Myanmar Platform

  1. NO DATA
စာဖိုမှူးလက်ကလွတ်အောင် ဓားတရမ်းရမ်းနဲ့ခုခံနေတဲ့ဘရာဇီးစားသောက်ဆိုင်ကဂဏန်း[detail]
မကြာခဏ အပူထုတ်၊ အနင်း၊ အနှိပ်ခံသူများ သတိထား…[detail]
သင်ထင်မှတ်မထားတဲ့ ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းအများဆုံးရှိတဲ့အစားအစာများ[detail]
၂၀၁၈ ခုနှစ် ၆လတာ ဘတ်ဂျက်ကာလတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ဒသမ ၃ သန်းကျော် ဆောင်ရွက်နိုင်[detail]
နယ်စပ်ဒေသများမှ တရား မဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ လာတယ်လို့ ဒုတိယသမ္မတပြော[detail]

လေ့ကျင့်ခန်းလုပ်စရာမလိုဘဲ အဆီပိုမရှိတဲ့ဝမ်းဗိုက်လေးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ

Joy 2018-07-11 791 reader's digest

မိန်းကလေးတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေတဲ့အရာက မျက်နှာအလှအပမဟုတ်တော့ဘဲ အဆီပိုမရှိတဲ့ ဝမ်းဗိုက်လေးဖြစ်နေတာကို ပျိုမေတို့လည်းသတိထားမိကြမှာပါ။ ဒါကြောင့် ဗိုက်ချပ်သီး သန့်လေ့ ကျင့်ခန်းတွေလုပ်ကြတာပေါ့။ ဒါပေမဲ့ အပြောလွယ်သလောက် လိုက်လုပ်ကြည့်ဖို့ခက်တဲ့ လေ့ကျင့် ခန်းတွေကြောင့် စိတ်ညစ်နေပြီမလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့်အချက်လေးတွေကို အလေ့အကျင့်လုပ်ကြည့်ပါ လို့အကြံပေးချင်ပါတယ်။


1531303391897.jpg

(၁)ပထမတစ်ချက်ကတော့ အုန်းဆီကို နေ့စဉ်ပျိုမေတို့စားသုံးမယ့် Diet plan ထဲမှာထည့်ဖို့လိုပါတယ်။ ပြည့်ဝဆီ မပါတဲ့ အုန်းဆီကို နေ့စဉ်အစာမစားခင် ထမင်းစားဇွန်းနဲ့တစ်ဇွန်းစားသုံးပေးခြင်းအားဖြင့် အစာကြေလွယ်စေ မှာဖြစ်ပါတယ်။ ဒါ့အပြင် အုန်းဆီက အသည်းကျန်းမာရေးကိုကောင်းမွန်စေလို့ ခါးနဲ့ဝမ်းဗိုက်ကအဆီ ပိုတွေချေ ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။

 

(၂)ဆားက နှလုံးနဲ့ဦးနှောက်ကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ သတ္ထုဓာတ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆား အလွန်အကျွံစားသုံးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေခံစားရနိုင်သလို ဆားကိုလျှော့စား လိုက်ခြင်းအားဖြင့် ရရှိမယ့်အကျိုးကျေးဇူးတွေထဲမှာ ဝမ်းဗိုက်လေးချပ်သွားတာကလည်းတစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့်အငံလေးပါမှ ထမင်းစားဝင်တာပါဆိုတဲ့ ပျိုမေတို့ရေ အခုကစပြီး ဆားကိုလျှော့စားကြစို့နော်။

 

1531303401152.jpg

(၃)ကိုရီးယားမလေးတွေလို S Line ဘော်ဒီလေးရဖိုနောက်ထပ် သတိထားရမယ့်အချက်ကတော့ ပျိုမေတို့လုံး ဝမထင်ထားတဲ့ ပီကေဝါးတဲ့အကျင့်ပဲဖြစ်ပါတယ်။ ပီကေကို အားနဲ့မှုတ်ထုတ်လိုက်၊ ဝါးလိုက်လုပ်ခြင်းကြောင့် ပါးစပ်ကနေ လေပြွန်ထဲကိုလေတွေစုဆောင်းမိစေပြီး ဗိုက်ကယ်တာမျိုး၊ ပုံမှန်မဟုတ်ဘဲ ဖောင်းနေတာမျိုးတွေဖြစ်စေ ပါတယ်။

 

(၄)ပျိုမေတို့ ရင်းနှီးပြီးသားဖြစ်တဲ့ “ဘီယာဗိုက်” ဆိုတဲ့ စကားလုံးကိုပေါ့ပေါ့ဆဆမသတ်မှတ်သင့်ပါဘူး။ ဘီယာထဲမှာ ပါတဲ့ အရက်ဟာ အဆာအိမ်ထဲက မကောင်းတဲ့ဘက်တီးရီးယားတွေကိုလျှင်မြန်စွာပေါက်ဖွားစေပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ ကယ်လိုရီလောင်ကျွမ်းနှုန်းကိုနှေးကွေးစေတဲ့ အန္တရာယ်ကောင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် နှစ်ရှည်လများစွဲပြီး ဘီယာသောက်လာတဲ့သူတွေဟာ သူတို့ရဲ့ဗိုက်ကို ပြန်ချဖို့ခက်ခဲကြတာပဲဖြစ်ပါတယ်။

 

1531303428795.jpg

(၅)နောက်ဆုံးတစ်ချက်ကတော့ အိပ်ရေးဝဝအိပ်ဖို့လိုပါတယ်။ ဒီအချက်က လုံးဝအရေးကြီးပါတယ်။ နေ့စဉ် အိပ်ချိန် နာရီဝက်လျော့သွားတာနဲ့ ကိုယ်အလေးချိန်တက်နှုန်းကမြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ချိန်လုံလောက် မှသာ ခန္ဓာကိုယ်ရဲ့နေ့စဉ်လည်ပတ်နေတဲ့ ဇီဝဖြစ်စဉ်တွေဟာ စည်းချက်ညီညီနဲ့ပုံမှန်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့အချက်တွေက အလေ့အကျင့်တစ်ခုအနေနဲ့လိုက်နာဖို့ မခက်ခဲဘူးလို့ယူဆပါတယ်။ အဆီပိုမရှိဘဲ ချပ်ကပ်နေတဲ့ ဗိုက်လေးနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့ကအဓိကပဲမဟုတ်ပါလား။


comments

There is no comment

Publish reply