Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

လပေါင်းများစွာ ပွဲမတက်ဘဲ ပျောက်နေခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြန်လည်မြင်တွေ့လာရတဲ့ ဆယ်လီနာဂိုမက်ဇ်

Jasmine 2019-05-15 240 Bazaar


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်မလေး ဆယ်လီနာဂိုမက်ဇ်ဟာ လပေါင်းများစွာ ပွဲတွေကို မတက်ရောက်ဘဲ ပျောက်ဆုံးနေခဲ့ပြီး မေလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်ကိုတော့ တက်ရောက်လာခဲ့ပါတယ်။


1557901765624.jpg


ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို ကမ္ဘာကျော်ဟောလိဝုဒ်စတား အများအပြား တက်ရောက်ခဲ့ကြပြီး လင်းလက်တောက်ပနေတဲ့ ပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဆယ်လီနာဂိုမက်ဇ်ကတော့ Louis Vuitton ပိုးချည် Crop Top လေးကို ပေါင်ရင်းနားထိ ကွဲတဲ့ စကပ်လေးနဲ့ ရိုးရှင်းစွာ ဝတ်ဆင်လာခဲ့ပါတယ်။ အမြဲတမ်း ဖက်ရှင်ကျလှပနေတတ်တဲ့ ဆယ်လီနာဟာ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အနီရောင်ကော်ဇောထက်မှာလည်း အလှဆုံး ဖြစ်နေခဲ့ပါတယ်။


1557901779435.jpg

1557901760723.jpg


လူမှုရေးအရှုပ်အရှင်းနဲ့ ဗျာများနေခဲ့ရပြီး ကျန်းမာရေးကြောင့် အနားယူနေရတဲ့ ဆယ်လီနာဟာ လအနည်းငယ်အကြာ ပျောက်နေခဲ့ပြီး ယခု ကိန်းရုပ်ရှင်ပွဲတော်မှာ ပြန်လည် တွေ့မြင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပုံရိပ်ဟာ ကျန်းမာနေပြီး အရင်လို လှပနေဆဲပဲလို့ သူမကို ချစ်တဲ့ပရိသတ်များက မှတ်ချက်ပြုကြပါတယ်။


1557901753163.jpg

1557901740374.jpg

comments

There is no comment

Publish reply