Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

နွေရာသီတွင် ကလေးများပြင်ပသင်တန်းများကို ရှာဖွေတက်ရောက်နေရသဖြင့် ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ကျောင်းဖွင့်ကာလကို မတ်လ ၃၁ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်

NPT News Team 2019-05-15 31

နေပြည်တော်၊ မတ် ၁၅။

နွေရာသီတွင် ကလေးများ ပြင်ပမှ သင်တန်းများကို ရှာဖွေတက်ရောက်နေရသဖြင့် ပြည်ထောင်စုဝန် ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းဖွင့်ကာလကို မတ်လ ၃၁ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းကပြောသည်။

မတ်လ ၁၅ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျှဉ်းသော သတင်းစာရှင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

“နွေရာသီမှာပေါ့။ ကလေးတွေက ကျောင်းရဲ့အပြင်မှာပေါ့။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် တော့ တခြားသင်တန်းတွေ ရှာဖွေတက်နေရတယ်။ တစ်ချို့မိဘတွေက အိမ်မှာ ကလေးတွေကို ထိန်းသိမ်းရ တာအဆင်မပြေဖြစ်တယ်ဆိုတဲ့။ ဒါဟာ ဒီဖက်ကလည်း အဲ့ဒီလို အသံတွေ ကြားရပါတယ်။ ကြားရလို့ ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ မတ်လ ၃၁ ရက်ထိ ကျောင်းတက်မယ်။ ဒါပေ မယ့် ၄ တန်း၊ ၈ တန်းတွေကတော့ ပုံမှန်အတိုင်းပဲဖြစ်ပါလိမ့်မယ်။ တစ်ချို့စာမေးပွဲတွေက ကျောင်းတွင်းစစ် စာ မေးပွဲတွေက မတ်လထဲမှာရှိတယ်။ တချို့ ကျောင်းတွင်းစစ်တွေက ဖေဖော်ဝါရီလ မကုန်ခင်နောက်ဆုံးပတ် လောက်မှာ စရင် စနိုင်ပါတယ်။ ဒါတွေက မညှိရသေးပါဘူး။ ကျနော်တို့ ညှိပြီးမှ ထုတ်ပြန်ဖို့ရှိပါတယ်”ဟု ဆို သည်။

မတ်လသည် ပူပြင်းသောကာလတစ်ခုဖြစ်သော်လည်း ယခင်ကလည်း မတ်လအထိကျောင်းတက်ရ ကြောင်းပြောသည်။

“လာမယ့် နှစ်မှာ မတ်လ ၃၁ ရက်နေ့ထိ ပုံမှန်ကျောင်းတက်ရက်ကို တက်ပြီးတော့မှ ၄တန်း၊ ၈တန်း နှင့် ၁၀တန်းစာမေးပွဲတွေကတော့ နဂိုလ်ပုံမှန်အတိုင်းပဲ ကျနော်တို့ ညှိနှိုင်းဖို့ရှိပါတယ်”ဟုဆိုသည်။

comments

There is no comment

Publish reply