Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

စစ်ဘေးရှောင်စခန်းများမှ ကလေးများကို မိုဘိုင်းစကူးများဖွင့်လှစ်၍ ကျောင်းပညာများသင်ကြားပေးရန် စီစဉ်ထား

NPT News Team 2019-05-15 82

နေပြည်တော်၊ မေ ၁၅။

စစ်ဘေးရှောင်စခန်းများမှ ကလေးများကို မိုဘိုင်းစကူးများဖွင့်လှစ်၍ ကျောင်းပညာများသင်ကြားပေး သွားရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦး စီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ပြောသည်။

မတ်လ ၁၅ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အ တွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျှဉ်းသော သတင်းစာရှင်းပွဲတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၁ မြို့နယ်တွင်လည်း Learning together program ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း၊ အထက်ပါ မိုဘိုင်းစကူးနှင့် Learning together program တို့ကို လာမည့် ပညာသင် နှစ်က စတင်သွားမည်ဖြစ်ကြောင်းသိရသည်။

“စစ်ဘေးရှောင်ကလေးတွေက အထူးသဖြင့် ရခိုင်ပြည်နယ်မှာလည်းရှိတယ်။ ကချင်ပြည်နယ်မှာလည်း ရှိတယ်။ ဒီ စစ်ဘေးရှောင်ကလေးတွေအတွက် IDP စခန်းတွေပေါ့။ တချို့ စစ်ဘေးရှောင်စခန်းတွေရှိတယ်။ နောက် Social Conflit လည်းရှိတော့ အဲ့ဒီမှာ IDP စခန်းတွေရှိတယ်။ အဲ့ဒီကလေးတွေအတွက် ကျနော်တို့က အခုနောက်ပိုင်း အစီအစဉ်အရဆိုရင် အခုစာသင်နှစ်အစက တည်းက ကျနော်တို့ စာရင်းတွေ ကောက်နေပါပြီ လိုအပ်တဲ့ teaching learning material ထောက်ပံ့မှုတွေ၊ နောက် ဆရာနေရာချထားမှုတွေလုပ်ပြီးတော့ Mobile School တွေ ဖွင့်ဖို့ ပြည်ထောင်စုဝန်ကြီးကလည်း လမ်း ညွှန်ပြီးသားဖြစ်ပါတယ်”ဟု ပြောသည်။

မြို့နယ် ၁၁ မြို့နယ်တွင်လည်း Learning together program တွင် ရခိုင်ပြည်နယ်အတွင်းရှိ Communition ပေါင်းစုံပါဝင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် Playing together ၊ Learning together ၊ Reading together များကို အချင်းချင်းအတူတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ရခိုင် Community ပါတယ်။ မူဆလင် Communition ပါတယ်။ မျို၊ ခမီ၊ ဒိုင်း၊ သက်ပေါ့။ တခြား ချင်း အဲ့ဒီ ရခိုင်ပြည်နယ်အတွင်းမှာ နေတဲ့ Community အကုန်လုံးအတွက် ရည်ရွယ်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ ဆရာ တွေအတွက် လိုအပ်တာအကုန်လုံးကို ဒီပရိုဂရမ်ကထောက်ပံ့ပါလိမ့်မယ်။ သွားလာဆက်သွယ်ရေးအတွက် ဟိုက်ဂျက်ကားတွေ လိုရင်လည်း ဟိုက်ဂျက်ကားတွေကိုလည်း ထောက်ပံ့ဖို့ ရှိပါတယ်”ဟု ဆိုသည်။


comments

There is no comment

Publish reply