Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ဒေါင်းရဲ့မျက်လုံးအကြည့်စူးစူးတွေကိုအရမ်းသဘောကျမိတယ်ဆိုတဲ့သရုပ်ဆောင်အိန်ဂျယ်လမုန်

Tin Sandi Nay Win 2019-03-15 417



မိန်းကလေးပရိသတ်များရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့သရုပ်ဆောင်ဒေါင်းကိုဇာတ်ကားအတူတူရိုက်ကူးခဲ့ဘူးတဲ့သရုပ်ဆောင်အိန်ဂျယ်လမုန်ကသူ့ရဲ့အားသာချက်ကဘုရားပေးတဲ့ဆုလို့ပြောလို့ရတယ်။သူ့မျက်လုံးပေါ့။ သူ့မျက်လုံးကိုကဘာမှမလုပ်ပဲနဲ့ကိုစကားပြောနေတယ်လို့ပြောပါတယ်။

1552631579366.jpg

“ဒေါင်းကိုသူများတွေလိုပဲနှင်းဆီပန်းကလေးနဲ့သူနဲ့ကိုစပြီးသတိထားမိသွားတယ်။သတိထားမိလို့သိပ်မကြာဘူး သူနဲ့ရုပ်ရှင်ကားကြီးရိုက်ဖို့ကမ်းလှမ်းခံရတယ်။ရုပ်ရှင်ရိုက်တုန်းကလည်းညီမတို့နှစ်ယောက်စလုံးသရုပ်ဆောင် ရာမှာလည်းတစ်ယောက်နဲ့တစ်ယောက်အပေးအယူမျှပါတယ်။သူကအရမ်းသဘောကောင်းပါတယ်။မောက်မာ တာတွေမရှိဘူး။

1552631594667.jpg

သူနဲ့ရိုက်ရတဲ့အပေါ်မှာတစ်ခြားဘာခံစားချက်မှတော့မရှိပါဘူး။အလုပ်လုပ်ရတာကောင်းတယ်။တိကျတယ်။တော်တယ်။ပြတ်သားတယ်။အရမ်းအဆင်ပြေတယ်။သူ့ရဲ့အားသာချက်ကဘုရားပေးတဲ့ဆုလို့ပြောလို့ရတယ်။သူ့မျက်လုံးပေါ့။သူ့မျက်လုံးကိုကဘာမှမလုပ်ပဲနဲ့ကိုစကားပြောနေတယ်။

155263160965.jpg

လူတစ်ယောက်ကိုသူကြည့်နေပြီဆိုရင်မျက်လုံးကိုကစကားပြောနေသလိုဖြစ်တယ်။မိန်းကလေးတွေဆိုမခံနိုင်ဘူးလို့ပြောကြတယ်။အိန်ဂျယ့်သူငယ်ချင်းတွေဆိုတီဗီထဲကနေမြင်နေရတဲ့သူ့မျက်လုံးကိုတောင်အကြည့်မခံနိုင်ဘူးဆိုပြီးပြောကြတယ်။ အဲ့ဒီလိုပြောကြတာဟုတ်မှာပါ။

1552631624853.jpg

အိန်ဂျယ်တောင်ဇာတ်ကားရိုက်ရင်းငါ့ကိုသိပ်မကြည့်နဲ့ဆိုပြီးပြောမိတယ်။သူ့မျက်လုံးကအရမ်းစူးရှတယ်။မျက်လုံးအားအရမ်းကောင်းတယ်။သူ့မျက်လုံးကိုကဆွဲဆောင်မှုရှိပြီးအရမ်းအသက်ဝင်လွန်းတယ်။အဓိပ္ပာယ်ရှိလွန်းတယ်”လို့ဆိုပါတယ်။


comments

There is no comment

Publish reply