Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

Social Media ကြောင့် Relationship တစ်ခုပျက်စီးစေနိုင်တဲ့ လက္ခဏာများ

Nang Cho Cho 2019-03-15 475 idiva

Social Media ဆိုတာ နေ့စဉ် သင်ပြုမှုတဲ့ အရာတွေကို တင်နေဖို့ မလိုအပ်ပါဘူး။ လေ့လာသင့်တဲ့ အရာတွေကိုသာပြုလုပ်သင့်တာဖြစ်ပါတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း လုပ်နေတဲ့ အရာတွေထဲမှာ အမှားအယွင်းတစ်ခုဖြစ်တာနဲ့ လက်ရှိသင့်အချစ်ရေးမှာလည်း အခက်အခဲဖြစ်စေနိုင်ပါတယ်။ Social Media ကြောင့် Relationship တစ်ခုပျက် စီးတဲ့အထိဖြစ်စေနိုင်တဲ့  အရာတွေကို ပြောပြလိုက်ပါတယ်နော်။ 


155256851534.jpg


၁။ အခြားယောကျာ်းလေးတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ပြီး တင်ခြင်း

ဟုတ်ပါတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးကို အခြားသူတွေနဲ့ တွဲမမြင်ချင်တာက လူတိုင်းဖြစ်ပါတယ်။ ကိုယ့်ကို သစ္စာဖောက်နေပြီလား၊ ဒါမှ မဟုတ် အရင်လူနဲ့ ပြန်လက်တွဲနေပြီလားဆိုတဲ့ သံသယတွေနဲ့ ဆိုရင် ဘယ်တော့မှ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အခြားသော ယောကျာ်းလေးတွေနဲ့ တွဲပြီး ဓာတ်ပုံမရိုက်သင့်ပါဘူး။


1552568541383.jpg


၂။ Social Media ပေါ်မှာ သူရဲ့ မကောင်းကြောင်းရေးခြင်း

ချစ်သူတွေအချင်းချင်း စိတ်ဆိုးကြပေမယ့် သူနဲ့ ပတ်သက်တဲ့ မကောင်းကြောင်းတွေကို ရေးပြီး တင်လိုက်မယ်ဆိုရင်relationship တစ်ခုလုံးကို လုံးဝဆက်မရအောင်ဖြစ်သွားတတ်ကြပါတယ်။ ဘယ်သူမဆိုကိုယ့်မကောင်းကြောင်းပြောတာကို လက်မခံချင်ကြပါဘူး။ ဒါကြောင့် ဒါကလည်း မလုပ်သင့်တဲ့ ထဲမှာ ပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ 


1552568567847.jpg


၃။ သူရဲ့ Social Media ဖြစ်တဲ့ FB(သို့) Insta ရဲ့ password ယူခြင်း

သူအာရုံစိုက်လွန်တဲ့ FB (သို့) Insta ကိုရဲ့ password တောင်းခြင်းကလည်း သူရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ထိခိုက်တာဖြစ်တဲ့ အတွက်ကြောင့် အသည်းကွဲဖို့သေချာနေပါတယ်။ လင်မယားဘဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ် ကိုယ်ပိုင်အခွင့်အရေးဆိုတာရှိသင့်ကြပါတယ်။ ဒါကလည်း မလုပ်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ 


1552568702292.jpg


၎။ Social Media ပေါ်မှာ အချိန်ဖြုန်းခြင်း

နေ့စဉ်နှင့်အမျှ ဖြတ်သန်းနေရတဲ့ ဘဝကြီးကို ဒီရဲ့ Social Media ပေါ်မှာပဲ အချိန်ဖြုန်းနေမယ်ဆိုရင်တော့ ကိုယ့်မှားဖြစ်သွားပါပြီ။ နေ့စဉ်နှင့်အမျှဖုန်းသုံးခြင်း၊ Social Media ပေါ်မှာပဲ အချိန်ဖြုန်းနေတယ်ဆိုရင်သင်တို့ရဲ့ Relationship ကို လုံးဝရပ်တန့်စေနိုင်တာကြောင့် မလုပ်သင့်ပါဘူး။ 

comments

There is no comment

Publish reply