Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

မြန်မာနိုင်ငံရှိ ဟိုတယ်များကို ကြယ်ပွင့်အဆင့်အတန်းများသတ်မှတ်ပေးသွားရန် စီစဉ်နေ

NPT News Team 2019-04-21 288

နေပြည်တော် ဧပြီ ၂၁။

မြန်မာနိုင်ငံရှိ ဟိုတယ်များကို ဟိုတယ်တစ်ခုချင်းစီအလိုက် ကြယ်ပွင့်အဆင့်အတန်းများ သတ်မှတ်ပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းမြင့်မားစေရေးနှင့် ၀န်ဆောင်မှု အရည်အသွေး ပိုမို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဟိုတယ်များ ကြယ်ပွင့်အဆင့်အတန်း သတ်မှတ်နိုင်ရေး အတွက် ညှိနှိုင်းအစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ခြင်းကို ကြယ်ပွင့်အဆင့်သတ်မှတ်ရေးအဖွဲ့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးအဖွဲ့ကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအသင်းနှင့် မြန်မာနိုင်ငံဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

" မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တွေ တိုးတက် ဝင်ရောက်စေရေးဆောင်ရွက်နေသလိုမြန်မာနိုင်ငံကအရင်ကဆိုဟိုတယ်တွေကိုကြယ်ပွင့် အဆင့်သတ်မှတ်ခဲ့မှု အခြေအနေနှင့် အခု အရင်ထက်ပိုမိုပြည့်စုံတဲ့ ကြယ်ပွင့်အဆင့်အတန်း တွေ သတ်မှတ်ရေး အတွက် ကျွမ်းကျင်ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ၊ ပုဂ္ဂလိကအသင်းတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဆောင် ရွက်ဖို့ စတင်စီစဉ်တာပါ"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကပြောပြသည်။

အဆိုပါအဖွဲ့သည် ပြည်ပကျွမ်းကျင်ပညာရှင်များနှင့်အတူ ရန်ကုန် ၊နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ငပလီ၊ ကော့သောင်းဒေသ များရှိ ဟိုတယ်များသို့ ကနဦး သွားရောက်လေ့လာ၍ မြန်မာနိုင်ငံ နှင့်သင့်လျော်မည့် ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းများကို ရေးဆွဲပြီး ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

comments

There is no comment

Publish reply