာ ၅၅၀ တန်ဖိုးဖြင့် စတင်မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ။  Honor အနေဖြင့် Honor 20 မျိုးဆက် ၃ မျိုးဖြစ်သော Honor 20i ၊ Honor 20 နှင့် Honor 20 Pro တို့ကို ယခုနှစ်ထဲတွင် မိတ်ဆက်ပေးသွားမည်ဟု ကြေညာထားခဲ့ပြီးလည်းဖြစ်ပါတယ် ။ မတူညီသောဈေးနှုန်းအစားစားဖြင့် ထွက်ရှိလာမည့် ဖုန်းများကို မတူညီသော ဈေးကွက်များသို့ ဦးတည်ရောင်းချ သွားဖွယ်ရှိနေပြီး ဈေးနှုန်းအားဖြင့်သက်သာသော “i” version၊ သာမန်အသုံးပြုလိုသူများအတွက် Honor 20 နှင့် ပိုမိုပြည့်စုံသော function များပါဝင်မည့် Pro version စသည်ဖြင့် ခွဲခြားသွားမည်ဖြစ်သည်။ အတည်ပြုချက်များ အတိအကျမရရှိသေးသော်လည်း ယခုထွက်ရှိလာမည့် Honor 20 မျိုးဆက်များသည် Huawei P30 စမတ်ဖုန်းများ၏ စက်ပစ္စည်းနှင့်လုပ်ဆောင်ရည်များကို ယှဉ်ပြိုင်နိုင်ပြီး သုတေသနနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နည်းပညာ များ ဆင်တူအသုံးပြုထားကာ ပို၍သက်သာသော  ဈေးနှုန်းများဖြင့်ရရှိနိုင်မည်လည်းဖြစ်ပါတယ် ။

 ဖုန်းကိုယ်ထည်ဒီဇိုင်း

1557992283969.jpg

ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းပိုင်းတွင် ရှေ့ဆုံးမှအစဉ်အမြဲ ဦးဆောင်လျက်ရှိတဲ့ Honor က ယခုတစ်ခါတွင်လည်း ဖုန်းရဲ့ အနောက်ဘက်တွင် ဖန်သားသုံးထပ်အားပေါင်းစည်းကာ ရောင်ပြန်ဖြစ်စေရန်ဖန်တီးပေးသော “Triple 3D Mesh” နည်းပညာကိုအသုံးပြုထားပြီး holographic ဒီဇိုင်းအသစ်ကိုထည့်သွင်းသွားမှာဖြစ်ပါတယ် ။ အဲဒီ ဖန်သားသုံးထပ်အားဖုန်းရဲ့အနောက်ဖက်တွင် ဖန်သားပြင်တစ်ချပ်တည်းပုံစံ နောက်ခံကာဗာဖြစ်အောင် ပြုလုပ်ထားမှာဖြစ်ပါတယ် ။ အဲဒီလို ပြုလုပ်ရတဲ့ လုပ်ဆောင်မှုအဆင့်များမှာ ခဲခက်ပြီး အောင်မြင်စွာထုတ်လုပ်နိုင်တဲ့ ၂၀% နှုန်းဖုန်းများကိုသာ ဈေးကွက်အတွင်းသို့ ဖြန့်ချိတင်သွင်းရောင်းချမှုအား ကြည့်ခြင်းဖြင့် Honor ရဲ့ မြင့်မားတဲ့အရည်အသွေးများကို တွေ့ရှိနိုင်မှာဖြစ်ပါတယ် ။ 

1557992307619.jpg

ပထမဦးဆုံးသတင်းပေါက်ကြားထားသော ဓါတ်ပုံများကို ခန့်မှန်းကြည့်ခြင်းအားဖြင့် ဖုန်းကိုယ်ထည်ကို ခန့်မှန်းရ လျှင် ပါဝါခလုတ်နှင့် အသံအတိုးအကျယ်ခလုတ်များက ဖုန်းကိုယ်ထည်၏ ညာဖက်တွင်ရှိနေနိုင်မည်ဟု အချို့  သော နိုင်ငံတကာမီဒီယာများက ထင်မြင်ချက်များ ခန့်မှန်းသုံးသပ်ထားကြပါတယ် ။

155799232654.jpg

ဖုန်းကိုယ်ထည်ပေါ်တွင် fingerprint (လက်ဗွေစနစ်) အတွက်နေရာချန်ထားခြင်းမရှိသည်ကိုကြည့်ခြင်းအားဖြင့် fingerprint sensor (လက်ဗွေဖတ်စနစ်) မှာ ဖုန်းမျက်နှာပြင်  သို့မဟုတ် ဖုန်းကိုယ်ထည်၏ဘေးတွင်ရှိနိုင်သည်ဟုခန့်မှန်းကြပါတယ် ။ ဖုန်း၏ဘယ်ဘက်ထောင့်ဆုံးတွင် ရှိနေသည့် ကင်မရာသုံးလုံးအပြင်  ဒေါင်လိုက်အနေအထားရှိ စာတန်း အစရှိ သည့် ဒီဇိုင်းပိုင်းဆိုင်ရာတွင်လည်း Huawei P30 Pro နှင့် ဆင်တူမည်ဟု ယူဆရပါတယ် ။

မျက်နှာပြင်နှင့်ရုပ်ထွက်

 

Honor 20 နှင့် Honor 20 Pro တို့တွင် Honor View 20 ရဲ့မျက်နှာပြင်နည်းပညာ နဲ့  ဆင်တူတဲ့ ၆.၂၆ လက်မ မျက်နှာပြင် ၊ ၉၁.၆% ဖုန်းမျက်နှာပြင်အချိုးအစား နှင့် ၄.၅ မီလီမီတာအရွယ်ရှိ pinhole ကင်မရာတို့ ပါဝင်လာမှာဖြစ်ပါတယ် ။ ဓာတ်ပုံတွင်မြင်တွေ့ရသည့်အတိုင်း ဖုန်း၏အောက်ခြေမှာ အလွန်ပါးလွှာပြီး မျက်နှာပြင် ကို အဝိုင်းသဏ္ဍာန် ဝန်းရံထားပါတယ် ။

 1557992340475.jpg

ဖုန်းမျက်နှာပြင်မှာမြင်တွေ့နေရတဲ့ အက်ပလီကေးရှင်းက Amazon Alexa App icon များလား?

155799234840.jpg 

အကယ်၍ ဟုတ်နေခဲ့မည်ဆိုပါက ယခင် Google Assistant ကိုသာ သုံးစွဲခဲ့ရာမှ ယခု Amazon Alexa ကို ထည့်သွင်းလိုက်ခြင်းဖြင့် Honor အနေနှင့် ၎င်း၏ ဦးတည်ချက်အား ပြောင်းလဲလိုက်ခြင်းဖြစ်ပါသည်။ သို့သော် လည်း အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းလဲမှုမျိုးတော့ မဟုတ်ပါ။ ၂၀၁၇ ခုနှစ်တွင် Huawei မှ ၎င်း၏ Mate 9 စမတ်ဖုန်းအတွက် Alexa ကို ပထမဆုံးအနေဖြင့် စတင်အသုံးပြုခဲ့ပြီးလည်း ဖြစ်ပါတယ် ။

 

Honor 20 ၏ ကင်မရာနှင့် အခြားအသေးစိတ်အချက်အလက်များ

 

ပေါက်ကြားထားသော ဓါတ်ပုံများအရ Honor 20 pro ၏ ကင်မရာမှာ periscope zoom နည်းပညာ, 5x optical zoom နှင့် 10x hybrid zoom အား time-of-flight (ToF) censor စနစ်ပါဝင်သော Huawei P30 Pro ၏ နည်းပညာနှင့် တူညီလိမ့်မည်ဖြစ်ပြီး အဓိကကင်မရာများမှာ ဖုန်း၏ ဘယ်ဖက်အပေါ်ခြမ်းတွင် 48MP ဖြင့် တည်ရှိ နေမည်။ ဖုန်းကာဗာကိုကြည့်ခြင်းဖြင့် ကင်မရာသုံးလုံး မှ လေးလုံး အထိပါမည်ဟုလည်း ယုံကြည်ရသည့် သတင်းဌာနများမှ မှတ်ချက်ပေးခဲ့ပါတယ်။Honor 20 ၏ ကင်မရာများသည် Honor View 20 ၏ ကင်မရာများကဲ့သို့ 48-megapixel ရှိ အဓိကကင်မရာ၊ 20-megapixel ရှိ ဒုတိယကင်မရာနှင့် 8-megapixel lens ရှိ တတိယ ကင်မရာတို့ ပါဝင်လာလိမ့်မှာဖြစ်ပါတယ်။ Kirin 980 processor နှင့် 3560 mAh ဘက်ထရီကို သုံးထားနိုင်မည်ဖြစ်ကာ Chipset အစိတ်အပိုင်းမှာ Huawei P30 Pro နှင့်တူညီသည့် 980 အမျိုးအစားလည်း ဖြစ်သည်။ သိုလှောင်မှုပမာဏအပိုင်းအနေနှင့်လည်း 6GB ၊ 8GB RAM သို့မဟုတ် 128GB ၊ 256GB ROM ဖြင့်လာနိုင်ပါတယ် ။

 

အထူးထုတ်ကုန်များ

1557992356374.jpg 

ဖုန်းအသစ်မိတ်ဆက်ခြင်းနှင့်အတူ View 20 ကဲ့သို့ MOSCHINO မိတ်ဖက်ပူးတွဲလုပ်ဆောင်မည်ဟု ကြေညာခဲ့ပါတယ် ။ ယခုတစ်ခေါက်တွင် ပိုမိုခိုင်မာသော တွဲဖက်လုပ်ဆောင်မှုနှင့်အတူ အထူးထုတ် MOSCHINO ဖုန်းများပါဝင်လာမည်ဟုလည်း သိရပါတယ် ။ MOSCHINO ဒီဇိုင်းနှင့်ပါဝင်လာမည့် ဖုန်းအသစ်တွင် MOSCHINO သေတ္တာဘူး ၊ MOSCHINO ကာဗာ အပြင် ၎င်းနှင့် သက်ဆိုင်တဲ့ software theme ထွက်ရှိလာမှာဖြစ်ပါတယ် ။ 

1557992371547.jpg

ပိုမိုစိတ်လှုပ်ရှားစရာကောင်းသည့် တွဲဖက်လုပ်ဆောင်မှုတစ်ခုဖြစ်လာနိုင်သည်မှာ တရုတ်နိုင်ငံတွင် မကြာသေးမီ ကမှ နိုင်ငံတကာသို့ ကြေညာခဲ့သည့် AAPE (a spin-off of the Bathing Ape fashion brand) အမည်ရှိ ဖက်ရှင်ကုန်ပစ္စည်းအမှတ်တံဆိပ်ဖြစ်ပြီး limited edition အဖြစ် အရေအတွက်အကန့်အသတ်ဖြင့်ထုတ်ဝေမည့် ထုတ်ကုန်များအဖြစ် အပြာရောင် နှင့် ပန်းရောင် အရောင်နှစ်မျိုးဖြင် ထွက်ရှိလာမည်ဖြစ်သည်။ ဖုန်းများတွင် AAPE အမှတ်တံဆိပ်သေတ္တာဘူး နှင့် theme software များပါဝင်မည်ဖြစ်ပါတယ် ။ ဒါအပြင် လန်ဒန်မြို့မိတ်ဆက်ပွဲအပြီးတွင် Honor 20 မျိုးဆက်ဖုန်းများကို တရုတ်ပြည်၏ အာကာသအေဂျင်စီ တစ်ခုမှ အဆိုပါ ဖုန်းများကို လကမ္ဘာသို့ သယ်ဆောင်သွားမည်ဖြစ်ပြီး အာကာသအတွင်းမှနေ၍ Honor ဖုန်း ကင်မရာတစ်ခုတည်းကိုသာ အသုံးပြုပြီး ရှင်းလင်းပြတ်သားသည့် ကမ္ဘာမြေ၏ ဓါတ်ပုံများကို  ရိုက်ကူးသွားမှာဖြစ်ပါတယ် ။

 


comments

There is no comment

Publish reply