Myanmar Platform

စိုင်းစိုင်းခမ်းလှိုင်ကိုအဘက်ဘက်ကနေလေးစားအားကျပါတယ်ဆိုတဲ့ပိုးမမှီသာ

Tin Sandi Nay Win 2018-07-11 509



စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘သိင်္ဂါရ’ သီချင်းနဲ့ပရိသတ်အားပေးချစ်ခင်မှုရရှိ ထားတဲ့ သရုပ်ဆောင်၊ ဆေးကျောင်းသူလေး ပိုးမမှီသာ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုလေးစားအားကျရပြီး သူ့ဆီကနေသင်ယူစရာတွေ အများကြီးပဲရှိတယ်ဆိုတာကိုတော့

1531299914472.jpg

“ကိုစိုင်းစိုင်းခမ်းလှိုင်က အရမ်းအားကျဖို့ကောင်းတဲ့ အနုပညာရှင် တစ်ယောက်ပေါ့။ ညီမအတွက်အဘက်ဘက်မှာ သင်ယူစရာတွေ အများကြီးပါ။ အရမ်းလေးစားပါတယ်။ သူကအမြဲတမ်းအသစ် အသစ်တွေကို ဘယ်လိုလုပ်ရမလဲစဉ်းစားပြီးတော့လုပ်နေတတ် တဲ့သူဆိုတော့သူချပြလိုက်တဲ့အနုပညာတစ်ခုကပရိသတ်ကို ဘယ်တော့မှရိုးမသွားစေဘူး။ ပျင်းမသွားစေဘူး။ ပရိသတ်အတွက် အမြဲတမ်းအကောင်းဆုံးတွေပဲချပြတဲ့အတွက် အားလည်းအားကျ ရပါတယ်။ လေးလည်းလေးစားရပါတယ်”လို့ ဆိုပါတယ်။

1531299932694.jpg

သရုပ်ဆောင်ပိုးမမှီသာ အနေနဲ့လည်းနောက်ပိုင်းမှာ ရုပ်ရှင်ဘက် ထက်ဆရာဝန်အလုပ်ကိုသာ ရွေးချယ်သွားမယ်လို့ပြောပါတယ်။

1531300087757.jpg

“ရုပ်ရှင်ရိုက်ဖို့တော့အစီအစဉ်မရှိပါဘူး။ ကိုယ်တိုင်ကသရုပ်ဆောင်မှု အပိုင်းမှာပညာတွေမပြည့်ဝသေးတာတွေရှိပါတယ်။နောက်ပြီးတော့ ကိုယ်တိုင်ကျောင်းပြီးသွားတဲ့အခါမှာ ဆရာဝန်အလုပ်ကိုပဲရွေးချယ် မှာဖြစ်လို့ ရုပ်ရှင်ဘက်သွားဖို့အစီအစဉ်မရှိပါဘူး”လို့ဆိုပါတယ်။

1531299961333.jpg

ပိုးမမှီသာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကြော်ငြာေ တွ၊ဓာတ်ပုံတွေရိုက်ဖြစ်နေတယ်လို့သိရပါတယ်။


comments

There is no comment

Publish reply