Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ဒုတိယအပတ်အဖြစ်ဆက်လက်ပြသနေရတဲ့ပြဿနာရုပ်ရှင်ဇာတ်ကားကြီး

Mi Hsu Mon 2019-05-15 57 Mi Hsu Mon

သရုပ်ဆောင်နေတိုးနဲ့ ဇာဂနာတို့ရဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ပြဿနာ ရုပ်ရှင် ဇာတ်ကားကြီးကို ဒုတိယအပတ်အဖြစ်ရန်ကုန်မြို့အပါအဝင်တခြားမြို့ကြီးတွေမှာလည်း ဆက်လက်ပြသနေတာဖြစ်ပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားကို ရွှေရောင်မျှော်လင့်ချက်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားတာဖြစ်ပြီး၊ ဇာတ်လမ်းဇာတ် ညွှန်း သက်ဦးမောင် က ရေးသားထားပြီး၊ ဒါရိုက်တာမီးပွားက ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားထဲမှာ သရုပ်ဆောင်တွေအဖြစ် နေတိုး၊ ဇာဂနာ၊ ဦးအောင်လွင်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ယဉ်လက်၊ ရွှေပိုးအိမ် တို့အပြင်တခြားသောအနုပညာရှင်များစွာကလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။


ဒီရုပ်ရှင်ဇာတ်ကားဟာ ဟာသဇာတ်ကားဖြစ်ပေမယ့်လက်ရှိပြသနေရတဲ့အချိန်မှာတော့ ပြင်းထန်တဲ့ဝေဖန်မှုတွေကို မတွေ့ရတာကတော့အံသြစရာဖြစ်ခဲ့ရပါတယ်။


ပြဿနာရုပ်ရှင်ဇာတ်ကားကြီးကို မေလ၉ရက်မှစတင်ကာပြသနေတာဖြစ်ပြီးလက်ရှိမှာတော့ ရန်ကုန်မြို့တွင်ရှေ့ ဆောင်၊ မင်္ဂလာစံပြ - (ဘုန်းကြီးလမ်း)၊ မင်္ဂလာဂမုန်းပွင့်- (စံရိပ်ငြိမ်)၊ မင်္ဂလာ (တာမွေ)၊ မင်္ဂလာ(မြောက်ဥက္ကလာ)၊ မင်္ဂလာဝဇီရာ(လှိုင်သာယာ)၊ ရွှေရတနာ(မြောက်ဒဂုံ)၊မြဟံသာ (သန်လျှင်)၊ မန္တလေးမြို့မှာကတော့ဝင်းလိုက် (မင်္ဂလာဒိုင်းမွန်း)၊ မင်္ဂလာ (Central Point)၊ ရွှေဘို(Paradisco)၊ မိုးညှင်းမြို့တွင် ရွှေပြည်တော်၊ ထားဝယ်မြို့ မှာတော့အောင်မင်္ဂလာ၊ မုံရွာမြို့တွင် Mingalar Cineplex Ocean၊ ပဲခူးမြို့တွင်မင်္ဂလာ (Icon) ရုပ်ရှင်ရုံများ မှာပြသနေတာဖြစ်ပါတယ်။

Photo Credit-ပြဿနာ

 

 

 


comments

There is no comment

Publish reply