Myanmar Platform

  1. NO DATA
မြန်မာကျပ်ငွေတည်ငြိမ်စေရေး သီးသန့်ငွေလိုအပ်ချက်သတ်မှတ်ခြင်းနဲ့ အပ်ငွေလေလံစနစ်တို့ကို ဆောင်ရွက်လျက်ရှိဟု ဗဟိုဘဏ်ပြော[detail]
ကုလအေဂျင်စီများပါဝင်သည့် နားလည်မှုစာချွန်လွှာအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ရခိုင်သို့သွားရောက်[detail]
ဖိလစ်ပိုင်တွင် ရေဒီယိုသတင်းကြေညာသူတစ်ဦးကို သေနတ်သမားတွေ ပစ်ခတ်သတ်ဖြတ်[detail]
ထိုင်းနိုင်ငံမှာ “ဝ”ဘက်မှ လာတဲ့ ရာဘမူးယစ်ဆေးပြား ၈ ဒသမ ၄ သန်း ဖမ်းဆီးရမိ[detail]
“Do you love me” လို့မေးပြီးယောက်ျားဆန်ဆန်ပုံလေးတွေတင်ထားတဲ့စိုးပြည့်သဇင်[detail]

ဘယ်အသင်းက သမိုင်းစံချိန်တင်ပြီး ဖိုင်နယ် တက်မှာလဲ (ခရိုအေးရှား-အင်္ဂလန် ပွဲကြိုသုံးသပ်ချက်)

Tayza 2018-07-11 1126

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့  ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်ကိုတော့ ယနေ့ည ၁၂ နာရီခွဲမှာ ရုရှားနိုင်ငံ မော်စကိုမြို့ မှာ ကျင်းပသွားမှာဖြစ်ပြီးတော့ ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာပဲ ဖြစ်ပါတယ်။ ဒီနှစ်သင်းတွေ့ ဆုံတဲ့ပွဲစဉ်မှာ ဘယ်အသင်းက သမိုင်းတစ်လျှောက် စံချိန်တင် ဗိုလ်လုပွဲ တက်ရောက်သွားနိုင်မလဲဆိုတာကတော့…..


ခရိုအေးရှား Vs အင်္ဂလန် 

ဇူလိုင် ၁၂ ရက် (ဗုဒ္ဓဟူးနေ့ နံနက် ၁၂ ခွဲ)

1531304242871.jpg


ပြီးခဲ့တဲ့နှစ်တွေက ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပပြိုင်ပွဲတွေမှာ ဖျက်မြင်းအသင်းအဆင့်သာသာ ရှိခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ဒီကမ္ဘာ့ဖလားမှာတော့ စုဖွဲ့ မှုအားကောင်းကောင်းနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့ပါပြီ။ အုပ်စုအဆင့်က စလို့ မှန်မှန် ကစားလာခဲ့တဲ့ ခရိုအေးရှားအသင်းဟာ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာတော့ ပင်နယ်တီနိုင်ပွဲတွေနဲ့ တက်လာခဲ့ပေမယ့် ကွင်းလယ်ကို ထိန်းကျောင်းနေတဲ့ မိုဒရစ်၊ ရာကီတစ်၊ မန်ဇူကစ်တို့လို စိတ်ဓါတ်ပြင်းထန်တဲ့ ကစားသမားတွေနဲ့ အသင်းကို ဟန်ချက်ညီညီ ထိန်းကျောင်းထားနိုင်ပါတယ်။


1531304268381.jpg

အင်္ဂလန်အသင်းဟာလည်း ဆီမီးဖိုင်နယ်အဆင့်ကို နှစ်ပေါင်း ၂၈ အတွင်း ပထမဆုံးအကြိမ် တက်ရောက်လာနိုင်ခဲ့တာဖြစ်တာကြောင့် စိတ်ဓါတ်တက်ကြွနေတာလည်း ဖြစ်ပါတယ်။ နည်းပြဆောက်ဂိတ်ရဲ့  လူငယ်အများစုနဲ့ အလုပ်ဖြစ်နေတဲ့ အင်္ဂလန်အသင်းကို ဟာရီကိန်းက ဦးဆောင်မောင်းနှင်နေတာပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ၁၆ သင်းအဆင့်မှာ ကိုလံဘီယာကို ပင်နယ်တီမှာ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ယုံကြည်မှု ပိုကောင်းမွန်လာခဲ့ပြီး ဖျက်မြင်းအသင်းတစ်သင်းဖြစ်တဲ့ ဆွီဒင်အသင်းကို ကွာတားမှာ အနိုင်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

153130427783.jpg

ခရိုအေးရှားအသင်းကတော့ ကွင်းလယ်နဲ့ တိုက်စစ် အချိတ်အဆက်မိမိ အသေအချာ ကစားဖို့ ပြင်ဆင်လာမှာဖြစ်ပြီးတော့ အင်္ဂလန်အသင်းကတော့ ကစားပုံ ကောင်းကောင်း မရှိပေမယ့် လူငယ်တိုးအားတွေနဲ့ ရုန်းနေတာကို တွေ့ ရမှာပါ။ ကွင်းလယ်ပိုင်းချင်း ယှဉ်ကြည့်ရင် ခရိုအေးရှားက သာလွန်နေပြီး အင်္ဂလန်အသင်းရဲ့ တိုက်စစ်သာ မြန်မြန်စတင်နိုင်ခဲ့ရင်တော့ ပွဲက တစ်မျိုးပြောင်းလဲသွားဖို့ ရှိနေပါတယ်။ နည်းပြနှစ်ဦးစလုံးက ဒီအဆင့်ထိ တက်ရောက်လာဖို့ ထင်မထားခဲ့ဘူး ပြောဆိုမှုတွေကြောင့် ဒီပွဲအတွက် အသေအချာ ပြင်ဆင်လာဖို့လည်း ရှိနေပါတယ်။ အပြန်အလှန် တိုက်စစ်ဆင်ရင်း သရေကျသွားဖွယ် ရှိနေပြီးတော့ အနိုင်ဆိုရင်တော့ နောက်ဆုံးရုန်းအားနဲ့ ကြိုးစားဖို့ ရှိနေတဲ့ ခရိုအေးရှားအသင်းကိုပဲ ရွေးချယ်ရမှာပါ။


နှစ်သင်းစိတ်ဝင်စားဖွယ်အချက်များ

-ခရိုအေးရှားအသင်းက ၁၉၉၈ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ဒုတိယအကြိမ် တက်ရောက်လာနိုင်တာဖြစ်ပြီးတော့ အင်္ဂလန်အသင်းက ၁၉၆၆ ခုနှစ်နောက်ပိုင်း တတိယအကြိမ်မြောက် တက်ရောက်နိုင်တာဖြစ်ပါတယ်။
-ခရိုအေးရှားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ မတူညီတဲ့ကစားသမား ၈ ဦးက ဂိုးသွင်းယူထားနိုင်တာဖြစ်ပြီး အုပ်စုပွဲစဉ်ကစပြီး သွင်းယူခဲ့တဲ့ ဂိုး ၁၀ ဂိုးမှာ ၃ ဂိုးက ပြစ်ဒဏ်ဘောမှ တဆင့် သွင်းယူထားတာပဲဖြစ်ပါတယ်။
-အင်္ဂလန်အသင်းဟာလည်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၁၁ ဂိုးသွင်းယူထားပြီးတော့ သွင်းဂိုးအများစုဟာ ပြစ်ဒဏ်ဘောမှ တဆင့် သွင်းယူထားတာလည်း ဖြစ်ပါတယ်။
-အင်္ဂလန်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ တွေ့ ဆုံမှု ၇ ကြိမ် ရှိခဲ့ပြီး အင်္ဂလန်အသင်း ၄ ကြိမ်နိုင်ပြီး ခရိုအေးရှားအသင်းက ၂ ကြိမ်နိုင်ထားပါတယ်။
-ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ဟာ နိုင်ငံတကာပြိုင်ပွဲကြီးအဆင့်အဖြစ် ယူရို ၂၀၀၄ အုပ်စုအဆင့်မှာ တွေ့ ဆုံခဲ့ပြီး အင်္ဂလန်အသင်းက ၄-၂ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီးတော့ ခရိုအေးရှားအသင်းဟာ ၂၀၀၇ ၀င်ဘာလေကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ၃-၂ ဂိုးနဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ၂၀၀၈ အိပ်မက်ကို ဖျက်ဆီးခဲ့ဖူးတာလည်း ဖြစ်ပါတယ်။


comments

There is no comment

Publish reply