Myanmar Platform

Home>>News >> International 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ရုရှားနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံးသဘာဝဓာတ်ငွေ့ထုတ်လုပ်မှု နိုင်ငံဖြစ်လာနိုင်တယ်လို့ ရှဲလ်ကုမ္ပဏီ စီအီးအိုပြောကြား

Shwe Wutt Hmone 2019-03-15 537 sputniknews.com

ရုရှား၊ မတ် ၁၅

ရုရှားနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီ ရှဲလ်ရဲ့ စီအီးအို ဘန်ဗန်ဘီရူဒန်က ရုရှားနိုင်ငံတကာသ တင်းအေဂျင်စီ အာရ်အိုင် အေ နိုဗိုစတီအတွက် ဆောင်းပါးသတင်းရေးသားချက်ထဲ ရေးသားဖော်ပြထားပါတယ်။

“ စွမ်းအင်လိုအပ်မှုမြင့်မားလာတာကြောင့် ကမ္ဘာမှာသဘာဝဓာတ်ငွေ့ ပိုမိုလိုအပ်လာပါတယ်။ ပါဝါလည်ပတ်တဲ့ လုပ်ငန်းတွေမှာ ကျောက်မီးသွေးတွေအသုံးပြုခြင်း အစားထိုးဖို့ စွမ်းအင်အမျိုး အစားအသစ် သဘာဝဓာတ်ငွေ့ တွေကို ဖြည့်ဆည်းဖို့အတွက်ပါ။ရုရှားအစိုးရအတွက် အခွင့် အလမ်းကလည်း ကြီးမားပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့ တင်ပို့ မှုဖြစ်ပြီးတော့ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးဆိုင်ရာ သဘာဝဓာတ်ငွေ့ အရောင်းအဝယ် လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒုတိယအကြီးများဆုံးသဘာဝဓာတ်ငွေ့ထုတ်လုပ်သူ၊ ဒါမှမဟုတ် အကြီးမားဆုံးလည်းဖြစ်နိုင်ပါတယ်” လို့ ဗန်ဘီရူဒန်က ပြောကြားခဲ့ပါတယ်။

ရှဲလ်စီအီးက ရုရှားနိုင်ငံဟာ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အချိန်အနည်း ငယ်အတွင်းမှာ အ လုပ်တွေအများအပြားလုပ်ဆောင်ခဲ့တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ တရားဝင်စာရင်းမှတ် တမ်းတွေအရ ပြီးခဲ့တဲ့ နှစ်ပေါင်း  ၂၀ မှာ ရုရှားစွမ်းအင်ကုမ္ပဏီ ဂတ်ဇ်ပရွန်းနဲ့ ရှဲလ်ကုမ္ပဏီတို့ ပူးပေါင်းပြီး နော့ဒ်စတွင်းမ်ပိုက်လိုင်းတစ်ခုတည် ဆောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာဆိုရင်လည်း အဆိုပါ သဘာဝဓာတ်ငွေ့ ဂတ်စ်ပိုက်လိုင်း အမှတ် ၂ ကိုလည်း တည်ဆောက်ပြီးစီးပြီဖြစ်ကာ ရုရှားကုမ္ပဏီနဲ့ ရှဲလ်ရေနံလုပ်ငန်း၊ အခြားဥရောပကုမ္ပဏီ လုပ်ငန်းတွေ ပူးတွဲလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Source:sputniknews.com


comments

There is no comment

Publish reply