Myanmar Platform

  1. NO DATA
ပရိသတ်တွေခန့်မှန်းနေကြတဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုဘယ်အနုပညာ ရှင်တွေရရှိမလဲ[detail]
ဗီယက်နမ် ဖိတ်ခေါ် ယူ-၁၉ ပြိုင်ပွဲကို မြန်မာယူ-၁၈ အသင်း ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်[detail]
မတ်လ ၂၂ ရက်မှ စတင်ကာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲများကို မြန်မာ့ အသံ နှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့်မည်[detail]
မြိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ်(၃၃)လုံး ပြိုကျပြီး (၂၃)လုံးပျက်စီး[detail]
ကမ္ဘာ့ဘဏ်မှအခြေခံပညာနှင့်ကျောင်းပြင်ပပညာရေးအတွက်ထောက်ပံ့ရန်မြို့နယ် (၁၂)ခုကိုရွေးချယ်ရန်လျာထား[detail]

ငပလီကမ်းခြေမှာ ဘယ်လို လည်ပတ်မလဲ ?

Aung Kyaw Khant 2019-02-01 591

ငပလီကမ်းခြေကို အကောင်းဆုံးအပန်းဖြေရာ ကမ်းခြေတစ်ခုလို့ သတ်မှတ်ခေါ်ဝေါ်ကြပါတယ်။  စိမ်းပြာရောင် သန်းနေတဲ့ ပင်လယ်ရေပြင်၊မိန်းမောဖွယ်ရာ နေဝင်ဆည်းဆာအလှ၊ ကျေးလက်ဓလေ့ကို ခံစားနိုင်မယ့် မြန်မာနိုင်ငံ ရဲ့ အထင်ရှားဆုံးသော ကမ်းခြေဖြစ်ပြီး ရိုးရာဓလေ့များနဲ့  စိတ်ဝင်စားဖွယ်အရာများက မတူညီသော ခရီးသွား ဧည့်သည်များ ရဲ့စိတ်ဝင်စားမှုများကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မှုများကြောင့်ဖြစ်ပါတယ်။ 

1548931725311.jpg

ထိမ်းမြားလက်ထပ်ခွင့်တောင်းရမ်းခြင်း နဲ့ မင်္ဂလာပွဲများကို ကမ်းခြေတွင် ခမ်းနားစွာကျင်းပနိုင်ရုံသာမက တစ်ကိုယ်တည်းခရီးသွားများ၊မိသားစု၊ သူငယ်ချင်းများနှင့်အတူ လည်ပတ်နိုင်သော အိမ်မက်ကမ္ဘာထဲက ကမ်းခြေတစ်ခုလည်း ဖြစ်ပါတယ်။ ငပလီမှာ ကမ်းခြေမှာ အပန်းဖြေယုံသာမကာ အခြား စိတ်ဝင်စားဖွယ်ကောင်းတဲ့ နေရာတွေလည်ရှိပါတယ်။ အဲဒါတွေကတော့

1548931737255.jpg

ဆင်လိမ္မာလေးတွေနဲ့ ရင်းရင်းနှီးနှီး တွေဆုံနိုင်မယ်


မနက်စောစောတွင် သံတွဲမြို့သို့ကားစီးသွားပါ။ အဲဒီမှတဆင့် သစ်သားလှေငယ်ဖြင့် ရေဆန်အတိုင်း တစ်နာရီနီးပါး ခရီးနှင်ပြီးနောက် တလနယ်ဆင်စခန်းမှဆင်လေးများ မနက်ခင်းရေချိုးနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရေချိုးပြီးသည့်အခါ ဆင်လေးများ တောင်ပေါ်ရှိစခန်းကို ပြန်လာတဲ့လမ်းတလျှောက် အတူတူလိုက်ပါသွားပြီးနေ့လယ်စာကို ကျေးလက်ဓလေ့ လယ်သမားကြီးများစားသောက်သည့်အတိုင်း မြိုင်ရည်ယှက်ရည် စားသောက်နိုင်မှာဖြစ်ပါတယ်။

1548931749497.jpg

တံငါရွာလေးကို သွားရောက်လည်ပတ်နိုင်မယ် 


တံငါရွာလေးတစ်ရွာဖြစ်တဲ့ ဂျိုက်တောကျေးရွာကို နေ့တစ်နေ့ရဲ့ ရောင်နီဦးအချိန်တွင် သွားရောက်လည် ပတ်ခြင်းဖြင့် တစ်နေ့တာကိုစတင်နိုင်ပါတယ်။ ညနေခင်း ဒါမှမဟုတ် တစ်ညတာ ငါးဖမ်းအပြီး နံနက်ခင်းအချိန်တွင် သစ်သားလှေပေါ်မှတစ်ဆင့် နွားလှည်းပေါ်သို့ ငါးများ တင်ဆောင်နေကြတာကိုစိတ်ဝင်စားဖွယ်မြင်တွေရမှာဖြစ်ပါတယ်။ တကယ်လို တံငါရွာလေးကို သွားရောက်လည်ပတ်မယ့် အစီအစဉ်ရှိပါက ကိုယ်တိုင်ဝယ် ယူလာသော ပင်လယ်စာများကို ပြင်ဆင်ချက်ပြုတ်နိုင်မည့်အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။ 

154893176658.jpg

ဒေသခံတစ်ဦးကဲ့သို့ နေထိုင်ကြမယ် 


ငပလီသို့ သွားရောက်လည်ပတ်ခြင်းဟာ ရိုးရှင်းပြီး ပိုမိုကောင်းမွန်သော အပန်းဖြေစရာ အချိန်ကောင်းများစွာကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒေသခံတစ်ဦးလို့  ပေါ့ပေါ့ပါးပါး လွတ်လပ်မှုကိုအပြည့်အဝ ခံစားနိုင်စေရန် နဲ့  ဒေသခံများရဲ့ ဘဝနေထိုင်မှုများကို မျက်မြင်ကိုယ်တွေ့ လေ့လာခွင့်ရနိုင်မယ့်ဇဘာကြီးရွာကိုစက်ဘီးစီးပြီး ခရီးတို အဖြစ် လေ့လာရေးထွက်လိုက်ပါ။ ဒေသခံတွေဟာ ခရီးသွားတွေကို သူတို့ ရဲ့နေအိမ်သို့ ရင်းနှီး ခင်မင်စွာဖိတ်ခေါ်လေ့ရှိပြီး သူတို့ ရဲ့ ဘဝ မည်သို့မည်ပုံ နေထိုင်သည်ဆိုတာကိုး မျက်ဝါးထင်ထင် မြင်တွေ့ရမှာဖြစ်ပါတယ်။ သူတို့ ရဲ့အိမ်မှာဆိုရင် ရှေးဟောင်းရေဒီယိုများ နဲ့  ရှေးခေတ်အသုံးအဆောင်ပစ္စည်းများကိုသတိပြုတွေ့မြင်ရမည်ဖြစ်ပါတယ်။  ဇဘာကြီးကျေးရွာမှ ကြည့်ရင် ပင်လယ်ကမ်းခြေအလှ နဲ့  လယ်ခင်းများရဲ့ အလှတရားများစွာကို ရှာတွေ့ရှိနိုင်ပြီး ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့သူများအနေနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်နိုင်ရန် အကောင်းဆုံး နေရာလည်းဖြစ်ပါတယ်။ 

1548931779868.jpg

ကျေးလက်ဒေသများပေါ်မှတစ်ဆင့် ပျံသန်းကြမယ် 


မနက်စောစောမှာ  မိုးပျံပူဖောင်းစီးပြီး သံတွဲမြို့ရဲ့ နေထွက်အလှကို ခံစားနိုင်မှာဖြစ်ပါတယ်။  Oriental Ballooning ဒါမှမဟုတ် Hilton Resort မှာ လက်မှတ်တွေဝယ်ယူခြင်းဖြင့် ဒီ အစီအစဉ်ကို ကြိုတင်ပြင်ဆင်နိုင်ပါတယ်။  လူဦးရေလေးဦးအထိ သက်သောင့်သက်သာစွာ စီးနှင်းလိုက်ပါနိုင်တဲ့ လူစီးမိုးပျံပူဖောင်းဟာစတင်ထွက်ရှိပြီး အချိန်ခဏမှာပင် တောင်ထိပ်စေတီကို ဖူးတွေ့မြင်ရပြီးနောက် မိမိကိုယ်မိမိ လေပြေလေညင်းများနှင့်အတူ လွင့်မျော သွားသည့် ခံစားမှုရသများကို ရရှိခံစားရမှာဖြစ်ပါတယ်။ သံတွဲမြစ်ကြောင်းတစ်လျှောက် မိုးပျံပူဖောင်း နိမ့်နိမ့်လေး ပျံသန်းခြင်းဟာ မြစ်ရဲ့ အလှအပကို တွေ့မြင်ခံစားနိုင်ရုံသာမက ဒေသခံများက လက်ပြနှုတ်ဆက်ကာ “မင်္ဂလာပါ” ဟုရင်းနှီးစွာ နှုတ်ဆက်ပြောဆိုသည်ကို တွေ့ကြုံခံစားရမှာဖြစ်ပါတယ်။ 


comments

There is no comment

Publish reply