Myanmar Platform

Home>>News >> International 
  1. NO DATA
ပရိသတ်တွေခန့်မှန်းနေကြတဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုဘယ်အနုပညာ ရှင်တွေရရှိမလဲ[detail]
ဗီယက်နမ် ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲကို မြန်မာယူ-၁၈ အသင်း ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်[detail]
မတ်လ ၂၂ ရက်မှ စတင်ကာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲများကို မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်[detail]
မြိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး[detail]
ကမ္ဘာ့ဘဏ်မှအခြေခံပညာနှင့်ကျောင်းပြင်ပပညာရေးအတွက်ထောက်ပံ့ရန်မြို့နယ် (၁၂)ခုကိုရွေးချယ်ရန်လျာထား[detail]

ရှီကိုကူး လျှပ်စစ် နျူကလီးယားဓါတ်ပေါင်းဖို ပိတ်ပစ်ဖို့ တောင်းဆိုချက် ဂျပန်တရားရုံး ပယ်ချ

Tayza 2019-03-15 68

မတ် ၁၅

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ အထက်တန်းတရားရုံးတစ်ခုက ရှီကိုကူး လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီက ဆောင်ရွက်နေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖို ပိတ်ပစ်ဖို့ တရားစွဲဆိုချက်ကို ယနေ့ သောကြာနေ့မှာ ပယ်ချလိုက်ကြောင်း ဒေသခံ ကျိုဒိုသတင်းက ဖော်ပြသွားပါတယ်။

ယာမူဂူချီ ခရိုင်တရားရုံး ဌာနခွဲတစ်ခုက အိကာတာ နျူကလီးယားစက်ရုံရှိ အမှတ် ၃ ဓါတ်ပေါင်းဖိုကို ပိတ်ပစ်ဖို့ ဒေသခံ နေထိုင်သူတွေရဲ့  တရားစွဲဆို တိုင်တန်းချက်ကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ကျိုဒိုသတင်းဌာနက ဆိုပါတယ်။

အဆိုပါ မီဂါဝပ် ၈၉၀ အင်အားရှိ ဓါတ်ပေါင်းဖိုကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ နှစ်က စတင်ပြန်လည် လည်ပတ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စွမ်းအင် အပြည့်အဝနဲ့ လည်ပတ်နေကြောင်းလည်း သိရပါတယ်။

အခုလို စက်ရုံပြန်လည် လည်ပတ်ခွင့်ဟာ စက်တင်ဘာ နှောင်းပိုင်းက ဟီရိုရှီးမား တရားရုံးချုပ်က ဓါတ်ပေါင်းဖို ရပ်ဆိုင်းဖို့အမိန့်ကို ရုပ်သိမ်းခဲ့ပြီးနောက် ရရှိခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်က ဓါတ်ပေါင်းဖိုမှာ စက်တစ်ခုချို့ ယွင်းချက်ဖြစ်ပြီးနောက် ရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခံခဲ့ရတာပဲဖြစ်ပါတယ်။

နျူကလီးယားစွမ်းအင်ဟာ ဂျပန်နိုင်ငံမှာတော့ လူကြိုက်မများတဲ့ စွမ်းအင်ထုတ်လုပ်ရေး အခွင့်အလမ်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယား ဘေးအန္တရာယ်ဖြစ်ပွားခဲ့ပြီးနောက် အဲဒီမတိုင်ခင်က ရှိခဲ့တဲ့ ဓါတ်ပေါင်းဖို ၅၄ ခုထဲက တစ်ခုကိုသာ ပြန်လည် လုပ်ဆောင်ခွင့် ပြုထားတာပဲဖြစ်ပါတယ်။


_ref:reuters


comments

There is no comment

Publish reply