Myanmar Platform

ယူကျုက သတင်းတု တန်ပြန်နှိမ်နင်းရေးအတွက် ဒေါ်လာ ၂၅ သန်း အကုန်အကျခံမည်

Tayza 2018-07-11 664 et

ဇူလိုင် ၁၁


ဆန်ဖရန်စစ္စကို အခြေစိုက် ဗီဒီယိုမျှဝေတဲ့ မီဒီယာပလက်ဖောင်းတစ်ခု ဖြစ်တဲ့ ယူကျုကနေ အရေးပေါ်သတင်းတွေ ပျောက်ကွယ်သွားပြီး ဖုံးလွှမ်းသွားအောင် ပြုလုပ်နေတဲ့ အွန်လိုင်းပေါ်က သတင်းမှား သတင်းတုတွေကို တန်ပြန် နှိမ်နင်းရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ယခုတစ်ပတ်အစောပိုင်းက ကြေညာခဲ့ပါတယ်။

အင်တာနက်ရှာဖွေရေးကုမ္ပဏီကြီး ဂူးဂဲလ်ပိုင် ယူကျူက ဇူလိုင်လ ၉ ရက်နေ့က အဆိုပါရင်းနှီးမြှုပ်နှံမှုဟာ သတင်းတုများကို ဖြေရှင်းဖို့ နည်းပညာကုမ္ပကြီးရဲ့  သတင်းမီဒီယာအပေါ် ကူညီပေးမှု တစ်ခုဖြစ်တဲ့ Google News Initiative (GNI) အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ အီးအက်ဖ်အီးသတင်းက တင်ပြထားပါတယ်။

 ဒါ့အပြင် ယူကျုကုမ္ပဏီက အသုံးပြုသူတွေအနေနဲ့ ကောလာဟလသတင်းတွေကို ရှောင်ရှားဖို့ ကူညီပေးမယ့် ဆောင်ရွက်မှုအသစ်များကို မိတ်ဆက်သွားခဲ့ကြောင်းလည်းသိရပါတယ်။

လာမယ့် သီတင်းပတ်များမှ စတင်ပြီး အမေရိကန်က ယူကျုအသုံးပြုသူတွေအနေနဲ့ အရေးပေါ်သတင်းတွေနဲ့ ပတ်သက်တဲ့ ဗီဒီယိုများ ရှာဖွေတဲ့အခါမှာ မတူညီတဲ့မီဒီယာတွေကနေ သတင်းနဲ့ပတ်သက်တဲ့လင့်ခ်များ အလွယ်တကူ ရှာဖွေနိုင်မယ်လို့ သိရပါတယ်။

အငြင်းပွားဖွယ် ဗီဒီယိုတွေနဲ့ လပေါ်ဆင်းသက်ခြင်းလို လုပ်ကြံဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ၀ီကီပီးဒီယား ဒါမှမဟုတ် စွယ်စုံကျမ်း ဘရစ်တန်းနီးကာမှ လင့်တွေနဲ့ ပတ်သက်ပြီး ယူကျုက ထောက်ပံ့ပေးသွားမှာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ သတင်းအဖွဲ့ အစည်းများအတွက် ပိုပြီးရေရှည် တည်တံတဲ့ ဗီဒီယိုစနစ် တည်ဆောက်ဖို့ သတင်းစာအသိုင်းအ၀ိုင်းက လူတွေ ဆက်လက် အလုပ်လုပ်ကိုင်နေဆဲဖြစ်တယ်”လို့ ယူကျု ကုန်ပစ္စည်း အမှုဆောင်အရာရှိချုပ် နီးလ် မိုဟန်နဲ့ စီးပွားရေးအရာရှိချုပ် ရောဘတ်ကိုင်စ်တို့က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါနှစ်ဦးက လုပ်စရာအလုပ်များစွာ ရှိနေကြောင်း ၀န်ခံပြောကြားခဲ့ပြီး မတူညီတဲ့ ရင်းမြစ်တွေကနေ နေ့စဉ် ကမ္ဘာတ၀ှမ်းဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ယူကျု အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အလေ့အကျင့် ရှိစေဖို့ ကြိုးစားသွားမယ်လို့ အလေးထားပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

_ref:economictimes


comments

There is no comment

Publish reply