Myanmar Platform

စစ်မှန်တဲ့ချစ်ခြင်းတရားတွေကိုတန်ဖိုးထားတဲ့-သရုပ်ဆောင်စည်သူဝင်း

Mi Hsu Mon 2018-07-11 562 Mi Hsu Mon

သရုပ်ဆောင်စည်သူဝင်းကတော့ MRTV-4 ကမင်းသားတစ်ဦးဖြစ်ပြီး၊ ရုပ်သံဇာတ်လမ်းတွဲတော်တော်များများ မှာပါဝင်သရုပ်ဆောင်ခဲ့ကာ၊ ပြီးခဲ့တဲ့ “နွေကန္တာဦး” ရုပ်သံဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။



1531302888257.jpg

ရိုးသားတဲ့မျက်နှာအနေအထားနဲ့ ခပ်အေးအေးနေတတ်တဲ့စည်သူဝင်းကသူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်း တွဲတော်တော်များများမှာလည်း ခပ်အေးအေးဇာတ်ကောင်စရိုက်များကိုသာ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။




ယခုလည်းမကြာခင်မှာပြသတော့မယ့် “မိုးကောင်းကင်အိမ်မက်များ” ရုပ်သံဇာတ်လမ်းတွဲမှာဆင်စခန်းရွာ မှဆင်းထိန်းရဲသွေးအဖြစ်တွေ့မြင်ရဦးမှာဖြစ်ပါတယ်။




ဒီရုပ်သံဇာတ်လမ်းတွဲမှာရဲသွေးအဖြစ်သရုပ်ဆောင်မယ့်စည်သူဝင်းရဲ့ဇာတ်ကောင်က “ဆင်စခန်းရွာမှဆင်ထိန်း တစ်ယောက်ဖြစ်ပြီး၊ ဆင်စခန်းရွာကိုအလည်လာတဲ့ ခရီးသွားဧည့်သည်တွေကိုသူရဲ့မိသားစုဝင်တစ်ဦး လိုချစ်ခင် ရတဲ့ ဆင်ကြီးဖိုးခွားနဲ့ဆင်အလှပြတဲ့အလုပ်လုပ်ကိုင်ရင်းအသက်မွေးဝမ်းကျောင်းနေတဲ့ တစ်ကောင်ကြွက် တစ်ယောက်လည်းဖြစ်ပါတယ်။ ယောက်ျားပီသကာချောမောခန့်ညားပြီးဆိုင်းမိုင် ဆိုတဲ့ချစ်သူကောင်မလေး ကိုအလွန်ချစ်သလို လူတိုင်းအပေါ်လည်းကူညီရိုင်းပင်းတတ်တဲ့စိတ်ထားရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ ဂီတပညာရပ်တစ်ခုဖြစ်တဲ့ဂစ်တာတီးတဲ့နေရာမှာတော့ပါရမီရှင်ဖြစ်ကာ၊ သီချင်းရေးသားရာမှာလည်း ဝါသနာပါတဲ့ လူငယ်လေးတစ်ဦးလည်းဖြစ်တဲ့အပြင်သူကိုယ်တိုင်ရေးသားထားတဲ့သီချင်းများ ကိုသူရဲ့ချစ်သူဆိုင်းမိုင် ကိုသီဆိုစေချင်တာ ကလည်းသူရဲ့အိမ်မက်တစ်ခုဖြစ်ပါသေးတယ်။ ချစ်သူဆိုင်းမိုင်အပေါ်ပေးဆပ်ခြင်းသက်သက် နဲ့အသက်မကချစ်ပြီး၊ ဂုဏ်ပကာသန၊ အောင်မြင်မှုထက် စစ်မှန်တဲ့ချစ်ခြင်းတရားကိုတန်ဖိုးထား၊အလေးထား တတ်တဲ့သူတစ်ဦးရဲ့ ဇာတ်ကောင်နဲ့မြင်တွေ့ရဦးမှာဖြစ်တယ်” လို့ သူ့ရဲ့ပရိသတ်တွေကို အသိပေးပြောပြထားတာဖြစ်ပါတယ်။





“မိုးကောင်းကင်အိမ်မက်” ရုပ်သံဇာတ်လမ်းတွဲထဲမှာဆိုရင် ဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ထက်ထက်မိုးဦး၊ နေအောင်၊ ချိုပြုံး၊ အေးမြတ်သူ အစရှိတဲ့သရုပ်ဆောင်ကြီးများစွာကလည်းပါဝင် ကူညီအားဖြည့်ကာသရုပ်ဆောင် သစ်တွေကိုလက်တွဲခေါ်ယူသင်ကြားပေးရင်း ဇာတ်လမ်းတွဲမှာအတူပါဝင်သရုပ်ဆောင်ပေးခဲ့ကြပါတယ်။


Photo Credit- STW

 


comments

There is no comment

Publish reply