Myanmar Platform

Home>>News >> Domestic 
  1. NO DATA
ပရိသတ်တွေခန့်မှန်းနေကြတဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုဘယ်အနုပညာ ရှင်တွေရရှိမလဲ[detail]
ဗီယက်နမ် ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲကို မြန်မာယူ-၁၈ အသင်း ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်[detail]
မတ်လ ၂၂ ရက်မှ စတင်ကာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲများကို မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်[detail]
မြိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး[detail]
ကမ္ဘာ့ဘဏ်မှအခြေခံပညာနှင့်ကျောင်းပြင်ပပညာရေးအတွက်ထောက်ပံ့ရန်မြို့နယ် (၁၂)ခုကိုရွေးချယ်ရန်လျာထား[detail]

ဂျပန်၊ တရုတ် နှင့် အမေရိကန်တို့အပါအဝင် နိုင်ငံပေါင်း ၁၂၀ တွင် ဆိုင်ခွဲပေါင်း ၃၀၀ ခန့် လှစ်ထားသည့် Little Sheep ဟော့ပေါ့ဆိုင် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်

Bo Than 2019-03-15 56

ရန်ကုန်၊ မတ်လ 


ဂျပန်၊ တရုတ် နှင့် အမေရိကန်တို့အပါအဝင် နိုင်ငံပေါင်း ၁၂၀ တွင် ဆိုင်ခွဲပေါင်း ၃၀၀ ခန့် လှစ်ထားသည့် Little Sheep ဟော့ပေါ့ဆိုင် မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ Little Sheep ဟော့ပေါ့ဆိုင်ကို Shanghai, Hong Kong, Tokyo, New York, Toronto, Melbourne နှင့် Ulaanbaatar အစရှိသည့် ဒေသပေါင်း ၁၂၀ တွင် ဆိုင်ခွဲပေါင်း ၃၀၀ နီးပါး ဖွင့်လှစ်ထားရှိထားပြီး မြန်မာနိုင်ငံတွင် ကမ္ဘာ့နာမည်အကြီးဆုံး ဟော့ပေါ့စားသောက်ဆိုင်တွေအနက် တစ်ခုဖြစ်သည့် အဆိုပါဆိုင်ကို ကမ္ဘောဇလမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းထောင့်အနီး၊ အမှတ် ၁၄/၁၄ (ဘီ) ကမ္ဘောဇလမ်း၊ ရွှေတောင်ကြား (၁) ရပ်ကွက်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Little Sheep မှ တာဝန်ရှိသူတစ်ဦးက "Little Sheep ကမ္ဘာ့နံပါတ်တစ်အကြီးဆုံး နိုင်ငံတကာတရုတ်စားသောက်ဆိုင်ခွဲတစ်ခုဖြစ်ပါတယ်။ စင်္ကာပူ၊ သြစတြေးလျ၊ တရုတ်၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေမှာ စားသောက်ဆိုင်များ ဖွင့်လှစ်ခဲ့တာ ၁၉ နှစ်ရှိခဲ့ပြီဖြစ်ပြီး အခု မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ။ ဟော့ပေါ့ စားရတဲ့အတွေ့အကြုံတိုင်းကနေ ထူးကဲတဲ့အရသာကောင်းကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူ မျှဝေဖို့နဲ့ အမှတ်တရရှိစေဖို့အတွက် Little Sheep မွှေးပျံ့ပြီးအရသာရှိတဲ့ ဟင်းရည်နဲ့အတူ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ အဆင့်မြင့် အသားများကိုလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်ပါရစေ" လို့ဆိုပါတယ်။

Little Sheep ရဲ့အထင်ကရဟင်းရည်ကြောင့် နာမည်ကြီးလူ သိများတာဖြစ်ပြီး ဟင်းရည်ကို အနံ့အရသာ ၅ မျိုးနဲ့ ကမ္ဘာအနှံ့က ဟင်းခတ်အမွှေးအကြိုင် ၇ မျိုးတို့ကို အသုံးပြု၍ ပေါင်းစပ်ချက်ပြုတ်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။


comments

There is no comment

Publish reply