Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ကျိုက်ထိုမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သိန်း ၄၀၀၀ ကျော် ပျောက်ဆုံးမှုဖြစ်ပွား

Bo Than 2019-05-15 317

ကျိုက်ထို၊   မေလ 


ကျိုက်ထိုမြို့ မြန်မာ့စီးပွားရေးဘဏ်မှ  ကျပ်သိန်း ၄၀၀၀ ကျော် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ မေလ ၁၄ ရက်နေ့ ၀၈၃၀ အချိန် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင် တစ်ဦးဖြစ်သူ ကျော်မိုးဝင်းမှာ ရောက်မလာသဖြင့် ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ရာ ၎င်းအား နေအိမ်၌မတွေ့ရှိဘဲ အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်မှ ငွေတိုက်သော့အား တွေ့ရှိခဲ့ကြောင်း နှင့် ၎င်းနောက် မသင်္ကာသဖြင့် ဘဏ်ငွေတိုက်အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် ၄၀၀၀ သိန်း ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိရ၍ အမှုဖွင့် တိုင်တန်းခြင်းဖြစ်ကြောင်းသိရပါတယ်။

ကျိုက်ထိုမြို့၊ ကျိုက်ထိုမြို့မရဲစခန်းသို့ မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး(၄၀)နှစ်မှ လာရောက်တိုင်တန်းသဖြင့် မြန်မာ့ စီးပွားရေးဘဏ်(ကျိုက်ထို)မှ ငွေကိုင်(၃) ကျော်မိုးဝင်း(၄၄)နှစ်အား ကျိုက်ထိုမြို့မရဲစခန်း (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉(ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)ဖြင့် အမှုဖွင့်စုံစမ်းခဲ့ကြောင်းသိရပါတယ်။


comments

There is no comment

Publish reply