Myanmar Platform

  1. NO DATA
နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာဆုတံဆိပ်တွေရယူနိုင်ခဲ့တဲ့The Dark Cinema(မဟူရာရုပ်ရှင်ရုံ)[detail]
သရဲကို အယုံအကြည်မရှိတဲ့ ကိုယ်တောင်ဇာတ်ကားရိုက်နေတဲ့အတွင်းမှာကို စိတ်ခြောက်ခြားမိလို့ ကြည့်ပြီးတဲ့ပရိသတ်တွေရဲ့ဖီလင်ကို သိချင်မိတယ်ဆိုတဲ့ သရုပ်ဆောင်နန်းဆုဦး[detail]
စပိန်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ပတ်သက်နေတဲ့ မရိန်းတပ်သားဟောင်းကို အမေရိကန် ဖမ်းဆီး[detail]
'မဟူရာရုပ်ရှင်ရုံ' Red Carpet Show ပြုလုပ်ကျင်းပခဲ့[detail]
ရုပ်တု၊ ရုပ်ပွားတော်တွေကို အနေကဇာတင်ပြီးမှသာ ကိုးကွယ်သင့်သလား?[detail]

နာလန်ထဖို့ ခဲယဉ်းစေတဲ့ အစားအသောက်များ

Jasmine 2019-04-11 139 Lifehack


အအေးမိဖျားနာနေစဉ် ကာလအတွင်းမှာ ကိုယ်စားသောက်တဲ့ အစားအစာက ကျန်းမာရေးနဲ့ ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ အစားအသောက်ကို မှန်မှန်ကန်ကန် ရွေးချယ်စားသုံးတတ်မှ အဖျားမြန်မြန် ပျောက်ကင်းနိုင်မှာပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကသာ အလျင်မြန်ဆုံး နာလန်ပြန်ထဖို့ အတွက် အထောက်အကူဖြစ်စေမှာပါ။ ဒါ့ကြောင့် ဖျားနာနေစဉ်အတွင်း အာဟာရ မပြည့်ဝတဲ့ အစားအစာများကို စားသုံးမိမယ်ဆိုရင် အခြေအနေပိုဆိုးသွား နိုင်တာကြောင့် ရှောင်ကြဉ် သင့်တဲ့ အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။


(၁) ဆိုဒါပါဝင်တဲ့အဖျော်ယမကာများ


ဆိုဒါပါဝင်တဲ့ အအေး၊ ဖျော်ရည်တွေက ကဖင်းဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်း ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ဆိုဒါဖျော်ရည်တွေက သကြားဓာတ်၊ ကလူးကို့စ် ဓာတ်ပါဝင်တာကြောင့် နာလန်ထခြင်းကို နှောင့်နှေးကြန့်ကြာသွားစေပါတယ်။


(၂) အချိုဓာတ်လွန်ကဲတဲ့ အစားအစာများ


အချိုရည်၊ ဖျော်ရည်တွေကို ရှောင်ကြဉ်သင့်ရုံသာမက အချိုဓာတ်၊ သကြားဓာတ်ပြည့်ဝတဲ့ အစားအစာများကိုလည်း မစားသုံးသင့်ပါဘူး။ ဖျားနာနေစဉ်တွင်း သကြားဓာတ်လွန်ကဲနေမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျဆင်းစေပြီး ဘတ်တီးရီးယားပိုးမွှားများ အလွယ်တကူ ကူးစက်နိုင်တဲ့ အတွက် ရှောင်ကြဉ်သင့်ပါတယ်။


(၃) လိမ္မော်ဖျော်ရည်


ဖျားနာနေစဉ် နုံးချိချိဖြစ်ခြင်းကို ကုသဖို့အတွက် လိမ္မော်ရည်၊ သံပုရာရည်ကို သောက်သုံးတတ်ကြ ပါတယ်။ အမှန်တကယ်လည်း လန်းဆန်းလာစေပါတယ်။ ဒါပေမယ့် အအေးမိဖျားနာတဲ့ သူတွေ လိမ္မော်ရည်၊ သံပုရာရည်ကို အထူးရှောင်ဖို့ လိုပါတယ်။ လိမ္မော်ရည်က လည်ချောင်းနာ၊ ချောင်းဆိုးခြင်းကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အတွက်ကြောင့်ပါ။


(၄) ကော်ဖီ


ဖျားပြီဆိုတာနဲ့ အရည်ပဲသောက်ရမယ်၊ အဖတ်မစားရဘူးလို့ ဆရာဝန်က မှာလိုက်တာနဲ့ ကော်ဖီ ပူပူလေး တစ်ခွက်ကို ပြေးမြင်မိကြပါတယ်။ ကော်ဖီပူပူလေးက ခန္ဓာကိုယ်ကို နွေးထွေး သွားစေတယ် ဆိုပေမယ့် ဖျားနာနေတဲ့အတွက်ကြောင့် ခေါင်းမူးခေါင်းနောက်ခြင်းမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်ကြောင့် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေတဲ့ အတွက် နေမကောင်းဖြစ်နေချိန် ရှောင်ကြဉ်သင့်ပါတယ်။ ကော်ဖီအစား နွားနို့၊ အိုဗာတင်းတို့ကို သောက်သုံးနိုင် ပါတယ်။


(၅) ဆီကြော်မုန့်၊ အာလူးကြော်


ဆီကြော်အစားအစာတွေကလည်း သင့်အတွက် အာဟာရမဖြစ်စေပါဘူး။ အထူးသဖြင့် ဖျားနာ နေစဉ်မှာ အာလူးကြော်လိုမျိုး ဆီကြော်မုန့်တွေကို စားသုံးမိမယ်ဆိုရင် လည်ချောင်းယားယံပြီး ချောင်းဆိုးခြင်းကို ဖြစ်ပေါ်စေတဲ့ အတွက်ကြောင့်ပါ။


comments

There is no comment

Publish reply