Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

Huwaei Internshop အစီအစဉ်ကိုလာရောက်လျှောက်ထားတဲ့နည်းပညာတက္ကသိုလ်ကျောင်းသား၊ကျောင်းသူများပြား

Aung Kyaw Khant 2019-03-11 448

ယခုနှစ်မှာ Huaei Myanmar ရဲ့ Internship အစီအစဉ်ကို လာရောက်လျှောက်ထားတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူများ ယခင်နှစ်တွေထက်ပိုမိုများပြားခဲ့ပါတယ် ။ Huawei Myanmar ဟာ Internship အစီအစဉ်ဟာ နှစ်စဉ် ခေါ်ယူနေကြဖြစ်ပြီး မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ် နဲ့ နိုင်ငံခြားဘာသာသင်တက္ကသိုလ် မှ ကျောင်းသား ၊ ကျောင်းသူများအနေဖြင့် ကမ္ဘာ့ထိပ်တန်း ICT နည်းပညာကုပ္မဏီကြီးတွင် တန်ဖိုးရှိတဲ့ လက်တွေ့လုပ်ငန်းခွင့်ဆိုင်ရာအတွေ့အကြုံများရရှိနိုင်မှာဖြစ်ပါတယ် ။ 

155229132823.jpg

Huawei Myanmar ရဲ့အလုပ်သင်ခေါ်ယူခြင်းဆိုင်ရာ Internship အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြိး ၊ မြန်မာနိုင်ငံရဲ့ICT ကဏ္ဍကိုအထောက်အကူပြုနိုင်ရးအတွက် နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါတယ် ။ ဒီနှစ်မှာ Huawei Myanmar တွင် အလုပ်သင်တက်ရောက်ရန်လာရောက်လျှောက်ထားတဲ့ ကျောင်းသား ၊ ကျောင်းသူပေါင်း ၂၄၀ ရှိပြီး ရန်ကုန်မြို့ရဲ့Huawei Myanmar ရုံးချုပ်တွင် အလုပ်သင်ခန့် အပ်ရန် လာမယ်သီတင်းပတ်အတွင်း စတင်ရွေးချယ်နေပြီးဖြစ်ပါတယ် ။ အဲဒီအလုပ်သင်ခေါ်ယူခြင်း အစီအစသ်ကို Huawei Myanmar က သက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များ ၊ နိုင်ငံခြားဘာသာသင်တက္ကသိုလ်များ နဲ့ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး အချိန် ၃ လမှ  ၆ လအထိ ကြာမြှင့်မယ့် အလုပ်သင်ကာလအတွက် ကျောင်းသား ၊ ကျောင်းသူ ၆၅ ဦးကို ရွေးချယ်သွားမှာဖြစ်ပါတယ် ။ 

1552291333395.jpg

အလုပ်သင်ကာလပြီးမြောက်ပါက ကျောင်းသား ၊ ကျောင်းသူ ၂၀ ဦးကို Huawei Myanmar က ဝန်ထမ်းအဖြစ်ခန့် အပ်သွားမှာဖြစ်ပါတယ် ။ Huawei Myanmar တွင်အလုပ်သင်အဖြစ် လာရောက်လျှောက်ထားတဲ့ မှော်ဘီနည်းပညာတက္ကသိုလ်မှာ မနှင်းဦးခိုင်က “အလုပ်သင်အဖြစ် လာရောက်လျှောက်ထားတဲ့ အဓိကအကြောင်းအရင်းက Huawei ကုမ္ပဏီဟာ နိုင်ငံတကာ ကုမ္ပဏီကြီးဖြစ်တဲ့အတွက် အတွေ့အကြုံတွေအများကြီးရမယ်လို့ မျှော်လင့်ပါတယ် ၊ အလုပ်သင်ဆင်းပြီးသွားရင် Huawei ကုမ္ပဏီမှာပဲ အလုပ်ဆက်လုပ်ချင်ပါတယ် ၊ Huawei အကြောင်း အစက သိပ်မသိခဲပါဘူး ၊ ဒီရောက်မှာ အရမ်းအထင်ကြီးစရာ နိုင်ငံတကာကုမ္ပဏီကြီးတစ်ခုဆိုတာသိရပါတယ် ။ Huawei မှာအလုပ်လုပ်ချင်ပါတယ်”လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ် ။ Huawei Myanmar ဟာ ၂၀၁၃  ခုနှစ်မှာ ICT Talent Development ဆိုတဲ့ တာဝန်သိလှုမှုရေးလုပ်ငန်းစဉ်(CSR) ကိုစတင်ဆောင်ရွက်ခဲ့ပါတယ် ။ဒီလို ဆောင်ရွက်နိုင်ဖို့ အတွက် လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် အသစ်ပြန်လည်ပြင်ဆင်ထားတဲ့ နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့နှစ်အတွင်း သက်ဆိုင်ရာ အစိုးရဌာနတွေနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ် ။ ဒီလိုအလုပ်သင်ခေါ်ယူခြင်းဟာ အဲဒီ နားလည်မှုစာချွန်လွှာရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် ။


comments

There is no comment

Publish reply