Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

တရုတ်မှ လျှပ်စစ်မီးဝယ်ယူနိုင်ရေး နှစ်နိုင်ငံဆွေးနွေးမှုများပြုလုပ်နေ

Bo Than 2019-05-15 83

နေပြည်တော်၊ မေလ

 

တရုတ်မှ လျှပ်စစ်မီးဝယ်ယူနိုင်ရေး နှစ်နိုင်ငံဆွေးနွေးမှုများပြုလုပ်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။

ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က သံရုံးကနေ တဆင့် တရုတ် အစိုးရကုမ္ပဏီတွေနဲ့ ကျွန်တော်တို့ ၀န်ကြီးဌာနနဲ့ ဆွေးနွေးညှိနှိုင်းပြီးတဲ့ အဆင့်ပဲရှိသေးတယ်။ အစိုးရချင်း ဟို ဘက်က တရုတ်နိုင်ငံက အစိုးရနဲ့ ကျွန်တော်တို့ ဌာနချင်း ဆွေးနွေးနေတဲ့ အဆင့်ပဲရှိသေးတယ် ပြည်ထောင်စု အစည်းအဝေးသို့ ဒုတိယ၀န်ကြီးမှ လာရောက်ရာတွင် သတင်းမီဒီယာများ၏မေးမြန်းမှု အပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

ထိုသို့ ၀ယ်ယူနိုင်ရေးအတွက် နှစ် နိုင်ငံချင်းဆွေးနွေးနေသည့် အဆင့်သာရှိသေးသည့် အတွက် ၀ယ်ယူမည့် ကိန်းဂဏန်း အချက် အလက်များကိုတော့ သိရှိခြင်းမရှိသေးကြောင်း သိရပါတယ်။

လျှပ်စစ်ဓာတ်အားခ များကို မကြာမီ တွင် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ထိုသို့ ပြောင်းလဲ ကောက်ခံမှသာ ရေအားလျှပ်စစ်စက်ရုံများအား တိုးတက်အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။


comments

There is no comment

Publish reply