Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ပင်လယ်ပြင်တွင် ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများ သတ်မှတ်

NPT News Team 2019-04-21 238

နေပြည်တော် ဧပြီ  ၂၁။

မြန်မာ့ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းအတွင်းရှိ ကမ်းဝေးငါးဖမ်းကွက်များကို ငါးမဖမ်းရကာလနှင့် ငါးမဖမ်းရဧရိယာများကို  ဧပြီလ ၁၂ ရက်နေ့မှစ၍ သတ်မှတ်လိုက်ပြီဖြစ်ပြီး ငါးမဖမ်းရကာလမှာ သုံးလထိသတ်မှတ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ငါးဖမ်းကွက်များအတွင်း ငါးမဖမ်းရကာလကို ဇွန်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ သုံးလအကြာသတ်မှတ်ထားပြီး ငါး၊ ပုစွန်သားပေါက်ဖွားသည့် ရာသီချိန်တွင် ငါးနှင့် သက်ရှိသယံဇာတများကို ထိန်းသိမ်းနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပကမ်းဝေးငါးဖမ်းရေယာဉ်များကို လည်း ထုတ်ပြန်ချက်ဖြင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ အဆိုပါ ငါးမဖမ်းရသတ်မှတ်ထားသည့် ဧရိယာအတွင်း ကမ်းဝေးငါးဖမ်းလုပ်ကွက်ပေါင်း ၁၅၀ ခန့် ပါဝင်ကြောင်း  သိရသည်။

" သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ဦးစီးဌာနမှူးတွေအနေနဲ့ အခြေပြုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ ပြည်တွင်း၊ ပြည်ပ ကမ်းဝေးငါးဖမ်းရေယာဉ်တွေနဲ့ လုပ်ငန်းရှင်တွေကို တိကျစွာလိုက်နာဖို့ အသိပေးကြပ်မတ်ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားပြီးပါပြီ။ ဒါ့အပြင် ငါးပုစွန် သားပေါက်ဖွားချိန်အတွင်း တိုင်းနဲ့ပြည်နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနတွေအနေနဲ့ ငါးပုစွန် ၀ယ်ယူစုဆောင်းခြင်းနဲ့ ၀ယ်ယူစုဆောင်းခွင့် လိုင်စင်တွေထုတ်မပေးဖို့ကို လည်း ညွှန်ကြားထားပါတယ်။ လုပ်ငနိးရှင်တွေအနေနဲ့ကလဲ ပိတ်ထားတဲ့ကာလကို လျှော့ပေးဖို့ ကမ်းလှမ်းထာူတာတော့ရှိတယ်။ လျှော့ပေး မပေးကတော့ မသေချာပါဘူး။ လက်ရှိ ငါးသယံဇာတတွေကလဲ လျော့နဲနေပြီဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်နိုင်တဲ့အတိုင်းအတာတစ်ခုအနေနဲ့ ဒီသုံးလတော့ပိတ်ထာူဖြစ်မှာပါ" ဟု ငါးလုပ်ငန်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောသည်။

ထိုသို့ ညွှန်ကြားထားသည့် ညွှန်ကြားချက်များကို မလိုက်နာဘဲ ငါးပုစွန် သားပေါက်ချိန်ကာလအတွင်း ၀ယ်ယူစုဆောင်းခြင်းနှင့် တင်ပို့ခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပြီး မုတ်သုန်ရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ် လေဒဏ်ခိုလှုံနိုင်ရန်အတွက် ကျွန်းခိုရပ်နားနိုင်မည့် တည်နေရာများကိုလည်း သတ်မှတ်ပေးထားကြောင်း၊ ၎င်း သတ်မှတ်ပေးထားသည့် တည်နေရာများတွင် ရာသီဥတုခိုလှုံခြင်းကို အကြောင်းပြ၍ ကမ်းနီးဒေသအတွင်း ငါးပုစွန်ဖမ်းဆီးခြင်းကို စစ်ဆေးတွေ့ရှိပါကလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက ငါးမဖမ်းကာလကိုလျှော့ပေး၍ ငါးဖမ်းလှေများကိုလည်း လျှော့ချခွင့်ပြုပေးခဲ့ပြီး ယခုနှစ်တွင် ကမ်းဝေးငါးဖမ်းလှေတစ်စီးတလေမျှခွင့်ပြုပေးမည်မဟုတ်ကြောင်း သိရသည်။

comments

There is no comment

Publish reply