Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

မက်မုံသီး(သို့) မက်မွန်သီး ဖျော်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

Nang Cho Cho 2019-03-14 576 loyfly

မက်မုံသီး(သို့) မက်မွန်သီး ဟာဆိုရင် အရသာရှိပြီး နူးညံ့တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။ မက်မုံသီး (သို့) မက်မွန်သီးက အသီးတိုင်းစားတာဖြစ်စေ၊ ဖျော်ရည်လုပ်သောက်တာဖြစ်စေ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ မက်မုံသီး(သို့) မက်မွန်သီးရဲ့ အခြားကျန်းမာရေး အကျိုးကျေးဇူတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်နော်။  တစ်ခုသတိထားရမှာက ညဉ့်အချိန်မှာသောက်ခြင်းကို ရှောင်ကြည်သင့်ပါတယ်။ 


1552550566355.jpg


၁။ အသားအရေကို လှပစေခြင်း

အရင်တုန်းကတော့ လှပငယ်ရွယ်တဲ့ မိန်းကလေးကို  မက်မုံသီး (သို့) မက်မွန်သီးနဲ့ နှိုင်းယှဉ်ကြပါတယ်။ မက်မုံသီး (သို့) မက်မွန်သီးကို အလှကုန်ပစ္စည်းတွေအတွက် အသုံးပြုကြတာများပါတယ်။ မက်မုံသီး(သို့) မက်မွန်သီးအရည်ကို နို့နဲ့ရောပြီး မျက်နှာပေါ်ကို လိမ်းပေးပြီး မိနစ် ၂၀လောက် ထားကား မျက်နှာသစ်ချလိုက်မယ်ဆိုရင်သင့်အသားအရေကို ကြည်လင်ဝင်းပစေနိုင်ပါတယ်။ 


155255058095.jpg


၂။ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်ခြင်း

မက်မုံသီး(သို့) မက်မွန်သီးဖျော်ရည်က အနာရောဂါအမျိုးမျိုးကူးစက်ရောဂါဖြစ်ခြင်းကို လျင်မြန်စွာ သက်သာစေနိုင်ပါတယ်။ ဗီတာမင် A, ဗီတာမင် B1, ဗီတာမင် B2 တို့ ပါဝင်ခြင်းကြောင့် ဦးနှောက်အာရုံကြောကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခံစွမ်းအားကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ 


1552550593446.jpg


၃။ ကျောက်ကပ်နဲ့ ဆီးအိမ်ကို ကာကွယ်ပေးခြင်း

မက်မုံသီး(သို့) မက်မွန်သီး ဖျော်ရည် က ကျောက်ကပ်နဲ့ ဆီးအိမ်သန့်ရှင်းရေးကို ကူညီပေးပါတယ်။ ဖျော်ရည်သောက်ပေးခြင်းက ကျောက်ကပ်နဲ့ အသည်းကို ပုံမှန်လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ မက်မုံသီး(သို့)မက်မွန်သီးဖျော်ရည်က ဆီးကျောက်သည်ခြင်း၊ ကျောက်ကပ်အနာဖြစ်ခြင်း၊ ကျောက်ကပ်ရောဂါဖြစ်ခြင်းတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ 


1552550606754.jpg


၎။ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း

မက်မုံသီး(သို့) မက်မွန်သီးကို အစာကျေဆေး ပြုလုပ်ရာမှာအသုံးပြုကြပါတယ်။ မက်မုံသီး(သို့) မက်မွန်သီးဖျော်ရည်က အစာခြေစနစ်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အူချဉ်နာဖြစ်ခြင်းကိုလည်း ကာကွယ်ပေးခြင်း၊ခန္ဓာကိုယ်ထဲမှာရှိတဲ့ကပ်ပါးကောင်ကိုလည်း တိုက်ဖျက်ပေးဖို့ အသုံးပြုနိုင်ပါတယ်။ 


1552550625528.jpg


၅။ အလှကုန်ပစ္စည်းတွေထဲမှာပါဝင်ခြင်း

မက်မုံသီး (သို့) မက်မွန်သီး မှာ အံ့သြစရာကောင်းလောက်အောင်ကို အလှအပနဲ့ ပတ်သက်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ မက်မုံသီး(သို့) မက်မွန်သီးကို ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် ထုတ်လုပ်တဲ့ နေရာတွေမှာ အများဆုံး အသုံးပြုကြတာဖြစ်ပါတယ်။ မက်မုံသီး(သို့) မက်မွန်သီးမှာ ပါဝင်တဲ့ အစိုဓာတ်နဲ့ အရေးအကြောင်းနဲ့ ချောမွေ့အောင် အသားအရေတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ 


comments

There is no comment

Publish reply