Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

နှစ်ပွဲ ရှုံးပွဲကြောင့် ပြိုင်ပွဲက နေ ထွက်ခွာခဲ့ရတဲ့ ယူ-၁၅ အမျိုးသမီး ဘောလုံးအသင်း

Bo Than 2019-05-15 62

 ရန်ကုန်၊ မေလ


 ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပနေသည့် ၂၀၁၉ အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းကြောင့် မြန်မာအသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရ ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ သိရပါတယ်။

အာဆီယံ ယူ-၁၅ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(က)အတွင်းမြန်မာအသင်းသည်  ဗီယက်နမ်၊ တီမော၊ဖိလစ်ပိုင် တို့ နှင့် တစ်အုပ်စုတည်းကျရောက်ပြီး အဖွင့်ပွဲစဉ်တွင် တီမောအသင်းကို ၂၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပေမယ့် ဖိလစ်ပိုင်နှင့် ဗီယက်နမ်အသင်းတို့ကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်ပါတယ်။

နာက်ဆုံးနေ့ကို ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်း ရှုံးပွဲကြုံတွေ့ပြီး အုပ်စုမှ ထွက်ခဲ့ရသည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ဖိလစ်ပိုင်အသင်းကို ၅ ဂိုးပြတ်ဖြင့်လည်းကောင်းအုပ်စုနောက်ဆုံးပွဲစဉ် တွင် ဗီယက်နမ်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း ၂ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းကြောင့်  အုပ်စု(က) ပွဲစဉ်များအပြီးတွင် ကိုးမှတ်ရသည့် ဗီယက်နမ် အသင်းနှင့် ခြောက်မှတ်ရသည့် ဖိလစ်ပိုင်အသင်းက ဆီမီးဖိုင်နယ် တက်ရောက်သွားပြီး သုံးမှတ်ရသည့် မြန်မာနှင့် အမှတ်မရသည့် တီမော အသင်းက အုပ်စုအဆင့်မှ ထွက်ခဲ့ ရခြင်းဖြစ်ပါတယ်။


comments

There is no comment

Publish reply