Myanmar Platform

Home>>News >> Domestic 
  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

သတ်မှတ်စည်းကမ်းများ လိုက်နာမှု မရှိသည့် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ " အေးမြကြည် "သာက်ရေသန့်လုပ်ငန်းစက်ရုံကို ပိတ်သိမ်

Bo Than 2019-03-15 537

ရန်ကုန်၊ မတ်လ


သတ်မှတ်စည်းကမ်းများ လိုက်နာမှု မရှိသည့် ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ  " အေးမြကြည် "သာက်ရေသန့်လုပ်ငန်းစက်ရုံကို ပိတ်သိမ်းလိုက်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ သိရပါတယ်။

  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်သည် တိုင်ကြားချက်အရ မြို့ နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များနှင့်အတူ လှိုင်မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်းထောက်ခံချက်မရှိသော 'အေးမြကြည်' သောက်ရေသန့်လုပ်ငန်းတစ်ခုအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ရာ ၎င်းသောက်ရေသန့်လုပ်ငန်းမှာ စက်ရုံဖွဲ့စည်းပုံ(Layout) မရှိခြင်း၊ စက်ရုံထုတ်လုပ်မှုအလိုက်အခန်းများမရှိခြင်း၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ် မလုပ်ခြင်းနှင့် ထိန်းသိမ်းမှုမရှိခြင်း၊ စက်ရုံအတွင်း သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် စက်ရုံမှာ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ်(GMP)နှင့် ကိုက်ညီမှု မရှိကြောင်းတွေ့ရှိရပါ၍ စက်ရုံအား ပိတ်သိမ်းခဲ့ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်ခံဝန်ကတိရေးထိုးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသားအစားအသောက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်က ထုတ်ပြန်ထားပါတယ်။


comments

There is no comment

Publish reply