Myanmar Platform

Home>>News >> International 
  1. NO DATA
နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာဆုတံဆိပ်တွေရယူနိုင်ခဲ့တဲ့The Dark Cinema(မဟူရာရုပ်ရှင်ရုံ)[detail]
သရဲကို အယုံအကြည်မရှိတဲ့ ကိုယ်တောင်ဇာတ်ကားရိုက်နေတဲ့အတွင်းမှာကို စိတ်ခြောက်ခြားမိလို့ ကြည့်ပြီးတဲ့ပရိသတ်တွေရဲ့ဖီလင်ကို သိချင်မိတယ်ဆိုတဲ့ သရုပ်ဆောင်နန်းဆုဦး[detail]
စပိန်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ပတ်သက်နေတဲ့ မရိန်းတပ်သားဟောင်းကို အမေရိကန် ဖမ်းဆီး[detail]
'မဟူရာရုပ်ရှင်ရုံ' Red Carpet Show ပြုလုပ်ကျင်းပခဲ့[detail]
ရုပ်တု၊ ရုပ်ပွားတော်တွေကို အနေကဇာတင်ပြီးမှသာ ကိုးကွယ်သင့်သလား?[detail]

ပါကစ္စတန်ဈေးအတွင်း ပေါက်ကွဲမှုဖြစ်ပွား ၁၆ ဦး သေဆုံး အများအပြား ဒဏ်ရာရ

Tayza 2019-04-12 113

ဧပြီ ၁၂

ပါကစ္စတန်နိုင်ငံ အနောက်ပိုင်းမှာရှိတဲ့ ဟင်းသီးဟင်းရွက်ဈေးအတွင်း လက်လုပ်ဖောက်ခွဲရေးကိရိယာတစ်ခု ပေါက်ကွဲပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပါတယ်။

ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူထဲမှာ စစ်သားတစ်ဦးနဲ့ ဟာဇာရာအဖွဲ့ အဝင် ၈ ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ အဗ္ဗဒူ ရာဇစ် ချီမားကဆိုပါတယ်။

"ဆိုင်တစ်ခုမှာ ပေါက်ကွဲခဲ့တာပါ။ အာလူးအိတ်ထဲ ဒီဖောက်ခွဲရေးပစ္စည်းကို ထည့်ထားတာပါ။ ဒါကို အချိန်ကိုက်ထားတာဆိုတာတော့ ကျွမ်းကျင်သူတွေ ထုတ်ပြန်ပါလိမ့်မယ်"လို့ သူက ဆိုပါတယ်။

ကူတားမြို့  လဟာပြင်ဈေးအတွင်း ယနေ့ အစောပိုင်းက ပေါက်ကွဲခဲ့တာဖြစ်ပြီး ဈေးဆိုင်ပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းသမားတွေနဲ့ ဒေသခံအများအပြား သေဆုံးခဲ့ကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့လည်း သိရပါတယ်။

စစ်တပ်နဲ့ ကယ်ဆယ်ရေးသမားတွေပါ ပေါက်ကွဲမှုဖြစ်ရာကို ရောက်ရှိလာပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံပို့ဆောင်ပေးပြီး လုံခြုံရေးတပ်ဖွဲ့ တွေက ဗုံးပေါက်ကွဲရာကို စစ်ဆေးနေကြတယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့်အနီးအနားရှိ အဆောက်အဦးတွေပါ ပျက်စီးခဲ့မှုကြောင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ဆိုပြီး ကူတာမြို့ အာဏာပိုင်တွေက ဒီဖောက်ခွဲမှုကို ရှုတ်ချပြောဆိုထားပါတယ်။ 

ဟာဇာရာ ဈေးရောင်းချရာအသိုင်းအဝိုင်းဟာ ယခင်ကလည်း အလားတူ အကြမ်းဖက်မှုတွေရဲ့ ပစ်မှတ်ထားခန့်ထားရပြီး မကြာခဏဆိုသလို လူမျိုးရေး အကြမ်းဖက်မှုဒဏ်ခံရထားရပါတယ်။ ပါကစ္စတန်အခြေစိုက် လူအခွင့်အရေးကော်မရှင်အဆိုအရ ဟာဇာရာ လူမျိုးတွေရဲ့  မျက်နှာအသွင်အပြင်ကြောင့် တိုက်ခိုက်ခံရတာဖြစ်ပြီး၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ ငါးနှစ်ကြား ဟာဇာရာလူမျိုးပေါင်း ၅၀၉ ဦးအထိ အသတ်ခံထားရကြောင်း သိရပါတယ်။

_ref:upi


comments

There is no comment

Publish reply