Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

၂၀၁၉ခုနှစ်Asia's Got Talent ပြိုင်ပွဲအတွက်အာရှမှထူးချွန်ပြိုင်ပွဲဝင်များကိုVietjetလေကြောင်းလိုင်းကအခမဲ့ပို့ ဆောင်ပေးသွားမည့်

Aung Kyaw Khant 2019-03-11 552

Vietjet လေကြောင်းလိုင်းဟာ အာရှတိုက်ရဲ့ဂုဏ်သတင်းကောင်းကို ဆောင်ယူမယ့် ခရီးစဉ်အဖြစ် ၂၀၁၉ ခုနှစ် Asia’s Got Talent တွင် ဝင်ရောက်ယှဉ်ပြိုင်မယ့် ထူးချွန်တဲ့ အာရှသား ပြိုင်ပွဲဝင်များကို ပြိုင်ပွဲခရီးစဉ်များအတွက် Vietjet လေကြောင်းလိုင်း အခမဲ့ပိုဆောင်ပေးသွားမှာဖြစ်ပါတယ် ။  Asia’s Got Talent Season 3 တွင်အနိုင်ရရှိသူများဟာ Vietjet လေကြောင်းလိုင်း ခရီးစဉ်များအားလုံးကို ၁ နှစ်ပတ်လုံး အခမဲ့ လိုက်ပါစီးနင်းခွင့်ရရှိမှာဖြစ်ပြီး လေယာဉ်အတွင်း ဖျော်ဖြေမှုများလည်း ပါဝင်နိုင်မှာဖြစ်ပါတယ် ။

1552301755231.jpg

 Asia Got Talent ဟာ ကမ္ဘာ့ကျော် Got Talent အစီအစဉ်ရဲ့ အာရှဒေသပိုင်းတင်ဆက်မှုဖြစ်ပြီး သမိုင်းတစ်လျှောက် ဒေသအတွင်း နာမည်အကျော်ကြာဆုံး တိုက်ရိုက်ထုတ်လွှင့်တဲ့ ပြိုင်ပွဲရုပ်သံအစီအစဉ်တစ်ခုဖြစ်ပါတယ် ။လက်ရှိတွင် AXN Asia ရုပ်သံလိုင်းအပါအဝင် နိုင်ငံပေါင်း ၁၈၆ မှာပြသလျှက်ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း “Got Talent " အစီအစဉ်ကို ၂၀၁၄ စက်တင်ဘာ ၂၈ ရက်နေ့ မှာ MRTV -–4 ရုပ်သံလိုင်းမှာ စတင်တင်ဆက်ခဲ့ပြီး နာမည်ကြီး အနုပညာရှင် လေးဦးဖြစ်တဲ့ မို့ မို့ မြင့်အောင် ၊ မောင်သီ ၊ မောင်မောင်အေး နဲ့ ချစ်သုဝေတို့ ကအကဲဖြတ်ဒိုင်များအဖြစ် ပြုလုပ်ခဲ့ကြပါတယ် ။ 

1552301760949.jpg

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွက် Myanmar Got Talent Season 5 ဆုကို Junior Creative အကအဖွဲ့ကရရှိခဲ့ပါတယ် ။ Vietjet ဟာ ခရီးသွားပြည်သူများအတွက် သင့်တင်မျှတတဲ့ လက်မှတ်ခနှုန်းထားများနဲ့ ပို့ ဆောင်ပေးလျှက်ရှိပြီး ဗီယက်နမ်နိုင်ငံအတွင်း နဲ့ ဒေသတွင်းနိုင်ငံများမှာ လူမှုရေး ၊ ယဉ်ကျေးမှု ၊ အားကစား နဲ့ ဖျော်ဖြေရေးမြောက်များစွာကို ပံ့ပိုးပေးလျက်ရှိပါတယ် ။ Vietjet ဟာ ခရီးသွားပြည်သူများပိုမိုအကျိုးရရှိတဲ့ ဖန်တီးရန် လက်တွေအကောင်အတွက် ဖော်ဆောင်နိုင်တဲ့ လုပ်ဆောင်မှုများနဲ့ ပိုမိုဆွဲဆောင်မှုရှိတဲ့ အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ် ။


comments

There is no comment

Publish reply