Myanmar Platform

Home>>News >> International 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

စပိန်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ပတ်သက်နေတဲ့ မရိန်းတပ်သားဟောင်းကို အမေရိကန် ဖမ်းဆီး

Tayza 2019-04-20 372

ဧပြီ ၂၁


ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပိန်နိုင်ငံ မက်ဒရစ်မြို့ ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းပြီး နည်းပညာပစ္စည်းတွေ ခိုးယူခဲ့တဲ့ အုပ်စုတစ်ခုနဲ့ ပတ်သက်နေတဲ့ မရိန်းတပ်သားဟောင်း တစ်ဦးကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ ခရစ္စတိုဖာ အန်းကိုတော့ ဧပြီ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့ပြီး   လော့စ်အိန်ဂျလိစ် ပြည်နယ်တရားရုံးမှာ စစ်ဆေးခဲ့တယ်လို့ ဥပဒေရေးရာအရာရှိတစ်ဦးက ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနကတော့ ဖြေကြားဖို့ ငြင်းဆန်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြသွားပါတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကတော့ မက်ဒရစ်သံရုံးအတွင်း အနည်းဆုံး လူ ၁၀ ထက်မနည်းပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့ကြပြီး သံရုံးမှ မထွက်ခွာခင် လူအချို့ ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ရိုက်နှက်ခဲ့ကြတယ်လို့ အစောပိုင်းကာလက စပိန်တရားရုံးကထုတ်ပြန်ချက်အရ သိရပါတယ်။

ဖဖော်ဝါရီလအတွင်း  သံရုံးဝင်ရောက်စီးနင်းသူတွေကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ဟာ အမေရိကန်ကို ထွက်မပြေးခင် သံရုံးအတွင်းရှိ ကွန်ပျူတာတွေနဲ့ ဟက်ဒရိုက်တွေ ယူဆောင်သွားခဲ့ပြီး အက်ဖ်ဘီအိုင်ကို လွှဲပြောင်းပေးခဲ့တယ်လို့ စပိန် စုံစမ်းရေးသမားတွေက စွပ်စွဲထားပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကျော်က အမေရိကန် အက်ဖ်ဘီအိုင်အဖွဲ့ က စပိန်အာဏာပိုင်တွေကို ပြန်လည်လွဲပြောင်းပေးခဲ့ပြီး အဆိုပါပစ္စည်းတွေကို စပိန်အာဏာပိုင်တွေက မြောက်ကိုရီးယားသံရုံးကို တဆင့် လွဲပြောင်းပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အဆိုပါသံရုံးတိုက်ခိုက်သူတွေဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ ကိုယ်ထူကိုယ်ထအဖွဲ့ ဝင်တွေ ဖြစ်ကြပြီး အဆိုပါပစ္စည်းတွေကို အမေရိကန်ကို လွှဲပြောင်းပေးခဲ့ကြတာ ဖြစ်တယ်လို့ စပိန်စုံစမ်းရေးအဖွဲ့က ယခုလအတွင်း ပြောကြားသွားပါတယ်။ Cheolima Civil Defence လို့ ခေါ်ဆိုတဲ့ ကင်ဂျုံအန်ကို ဆန့်ကျင်တဲ့ အဖွဲ့ ကတော့ ၎င်းတို့ဟာ တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘဲ သံရုံးအတွင်း ဖိတ်ကြားခံရကြောင်း ငြင်းဆိုသွားပါတယ်။

 မတ်လ ၂၆ ရက်နေ့ စပိန်တရားရုံးက ထုတ်ပြန်ချက်ထဲမှာတော့ တိုက်ခိုက်သူတွေထဲက သုံးဦးဟာ သံရုံးအရာရှိတစ်ဦးကို ဖမ်းဆီးပြီး မြောက်ကိုရီးယားနဲ့ သက်ဆိုင်တဲ့ပစ္စည်းတွေ ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ခိုက်သူတွေထဲက ခေါင်းဆောင်အချို့နာမည်တွေအရ အမေရိကန်နိုင်ငံသားတွေလို့ သိရပြီး တခြားနိုင်ငံသားတွေလည်း ပါဝင်နေကြောင်း ရိုက်တာက ဖော်ပြသွားပါတယ်။


-ref:reuters


comments

There is no comment

Publish reply