Myanmar Platform

  1. NO DATA
နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာဆုတံဆိပ်တွေရယူနိုင်ခဲ့တဲ့The Dark Cinema(မဟူရာရုပ်ရှင်ရုံ)[detail]
သရဲကို အယုံအကြည်မရှိတဲ့ ကိုယ်တောင်ဇာတ်ကားရိုက်နေတဲ့အတွင်းမှာကို စိတ်ခြောက်ခြားမိလို့ ကြည့်ပြီးတဲ့ပရိသတ်တွေရဲ့ဖီလင်ကို သိချင်မိတယ်ဆိုတဲ့ သရုပ်ဆောင်နန်းဆုဦး[detail]
စပိန်ရှိ မြောက်ကိုရီးယားသံရုံးကို ဝင်ရောက်စီးနင်းခဲ့မှုနဲ့ပတ်သက်နေတဲ့ မရိန်းတပ်သားဟောင်းကို အမေရိကန် ဖမ်းဆီး[detail]
'မဟူရာရုပ်ရှင်ရုံ' Red Carpet Show ပြုလုပ်ကျင်းပခဲ့[detail]
ရုပ်တု၊ ရုပ်ပွားတော်တွေကို အနေကဇာတင်ပြီးမှသာ ကိုးကွယ်သင့်သလား?[detail]

နားထဲရေဝင်ပြီး နားကိုက်ခြင်းအတွက် သက်သာစေမယ့်နည်းလမ်းများ

Jasmine 2019-04-11 183 Liefhack


ဘတ်တီးရီးယား ပိုးဝင်ခြင်းကြောင့် နားကိုက်ခြင်း၊ ရေဝင်ပြီး မှိုရောဂါကြောင့် နားယားယံခြင်း နားကိုက်ခြင်း အပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ချို့တဲ့မှု တွေကြောင့် နားကိုက်ရခြင်း စတဲ့ ကျန်းမာရေး ပြဿနာအမျိုးမျိုးကြောင့် လူကြီး၊ လူငယ်မရွေး နားကိုက်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် နားတွင်းမှာ ပြည်ယိုနေလား၊ နားယောင်ရမ်းနေလား၊ အရည်တွေထွက်နေလား ဆိုတာကို သေချာစစ်ဆေးကြည့်ပါ။ နောက်ပြီး အကြားအာရုံပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်လာပြီဆိုရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ထံ သွားပြဖို့ အကြံပြုပါရစေ။ ဒီလိုမဟုတ်ဘဲ ရေတွေကြောင့်နားယားမယ်၊ နားကိုက်မယ်ဆိုရင်တော့ ဒီနည်းလမ်းအတိုင်း နာကျင်မှု သက်သာအောင် ကုသနိုင်ပါတယ်။


ပထမဦးဆုံး နည်းလမ်းအနေနဲ့ နားတစ်ဝိုက်ကို ရေနွေးအဝတ်နဲ့ အုံထားပေးလို့ရပါတယ်။ ကြက်သီးရေ နွေးနွေးလေးထဲကို နူးညံ့တဲ့ အဝတ်သန့်သန့်တစ်ခု နှစ်လိုက်ပြီး ရေစင်အောင် ညှစ်လိုက်ပါ။ ခပ်နွေးနွေး လေးဖြစ်နေတဲ့ အဝတ်စနဲ့ နားတစ်ဝိုက်ကို ကပ်ထားပေးပါ။ နောက်ပြီး ပိုးမွှားအညစ် အကြေးများ ဖယ်ရှားဖို့အတွက် နားတစ်ဝိုက်ကို ဒီအဝတ်စနဲ့ပဲ သန့်စင်ပေးပါ။ အဝတ်စအေးသွားရင် ရေနွေးနဲ့ပြန်စိမ်ပြီး ဒီနည်းအတိုင်း ထပ်လုပ်ပါ။ ၁၀ မိနစ်လောက်အကြာမှာ နားကိုက်ခြင်း၊ နားယားယံခြင်း သက်သာလာပါလိမ့်မယ်။


ရေနွေးအဝတ်နဲ့ မလုပ်ချင်ဘူးဆိုရင်လည်း ရေအေးအေးလေးထဲ အဝတ်စိမ်ပြီး အပေါ်မှာ ဖော်ပြပေးခဲ့  တဲ့ နည်းလမ်းအတိုင်း လုပ်လို့ရပါတယ်။ ရေအေးအေးလေးထဲကို အဝတ်သန့်သန့် စိမ်ပြီး ရေစင် အောင် ညှစ်လိုက်ပါ။ အဝတ်စရဲ့ အအေးဓာတ်က နားကျင်ကိုက်ခဲမှုကို သက်သာစေတဲ့ အတွက် နားတစ်ဝိုက်  ကို ၃မိနစ်ခြားကို ၁၀ မိနစ်လောက် ပြုလုပ်ပေးမယ်ဆိုရင် နားကိုက်တဲ့ဝေဒနာ သက်သာ လာပါလိမ့်မယ်။


နောက်ထပ် နားကိုက်တာသက်သာစေတဲ့ သဘာဝ ဆေးကတော့ မိခင်နို့ရည်ပါပဲ။ မိခင်နို့ရည်မှာက ပိုးမွှားများကို သေစေနိုင်တဲ့ သဘာဝဓာတ်ပစ္စည်းတွေ ပါဝင်တဲ့အတွက် စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။ မိခင်နို့ရည်တစ်စက်ကို နားထဲ အစက်ချပေးရမှာပါ။ နို့ရည်တစ်စက်ပဲ ဆိုတော့ dropper ကိုအသုံးပြုရင် ပိုအဆင်ပြေပါလိမ့်မယ်။ တစ်နာရီခြားတစ်ကြိမ်လောက် ဒီနည်းအတိုင်း ပြုလုပ်ပေးလို့ ရပါတယ်။


နားကိုက်နေတဲ့အချိန်မှာ အိပ်စက်အနားယူတဲ့ အနေအထားကိုလည်း သတိထားဖို့ လိုပါတယ်။ နားကိုက်တဲ့ဘက်ကို ဖိပြီး အိပ်စက်တာက နားကိုက်ခြင်းကို ပိုမိုဖြစ်ပေါ် စေတဲ့ အတွက်ကြောင့်ပါ။ နောက်ပြီးတော့ ခေါင်းအုံးကိုလည်း နေပူလှမ်းပြီး ခေါင်းအုံစွပ်ကို ၃ရက်ခြားတစ်ကြိမ် လဲလှယ် အသုံးပြုဖို့ မမေ့ပါနဲ့။


comments

There is no comment

Publish reply