Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ထိုင်းနိုင်ငံမှ ခွဲစိတ်ဆရာဝန်များနှင့် မြန်မာနိုင်ငံမှ ခွဲစိတ်ဆရာဝန်များပူးပေါင်း၍ သားဖွားမီးယပ်လူနာများကို နေပြည်တော်တွင် ခွဲစိတ်ပေးလျက်ရှိ

NPT News Team 2019-05-15 36

နေပြည်တော်၊ မေ ၁၅။

ထိုင်းနိုင်ငံရှိ Rajavathi ဆေးရုံမှ သားဖွားမီးယပ်ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံ နေပြည်တော်မှ ဆေးရုံကြီးအချို့တွင် သားဖွားမီးယပ်လူနာအချို့ကို မေလ ၁၅ ရက်နှင့် ၁၆ ရက်နှစ်ရက်တာအတွင်း နိုင်ငံတကာအဆင့်မီနည်းများဖြင့် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ဥတ္တရသီရိ၊ နေပြည်တော်မှ ပါမောက္ခဒေါက်တာမြမြအေး ၏ပြောပြချက်အရ သိရသည်။

အဆိုပါ ထိုင်းနိုင်ငံရှိ Rajavathi ဆေးရုံကြီးနှင့် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံကြီး၊ သားဖွားမီးယပ်အထူးကုဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆေးရုံကြီးတို့ပူးပေါင်း၍ သားဖွားမီးယပ်လူနာသုံးဦးကို နှစ်ရက်အတွင်း ပူးပေါင်း၍ အခမဲ့ခွဲစိတ်ကာ ကုသပေးသွားမည်ဖြစ်ပြီး အဆိုပါပူးပေါင်းခွဲစိတ်မှုတွင် သားဖွားမီးယပ်လူနာကို ဗိုက်ခွဲခြင်းမဟုတ်ဘဲ သဘာဝလမ်းကြောင်းမှသားအိမ်ထုတ်ခြင်း၊ ဗိုက်ခွဲ၍ သားဥရှိအလုံးအကြိတ်ကိုခွဲစိတ်ခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

" လက်ရှိ မှာဆို ခန္တာကိုယ်အတွင်းမှာ မှန်ပြောင်းထည့် ခွဲစိတ်တဲ့နည်းပညာကိုတော့ မြန်မာနိုင်ငံမှာ အသုံးပြုခွဲစိတ်နေပါတယ်။ ဒီပူးပေါင်းခွဲစိတ်မှုကနေ ပိုပြီးကောင်းမွန်တဲ့ အဆင့်မီနည်းလမ်းတွေကို လေ့လာရရှိမှာဖြစ်ပါတယ်။ အခုခွဲမှာကလဲ အရင်က ခြောက်လက်မဆိုရင် အခုက တစ်လက်မခွဲလောက်ပဲ ဖောက်ပြီးခွဲစိတ်တာပါ။ အဲ့ဒီအတွက် လူနာလဲ အနာကျက်မြန်ပြီး အလုပ်အမြန်လုပ်နိုင်ပါတယ်" ဟု ၎င်းကဆက်လက်ပြောပြသည်။

အဆိုပါ ခွဲစိတ်မှုမျိုးများကို မြန်မာနိုင်ရှိ ဆေးတက္ကသိုလ်(၁)၊ (၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့တွင်လည်း ခွဲသိတ်ကုသမှုများကို ယခုလိုပူးပေါင်း ပြုလုပ်ပေးထားပြီးဖြစ်ကာ နေပြည်တော်တွင် ယနေ့စတင်ခွဲစိတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

comments

There is no comment

Publish reply