Myanmar Platform

  1. NO DATA
Miss Universe တစ်ယောက်ဖြစ်ချင်တယ်ဆိုတဲ့ Mini Miss လေး ဖြူစင်ဟိန်းထက်နဲ့ သူ့မေမေတို့ရဲ့စကားသံများ...[detail]
လမ်းမတော်မှာ ဓါတ်ပုံသတင်းထောက်နှစ်ဦးအား စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိခဲ့[detail]
အင်ဒိုနီးရှားအစိုးရက ကောလာဟလနဲ့ သတင်းတုတွေ ကာကွယ်တားဆီးဖို့အတွက် လူမှုကွန်ယက်မီဒီယာများ ကန့်သတ်[detail]
မေလ ၂၃ ရက်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်[detail]
အပူအားကြီးပြီးရေဓါတ်ခန်းခြောက်၍ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှမြန်မာ့ကြယ်လိပ်(၆၂)ကောင်သေဆုံး[detail]

ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ Huawei Y6 Pro

Bo Than 2019-03-11 668

ရန်ကုန်၊ မတ်လ  

 

Huawei Consumer Business Group (Myanmar) မှ ယခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ပိုမိုကောင်းမွန်သည့် မြင်ကွင်းပြည့် ခံစားမှုကို ပေးစွမ်းနိုင်ပြီး 6.09” HD+ ပါဝင်သော Dewdrop Display ပါဝင်သည့် Huawei Y6 Pro အား မြန်မာပြည် ဈေးကွက်အတွင်းသို့ မိတ်ဆက်လာခဲ့ပါတယ်။

Huawei Y6 Pro တွင် လှပသည့်  ရေစက်မျက်နှာပြင် နှင့် အတူ ပိုမိုကောင်းမွန်သည့် မြင်ကွင်းပြည့်စုံမှုကို ပေးစွမ်းနိုင်ရန်အတွက် ကင်မရာပိုင်း ၊ အသံပိုင်း နှင့် Sensor ပိုင်းတို့အား ဟန်ချက်ညီညီ ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

 ဓာတ်ပုံရိုက်ကူးခြင်း ကြိုက်နှစ်သက်သူများအတွက် 13MP ရှိသည့် အနောက်ကင်မရာ နှင့် 8MP ရှိသည့် အရှေ့ကင်မရာ ပါဝင်ပါတယ်။ အရှေ့ကင်မရာ 8MP နှင့်အတူ Selfie Toing Flash ပါဝင်သောကြောင့် အလင်းရောင်အားနည်းသည့် အချိန်တွင်ပင် လှပသည့် Selfie များအား ရိုက်ကူးစေနိုင်မှာဖြစ်ပါတယ်။

 Flagship ဖုန်းများတွင်သာ ပါဝင်လေ့ရှိသည့် F/1.8 ရှိသည့် အလင်းဝင်ပေါက်ကြောင့် အလင်းပိုမိုဖမ်းယူနိုင်စွမ်းရှိပြီး အမှောင်ထဲတွင်ပင် တိကျကြည်လင်ပြတ်သားသည့် ပုံရိပ်များ ဖမ်းယူပေးနိုင်မည်ဖြစ်သည်။ Video Enhancement Technology ပါဝင်သောကြောင့် ရိုက်ကူးလိုက်သည့် ဗီဒီယို၏ အရောင်သိပ်သည်းဆ ၊ အလင်းအမှောင်တို့အား အကောင်းဆုံး ဖြစ်အောင် အလိုအလျှောက် ချိန်ညှိပေးနိုင်ပါတယ်။

3GB RAM နှင့် 32 GB ROM ပါဝင်သောကြောင့် ဖုန်းအသုံးများသူအတွက် အဆင်ပြေစေမည့် ဖုန်းတစ်လုံးဖြစ်ပြီး အချက်အလက်အတော်အများအား သိမ်းဆည်းစေနိုင်မည်ဖြစ်ပြီး  အဲဒါအပြင် Internal Memory အား 512 GB အထိ တိုးချဲ့နိုင်ပါတယ်။

 Security ပိုင်းတွင် Face Unlock စနစ်ပါဝင်ပြီး ဖုန်းအား မည်သည့်အချိန်တွင်မဆို လွယ်ကူစွာ ဖွင့်လှစ်စေနိုင်မည်ဖြစ်ကာ  3020mAH ပမာဏ ရှိသည့် ဘက်ထ္ထရီ ပါဝင်သောကြောင့် တစ်နေ့တာလုံး စိတ်ကြိုက်အသုံးပြုစေနိုင်ပါတယ်။

Built-in FM Radio ပြီး HUAWEI SuperSound နှင့် Histen 5.0 ကြောင့် 3D Surround Sound System ဖြင့် နားဆင်နိုင်ပါတယ်။ အဲဒီ Built-in FM Radio အား နားကြပ်ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ နားထောင်နိုင်မှာဖြစ်ပြီး တော့Huawei SuperSound စနစ်ကြောင့် ထွက်ရှိခဲ့သည့် Y6 Series ထဲတွင် အသံအကောင်းဆုံး ပေးစွမ်းနိုင်မည့် မော်ဒယ်တစ်ခု ဟု ဆိုနိုင်ပါတယ်။

Entry Level စမတ်ဖုန်းတစ်ခုဖြစ်သော်လည်း EMUI 9.0 ပါဝင်ပြီး EMUI 9.0 ၏ Simple Mode ကြောင့် ရှင်းလင်းသော Home Screen ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဖုန်းအား အလွယ်ကူဆုံး နှင့် အရိုးရှင်းဆုံး စီမံခန့်ခွဲနိုင်မည်ဖြစ်ပြီး နေ့စဉ်နှင့်အမျှ သွက်လက်ပေါ့ပါးသော ခံစားမှုပေးနိုင်မည်ဖြစ်တယ်။

Y6 Pro ၏ စိတ်ဝင်စားဖွယ်ရာကောင်းသည့် အချက်တစ်ချက်မှာ ၄င်း၏ လှပဆန်းသစ်သည့် အရောင်ရွေးချယ်နိုင်မှုဖြစ်ပါတယ်။ Sapphire Blue ဟု အမည်ရသည့် အပြာရောင် ၊ Midnight Black ဟု အမည်ရသည့် အမည်းရောင် နှင့် Amber Brown ဟု အမည်ရသည့် အညိုရောင် တို့အား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကာ Huawei Y6 Pro 2019 အား မြန်မာငွေကျပ် ၁၈၉၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါတယ်။

Huawei Y6 Pro 2019 ဝယ်ယူသူများ မှ မတ်လ ၁၆ ရက်နေ့တွင် ခြိမ့်ခြမ့်သည်းကျင်းပမည့် Huawei Music Festival သို့ တတ်ရောက်နိုင်မည့် လက်မှတ်တစ်စောင် ရရှိမည်ဖြစ်ကာ   Huawei Music Festival အား Ar-T, အောင်ထက်၊ Big Bag, Idiots, မိစန္ဒီ၊ Mary, ဖြူဖြူကျော်သိန်း၊ ဖြိုးပြည့်စုံ၊ ရွှေထူး၊ ဝေလ နဲ့ ရဲလေး အစရှိသည့် အနုပညာရှင်များ နှင့်အတူ Thuwanna Bumi Event Park ၌ ကျင်းပသွားမည်ဖြစ်ပါတယ်။


comments

There is no comment

Publish reply