Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

မိုးကြိုကာလဖြစ်သည့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန် မိုး/ဇလမှ သတိပေး

Bo Than 2019-05-15 249

နေပြည်တော်၊ မေလ 


မိုးကြိုကာလဖြစ်သည့် မေလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါရန် မိုး/ဇလမှ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် မေလအတွင်း လေထုမငြိမ်မသက်မှု များကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံ တက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်း ကြောင့် လည်းကောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါတယ်လို့ဆိုပါတယ်။

ယင်းအပြင်  လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်းသိရပါတယ်။


comments

There is no comment

Publish reply