Myanmar Platform

  1. NO DATA
Brexitခွဲထွက်ရေး မပြေလည်မှုကြောင့် အတိုးနှုန်းများ ထိန်းသိမ်းထားရန် အင်္ဂလန်ဘဏ် ပြင်ဆင်[detail]
အဆိုတော်နိုဗန်ထူးအပြင် FG Live Lounge ပွဲမှာပါဝင်ဖျော်ဖြေသွားကြမယ့်အဆိုတော် တွေကဘယ်သူတွေဖြစ်မလဲ[detail]
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အမည်ခံလျက် ရုံးခန်းဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများကော်မရှင်နှင့် သက်ဆိုင် မှုမရှိဘူးလို့ ထုတ်ပြန်[detail]
ပိန္နဲသီးကနေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ[detail]
ကွမ်းခြံကုန်းမြို့နယ်ရှိ ဒေသခံများ ရေလုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်စေရန် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ဖွဲ့စည်းသော နည်းဖြင့် ခွင့်ပြုပေးသွားမည်[detail]

ကိုယ်ပိုင်ကားလေးနဲ့ ခရီးသွားမယ့်သူတွေ သိထားသင့်တဲ့အချက်များ

Jasmine 2019-04-11 846 Lifestyle


ခရီးသွားရတာကို ဘယ်တော့မှ မငြီးငွေ့တတ်တဲ့ ခရီးသွားချစ်သူတွေ အတွက် ကိုယ့်ရဲ့ ကိုယ်ပိုင်ကားလေးနဲ့ ခရီးရှည်ထွက်တော့မယ်ဆိုရင် ဘယ်လိုအရာတွေ ဆောင်သင့်၊ ရှောင်သင့်လဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဒါမှလည်း ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စွာနဲ့ ပျော်ရွှင်ဖွယ် ခရီးလေးကို ဖန်တီးနိုင်မှာပါ။


(၁) ဆီရှိ၊ မရှိ အမြဲစစ်ဆေးပါ


ခရီးမသွားခင် ကတည်းက ကားရဲ့ အခြေအနေ၊ ဆီရှိ၊ မရှိကို သေချာစစ်ဆေးပါ။ လမ်းမှာလည်း ဆီပြတ်သွားတာမျိုး မဖြစ်ရလေအောင် မကြာမကြာ ဆီကို check လုပ်ပါ။ ဓာတ်ဆီဆိုင်နဲ့ အလှမ်းဝေး နေသေးလား၊ လမ်းခရီးအခြေအနေ၊ ဆိုင်နေရာတွေကို သိနိုင်ဖို့အတွက် google map ကို အသုံးပြုနိုင် ပါတယ်။


(၂) ရေဓာတ်ဖြည့်တင်းပေးပါ


ခရီးသွားတဲ့အခါမှာ ရေဓာတ်ဖြည့်တင်း ဖို့ကိုလည်း မမေ့ပါနဲ့။ ကားစီးတဲ့အခါမှာ လူကလည်း ပင်ပန်းနေတာကြောင့် အားအင်ဆုတ်ယုတ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ရေဓာတ်ခမ်းခြောက်နေမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရေကို လိုအပ်သလောက် ပုံမှန်လေး ဖြည့်တင်းပေးပါ။


(၃) သက်တောင့်သက်သာထိုင်ပါ


ကားမောင်းတဲ့သူပဲဖြစ်ဖြစ်၊ အတူလိုက်ပါတဲ့သူပဲ ဖြစ်ဖြစ် ကားစီးတဲ့အခါမှာ သက်တောင့်သက်သာ အနေအထားမျိုး ဖြစ်နေဖို့ လိုပါတယ်။ အထူးသဖြင့် ခါးကို မတ်မတ်ထားတာက သင့်ကိုညောင်းညာ ကိုက်ခဲတဲ့ ဒဏ်က ကင်းဝေးစေမှာပါ။ နောက်ပြီးတော့ ခရီးမထွက်ခင်မှာကတည်းက အကြောလျော့ လေ့ကျင့်ခန်းတွေ ကြိုလုပ်ထားသင့်ပါတယ်။


(၄) သီချင်းဖွင့်ပါ


ကားမောင်းရတဲ့သူ ပျင်းရိတာ၊ အိပ်ငိုက်တာက အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် ကားပေါ်လိုက်ပါလာတဲ့ သူတွေကလည်း ကားမောင်းသူနဲ့ စကားပြောပေးတာမျိုး active ဖြစ်အောင် လုပ်ပေးပါ။ ဒီလို မဟုတ်ရင်လည်း သီချင်းမြူးမြူးလေးဖွင့်ပြီး ခရီးဆက်နိုင်ပါတယ်။


(၅) ၂နာရီ၊ ၃နာရီခြားတစ်ကြိမ်နားပါ


လမ်းပေါ်မှာဖြစ်ဖြစ်၊ ဆိုင်တစ်ဆိုင်မှာပဲဖြစ်ဖြစ်၊ ၂နာရီ ၃နာရီခြားတစ်ခါလောက် နားသင့်ပါတယ်။ အပြင်လေရှူတာ၊ လမ်းထလျှောက်တာမျိုးပေါ့။ ဒီလိုပြုလုပ်ခြင်းက ပင်ပန်းနွမ်းနယ်မှုကိုလည်း ပြေလျော့စေပါတယ်။


(၆) အဆာပြေစားနိုင်မယ့် မုန့်ဆောင်ထားပါ


လမ်းပေါ်မှာ အဆာပြေစားသောက်နိုင်မယ့် မုန့်တွေကို လုံလုံလောက်လောက် ယူသွားပါ။ အထူးသဖြင့် highway လမ်းတွေ မောင်းရတော့မယ်ဆိုရင် စားသောက်ဆိုင်နဲ့ အလှမ်းဝေး နေတတ်ပါတယ်။ ဒါ့ကြောင့် ခရီးသွားတော့မယ်ဆိုရင် အဆာပြေစားနိုင်မယ့် မုန့်တွေကို အလုံ အလောက် ထည့်သွားဖို့ အရေးကြီးပါတယ်။


comments

There is no comment

Publish reply