Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

သင်္ကြန်ရောက်ရင်သီချင်းတွေဆိုပြီးပရိသတ်တွေနဲ့အတူဖြတ်သန်းချင်တဲ့အဆိုတော်ဖော်ကာ

Mi Hsu Mon 2019-04-12 497 Mi Hsu Mon

ဂီတလောကမှာ လူငယ်မျိုးဆက်သစ်အဆိုတော်တစ်ဦးအနေနဲ့ပရိသတ်တွေအားပေးမှု ကိုရရှိ ထားပြီးဖြစ်တဲ့ အဆိုတော်ဖော်ကာက ရန်ကုန်မြို့မင်းဓမ္မလမ်းက Summer Angel မဏ္ဍပ်မှာသူရဲ့ပရိသတ်တွေ ကိုဖျော်ဖြေရင်းသင်္ကြန်ရက်တွေကိုဖြတ်သန်းသွားမယ်လို့ပြောပါတယ်။


အဆိုတော်ဖော်ကာအနေနဲ့သင်္ကြန်ရက်တွေရောက်လာရင် ပရိသတ်တွေကိုသီချင်းတွေ သီဆိုဖျော် ဖြေရင်းနဲ့သာ ဖြတ်သန်းချင်တဲ့အကြောင်း “ သင်္ကြန်ရောက်လာရင်ကိုသီချင်းတွေပိုဆိုချင်တယ်။


ပရိသတ်တွေနဲ့အတူသီချင်းတွေဆိုရင်းကိုဖြတ်သန်းချင်တာကတော့နှစ်တိုင်းပါ။ အဆိုတော်ဖြစ်ပြီး ကျွန်တော် ၂၀၀၀အကျော်လောက်မှာကျွန်တော်သင်္ကြန်မှာသီချင်းစဆိုခွင့်ရတယ်။ အဲဒီတုန်းက အရမ်းကိုပျော်ဖို့ကောင်းတယ်။ သင်္ကြန်မဏ္ဍပ်တွေလည်းအများကြီးပဲအဲဒီတုန်းက။ မဏ္ဍပ်တစ်ခုပြီးတစ်ခုကူးတယ်။ အပျော်လွန်တာပေါ့ အဓိကကရန်ကုန်မှာသီချင်းဆိုခွင့်ရလို့ပါ” လို့ သင်္ကြန်နဲ့ ပတ်သက်တဲ့အမှတ်တရတချို့ကို ပြောပြပါတယ်။


အဆိုတော်ဖော်ကာအနေနဲ့ လက်ရှိမှာအွန်လိုင်းပေါ်မှာသူပရိသတ်တွေအတွက်တင်ပေးဖို့ အမ်တီဗီသီချင်းတစ်ပုဒ် ကိုရိုက်ကူးနေပြီး၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတစ်ခု ပြုလုပ်နိုင်ဖို့ကိုလည်းကြိုးစားနေကြောင်းသိရပါတယ်။

Photo Credit-FK

 


comments

There is no comment

Publish reply