Myanmar Platform

  1. NO DATA
စာဖိုမှူးလက်ကလွတ်အောင် ဓားတရမ်းရမ်းနဲ့ခုခံနေတဲ့ဘရာဇီးစားသောက်ဆိုင်ကဂဏန်း[detail]
မကြာခဏ အပူထုတ်၊ အနင်း၊ အနှိပ်ခံသူများ သတိထား…[detail]
သင်ထင်မှတ်မထားတဲ့ ကင်ဆာဖြစ်ဖို့ရာခိုင်နှုန်းအများဆုံးရှိတဲ့အစားအစာများ[detail]
၂၀၁၈ ခုနှစ် ၆လတာ ဘတ်ဂျက်ကာလတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၈ဒသမ ၃ သန်းကျော် ဆောင်ရွက်နိုင်[detail]
နယ်စပ်ဒေသများမှ တရား မဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲ လာတယ်လို့ ဒုတိယသမ္မတပြော[detail]

ဗီလိန်ဇာတ်ကောင်ကိုအကောင်းဆုံးအပီပြင်ဆုံးသရုပ်ဆောင်နိုင်မှာလားသရုပ်ဆောင် ကျော်ထက်ဇော်

Mi Hsu Mon 2018-07-11 829 Mi Hsu Mon


“အမုန်းမှသည်…” ရုပ်သံဇာတ်လမ်းတွဲနဲ့ပရိသတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ သရုပ်ဆောင် ကျော်ထက်ဇော်က “မိုးကောင်းကင်အိမ်မက်” ရုပ်သံဇာတ်လမ်းတွဲမှာဗီလိန်ဇာတ်ကောင်နေရာ ကနေပါဝင်သရုပ်ဆောင် ထားပါတယ်။



1531295528717.jpg

“အမုန်းမှသည်…”ဇာတ်လမ်းတွဲမှာတော့တကယ်ကိုတည်ငြိမ်ရင့်ကျက်ပြီးလူကြီးဆန်ဆန် ဇာတ်ကောင်မျိုး ကိုပိုင်နိုင်စွာသရုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်ချစ်ခင်အားပေးကြတဲ့ပရိသတ်တွေများစွာရရှိခဲ့တာဖြစ်ပါတယ်။




ဒီ “မိုးကောင်းကင်အိမ်မက်” ရုပ်သံဇာတ်လမ်းတွဲမှာတော့ Golden Music Production မှသူဌေးမကြီး ဒေါ်မဟူရာခင်ရဲ့တစ်ဦးတည်းသောသားကာရံဟိန်းMD ရာထူးကိုရယူထားသူတစ်ယောက်ဖြစ်ပါတယ်။ ယောကျာ်းပီသကာ၊ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားသော်လည်းစိတ်ဓါတ်ယုတ်ညံ့သူ တစ်ယောက်ဖြစ်တဲ့အပြင်မိခင်ရဲ့ချမ်းသာကြွယ်ဝမှုအရှိန်အဝါကိုအသုံးချကာမိန်းမတကာနဲ့ ပွေရှုပ်ချင်တဲ့ဗီလိန်ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဆိုင်းမိုင်နဲ့ပတ်သက်ပြီး ရဲသွေးကိုပြိုင်ဘက်တစ်ယောက်လိုသဘောထားကာဒုက္ခပေးရန်အတွက် အချိန်တိုင်းကြိတ်ကြံနေတဲ့ကာရံဟိန်း တစ်ယောက် အပီပြင်ဆုံးသရုပ်ဆောင်နိုင်မှာ လားဆိုတာကတော့ မကြာခင်မှာသိရတော့မှာဖြစ်ပါတယ်။




“အမုန်းမှသည်…” ဇာတ်ကားမှ စိုင်းနေရောင်နဲ့ “မိုးကောင်းကင်အိမ်မက်” ဇာတ်ကားမှ ကာရံဟိန်းပရိသတ်တွေ ဘယ်သူကိုပိုချစ်ကြမလဲဆိုတာကတော့ ဇူလိုင်လ၁၃ရက်နေ့ မှာစတင်ပြသမယ့် “မိုးကောင်းကင်အိမ်မက်” ရုပ်သံဇာတ်လမ်းတွဲကိုစောင့်ကြည့် ဝေဖန်ကြဖို့ကိုလည်းကျော်ထက်ဇော်ကပြောပြထားတာဖြစ်ပါတယ်။




“မိုးကောင်းကင်အိမ်မက်ရုပ်သံဇာတ်လမ်းတွဲမှာသရုပ်ဆောင်တွေအဖြစ်စည်သူဝင်း၊ ကျော်ထက်ဇော်၊ ဘုန်းဆက်သွင်၊ လပြည့်၊ ဝေယံကျော်၊ မိုက်မိုက်၊ ကျော်သက်ဝေ၊ ပိုးကြာဖြူခင်၊ ဆုစန္ဒီယွန်း၊ နေရည်ဝင်း၊ ထက်ထက်မိုးဦး၊ အေးမြတ်သူ၊ ချိုပြုံး၊ ခင်မို့မို့အေး၊ ဝါဝါအောင်၊ အေးသီတာ၊ နေအောင်၊ အောင်ခိုင်၊ အရိုင်း  တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။


Photo Credit-KHZ

 

 

 


comments

There is no comment

Publish reply