Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ဗုဒ္ဓဝါဒမိတ်ဆက်

Sai Khe Syan Lyan 2017-03-15 1890 Myanma Platform

1489569932.jpg

 

ဗုဒ္ဓဝါဒဆိုတာဘာလဲ

ဗုဒ္ဓဝါဒဟာ လူပေါင်း သန်း၃၀၀ ရာကျော်က ကမ္ဘာအနှံမှာ လက်ခံထားတဲ့ ဘာသာရေးတခုလည်း ဖြစ်ပါ တယ်။ ဗုဒ္ဓဆိုတဲ့ အဓိပ္ပါယ်က နိုးကြားလာခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဝါဒကိုလက်ခံထားသူတွေကိုလည်း နိုးကြား လာသောသူများလို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓဝါဒဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ငါးရာခန့်က သိဒ္ဓတ္ထဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ နိုးကြားလာခြင်းက စတင်ခဲ့တာပါ။  သူဟာ အသက်၃၅နှစ် မှာ နိုးကြားခဲ့ပါတယ်။

ဗုဒ္ဓဝါဒဟာ ဘာသာတရားတခုလား

          ဘာသာတခုလို့ ဆိုနိုင်တာထက် ဗုဒ္ဓဝါဒဟာ အသိပညာ ပြည့်စုံမှုနှင့် ကျင့်ကြံနေထိုင်ရေးနည်းလမ်း လို့ ဆိုနိုင်ပါတယ်။

          () ကိုယ်ကျင့်တရားပြည့်စုံတဲ့ ဘဝတခုတည်ဆောက်ဖို့

          () ဘဝနေထိုင်မှုမှာ သတိတရားနဲ့ နေနိုင်ပြီး ကံသုံးပါးလုံးစောင့်ထိန်းနိုင်ဖို့

          () အသိဉာဏ်မြင့်မားဖို့၊ အဆင့်ဆင့်ကြိုးစားဖို့တို့ပဲဖြစ်ပါတယ်။

ဗုဒ္ဓဝါဒက ဘာတွေကောင်းသလဲ

          လက်ခံကျင့်သုံးသူတယောက်ရဲ့ နေထိုင်မှုဘဝကို အစစအရာရာအတွက် နည်းပေးလမ်းညွန်နိုင်ပြီး ကိုယ်ရောစိတ် နှစ်ခုလုံး ပြီးပြည့်စုံအောင် လုပ်နိုင်ကိုင်နိုင်စေတတ်တဲ့ ညွန်ပြမှုတွေနဲ့ နိုးကြားစေတတ်တဲ့ ဝါဒဖြစ် တာကြောင့် ကမ္ဘာပေါ်ရှိရှိသမျှ လူသားအားလုံးအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ရရှိစေတတ်သလို ဘဝတိုင်းရဲ့ အေးချမ်းမှုကို မလွဲမသွေရရှိစေတတ်ပါတယ်။

ဘာလို့ ဗုဒ္ဓဝါဒက နာမည်ကျော်တာလဲ

          ရုပ်ပိုင်းဆိုင်ရာ လောကကြီးမှာ ဘဝရဲ့ အသိပညာ အခြေခံ အဖြေလိုအပ်ချက်တွေကို မြောက်များစွာ ပေးစွမ်းနိုင်ပြီး စိတ်ရောကိုယ်ပါ အေးချမ်းမှုကို ပေးနိုင်တဲ့ ဝါဒ ဘဝအခြေခံ နေထိုင်မှုကို လမ်းညွန်ပြထားတဲ့ အတွက်ကြောင့်။ အဲဒီအပြင် အစွန်းမရောက်တဲ့ အမြင် အသိ စတာတွေဟာ နာမည်ကျော်ရတဲ့ အဓိက အကြောင်း အရင်းတွေပဲဖြစ်ပါတယ်။

 

ဗုဒ္ဓဆိုတာ ဘယ်သူလဲ

          လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ ခန့်မှာ လုမ္ဗိနိ မြို့တော်၊ နေပါလ(နီပေါ) မှာရှိတဲ့ မင်းဆွေစိုးမျိုးက ဆင်းသက်လာတဲ့မင်းသားတစ်ပါး ဖြစ်ပါတယ်။ သူအသက် ၂၉နှစ်မှာ  စည်းစိမ်ချမ်းသာ ဩဇာကြီးမား အာဏာရှိန်ဝါ မြင့်မားပေမယ့် စစ်မှန်တဲ့ ပျော်ရွင်မှုကို ပေးစွမ်းနိုင်ခြင်းမရှိမှု၊ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကို ပေးစွမ်းနိုင်မှု မရှိခြင်း စတာတွေကြောင့် သူဟာ အသိပညာ အသစ်တွေကို ရှိဖွေခဲ့ပါတယ်။ ခြောက်နှစ်တိုင်တိုင် မြောက်များစွာသော နည်းလမ်းတွေနဲ့ ကျင့်ကြံပြီး နောက်ဆုံးမှာ နည်းရှစ်သွယ် အလယ်လမ်းကို တွေ့ခဲ့ပြီး သူဟာ နိုးထလာခဲ့ပါတော့တယ်။ သူဟာ မိမိကိုယ်ကိုဂေါတမလို့ အမည်ခံပြီး မဟာမုနိဗုဒ္ဓ အဖြစ် နောက် အသက် ၈၀ ပြည့်သည့်တိုင် သူရဲ့ ဓမ္မတွေကို ဖြန့်ဝေခဲ့ ပါတယ်။

ဗုဒ္ဓဝါဒက ရုပ်တုတွေကိုးကွယ်လား

          ရုပ်တုတွေဟာ သတိတရ အောက်မေ့ခြင်းအတွက် ထုလုပ်ပြီး သက်ရှိ ဗုဒ္ဓကို ရည်မှတ်ရည်စူး လေးစား သမှုပြုတာထက် မပိုပါဘူး။

ဗုဒ္ဓဝါဒ လက်ခံတဲ့ နိုင်ငံအများစုက ဘာလို့ ဆင်းရဲတာလဲ

          ဝါဒကို လက်ခံမှုပုံစံထက် အားနည်းတဲ့ ကိုးကွယ်မှုပုံစံနဲ့ လက်ခံကြတာက တစ်ကြောင်း၊ ရောင့်ရဲ တင်းတိမ်တဲ့ စိတ်ဓါတ်မြူခြင်းက တစ်ကြောင်းမို့ ဆင်းရဲ တယ်လို့ ယူဆတတ်ကြတာပါ။

ဗုဒ္ဓဝါဒမှာ ဘာတွေကွဲသေးလဲ

          မဟာယာန၊ ဟီနယာန၊ ဝဇိရယာန ဆိုပြီး မျိုးကွဲပါတယ်။ 

ဗုဒ္ဓဝါဒကလွဲပြီးကျန်တဲ့ ဝါဒတွေမှားသလား

          ဗုဒ္ဓရဲ့ ဝါဒဟာ အလယ်လမ်းစဉ်ဖြစ်တဲ့အတွက် သူ့ဝါဒကိုတောင် မှန်တယ်လို့ တိုက်ရိုက် လက်ခံမှုကို မပြုစေလိုပဲ သံသယထားရှိတတ်စေပါတယ်။ အခြားဝါဒတွေကို မှားတယ်လို့လည်း မဆိုသလို မှန်တယ် လို့လည်း မဆိုပါဘူး၊။


comments

There is no comment

Publish reply