Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

“ ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားRed Carpet Show ကိုတက်ရောက်လာ ခဲ့တဲ့အနုပညာရှင်များ

Mi Hsu Mon 2019-05-15 61 Mi Hsu Mon

အနုပညာလောကမှ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်နှစ်ဦးဖြစ်ကြတဲ့ ဝါရင့်သရုပ်ဆောင်ကျော်သူနဲ့ သရုပ်ဆောင်မြင့်မြတ်တို့ရဲ့ သားအဖနှစ်ဦးကြားမှာရှိတဲ့ ဖခင်ဖွဲ့မေတ္တာတရားကိုပုံဖော်မယ့် “ ကျောမှာဂဠုန်ရင် မှာနဂါးရုပ်ရှင်ဇာတ်ကား” Red Carpet Show ကို အနုပညာရှင်တော်တော်များများကတက်ရောက်အားပေး ခဲ့တာဖြစ်ပါတယ်။



ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာကိုဇော်(အာရုဏ်ဦး) ကပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး၊ ဒရာမာရုပ်ရှင် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။




ဒီရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတာဖြစ်ပြီး၊ သရုပ်ဆောင်တွေအဖြစ် ကျော်သူ၊ မြင့်မြတ်၊ ဝင်းပအိန္ဒြာအပါအဝင် တခြားသောအနုပညာရှင်များက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။





“ ကျောမှာဂဠုန်ရင်မှာနဂါးရုပ်ရှင်ဇာတ်ကား ကိုလာမယ့် မေလ၁၆ရက်မှစတင်ကာ၊ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ရုပ်ရှင်ရုံများမှာ ပြသပေးသွားတော့မှာဖြစ်ပါတယ်။

Photo Credit-ကျောမှာဂဠုန် ရင်မှာနဂါး

 

 

 

 

 

 



comments

There is no comment

Publish reply